ပန်းကလေးတစ်ပွင့်အကြောင်း

85 12 5
                                    

ထယ်ဆန်းသည်ထိုလူသားလေးကို မြတ်နိုးမိတယ် သူလေးရဲ့ဖြစ်တည်မှုလေးကအလွန်လှပပါသည်။
မျက်မှန်အောက်ကထိုမျက်ဝန်းအညိုရောင်လေးကိုမြတ်နိုးတယ်၊ဘယ်ဘက်ပါးပေါ် ရှိမှဲ့လေးကိုလဲမြတ်နိုးတယ်၊ ဆံနွယ်ရှည်လေးတွေလဲမြတ်နိုးတယ်၊လူတိုင်းကိုပြုံးပြတတ်တဲ့အပြုံး
လေးကိုလဲမြတ်နိုးတယ်။

ပြောရမယ်ဆိုအီဟန်ရဲ့အရာရာကိုသူမြတ်နိုးတယ်။ပြောရမယ်ဆို သူလေးနောင်ဘဝကိုကူးသွားခဲ့ရင်တောင်မှ သူ့ရဲ့အုတ်ဂူလေးနားကနေမခွာပဲနေပြီးသူအီဟန်ကိုဘယ်လောက်မြတ်နိုးတဲ့အကြောင်းတွေပဲပြောနေမှာ။သူအီဟန်ကိုဘယ်လောက်မြတ်နိုးလဲဆို သူ့အတွက်နာမည်လေးတစ်ခုပေးထားတယ် ဘာလဲဆိုတော့ပန်းကလေး၊ပန်းဆိုတဲ့အတိုင်း သူနဲ့ဆိုရင်ဂရုတစိုက်နေရတယ် လွယ်လွယ်နဲ့ထိလို့လဲမရ၊နောက်ဆုံးကတော့ပန်းကလေးတွေကိုသူမြတ်နိုးမိတယ် အဲ့တာကြောင့်လဲသူ့ကိုပန်းကလေးလို့နာမည်လေးပေးခဲ့တာပေါ့။

လူတိုင်းကပြောဖူးတယ် အချစ်ကရနိုင်တဲ့၊တွဲနိုင်တဲ့ရာခိုင်းနှိုင်းနည်းရင် ပိုပြီးပိုင်ဆိုင်ချင်မိတယ်တဲ့။

ပိုင်ရှင်ရှိနေပြီးသား ပန်းပွင့်လေးကိုဘာလို့ခူးယူနေအုန်းမှာလဲ ထိုပန်းပွင့်လေးကိုငင်း
ကြည့်ယုံသာလုပ်နိုင်မည် ပန်းပွင့်လေးရဲ့ပိုင်ရှင်လိုဆုပ်ကိုင်ခွင့်လဲမရှိဘူး၊
သူ့ရဲ့အမွှေးရနံ့လေးကိုလဲမွှေးကြည့်လို့လဲမရဘူး ဒီတိုင်း ပိုင်ရှင်ရဲ့ခြံအပြင်ကနေပဲ ပန်းပွင့်လေးကိုငင်းပဲကြည့်နိုင်တယ်။

သူသည်ထိုပန်းပွင့်ကိုဘယ်မှာစသိလာတာလဲဆိုတော့ကျောင်းရဲ့စာကြည့်တိုက်ရဲ့ထောင့်တွေ ဆေးပနမးချီဆွဲနေတာကိုသူစတွေ့သွားတာပေါ့ အဲ့တုန်းကပါးဖောင်းဖောင်းလေးကိုမှ ဆံနွယ်လေးများဟာယခုလိုဖြောင့်မနေပဲ ကောက်ကွေးနေသည်။ထိုချိန်ကတည်းကသူလေးကိုစတင် သတိထားမိနေတာပေါ့။

●●●●

ဒီနေ့ပန်းကလေးကျောင်းကိုမလာဘူး သူမလာတာ၃ရက်လောက်ရှိတော့မယ် သူလဲအီဟန်ဘာဖြစ်လို့ကျောင်းမလာကိုလဲသိချင်တာကြောင့် သူ့အတန်းထဲကအတန်းခေါင်းဆောင်ကိုမေးကြည့်လိုက်တော့ သူ့ရဲ့ပန်းကလေးဆေးရုံတက်နေရတယ်တဲ့ အဲ့စကားကိုကြားပြီးနောက်သူသည် ရုပ်ကြိုးပျက်သွား ဒီလောက်ကျန်းမာတဲ့အီဟန်က
အခုဆေးရုံတက်နေရတယ်?

တစ်ခါတစ်လေ သူပန်းကလေးကိုသနားမိတယ် သူသိတာကတော့ အီဟန်မှာမွေးကတည်းကမိဘတွေကကွဲနေပြီး သူသည်အဖွားနဲ့ကြီးပြင်းလာတာတဲ့ သူပန်းကလေးဘယ်လောက်ပင်ပန်းနေရှာမလဲ ငယ်ငယ်ကတည်းက မိဘမေတ္တာငတ်ခဲ့ပေမဲ့လည် အဖွားမှာလိုလေသေးမရှိအောင်ထားသည်။

အီဟန်ကျောင်းမလာတာတော်တော်ကြာပြီ သူကျောင်းမလာတာ၁လနီးပါးတောင်ရှိတော့မယ် သူလဲသိချင်တဲ့စိတ်ကိုမထိန်းနိုင်တော့ပဲ အီဟန်ရဲ့ရည်းစား မြောင်ဂျယ်ဟျွန်းကိုသွားမေးလိုက်တော့တယ်

"ဂျယ်ဟွန်းhyung အီဟန်ဘာလို့ကျောင်းမလာတာလဲဟင်?"

"သူဆုံးသွားပြီထယ်ဆန်းနား"ထိုစကား၏အဆုံးမှာ သူ့ရင်ဘက်ကိုကန်ထုပ်လိုက်တဲ့အတိုင်းပဲ

"ဟင်အကောင်းကြီးကနေဘယ်လိုဖြစ်တာလဲhyung?"

"ဘယ်လိုတောင်ပြောရမလဲထယ်ဆန်းရယ် သူကအရင်ထဲကနုလုံးရောကာရှိနေတာတဲ့"

"ဘယ်နေ့မှာဆုံးသွားတာလဲ hyung?"

"လွန်ခဲ့တဲ့ အင်္ဂါနေ့မှ heart attack ကြောင့်ဆုံးသွားတာ"

"Hyungအဆင်ပြေလားဟင်"

"မပြေလဲပြေချင်အောင်ဟန်ဆောင်ရတော့မှာပေါ့ ထယ်ဆန်းရယ်"သူ့ကိုပိုင်ဆိုင်ရတဲ့သူတောင်ဒီလောက်ခံစားနေရတယ်ဆို ငါကျတော့ကော ပိုပြီးအစပေါင်းများစွာခံစားရတယ်လေ အမြဲတမ်းလူတကာကိုရင်းနီုးတဲ့ကောင်လေးက အခုရုတ်တရပ် လူ့ဘဝထဲကနေထွက်သွားခဲ့တယ်တဲ့ အဖြစ်အပျက်တွေကမမြန်လွန်းဘူးလား?

ဒီနေ့ဆို သူ့ရဲ့ပန်းကလေးသူ့အနားကနေထွက်သွားတာ ၂နှစ်ရှိပြီ အရင်ကပြောခဲ့တဲ့စကားအတိုင်း သူအီဟန်ရဲ့အုတ်ဂူကိုရောက်နေပြီး စကားလာပြောတယ်။
သူအရင်နှစ်ထဲကလုပ်နေတဲ့အလုပ်လေးတစ်ခုရှိတယ်
အဲ့တာကတော့အီဟန်ဆုံးသွားတဲ့နှစ်ပတ်လည်တိုင်းပန်းပင်လေးတစ်ပင်စိုက်တယ် ပြီးတော့ထိုပန်းလေးတွေကိုခူးပြီး အီဟန်ကိုသွားသွားပေးလေ့ရှိတယ် ဒီနေ့လဲမနှစ်ကစိုက်ထားတဲ့နှင်းဆီပွင့်အဖြူလေး၅ပွင့်အီဟန်ကို လာပေးတာပေါ့ ပြန်သွားရင်လဲ နောက်တစ်ပင်ဝယ်ပြီးစိုက်ရအုန်းမယ်။နောက်ဆိုအိမ်မှာ လိပ်ပြာလေးတွေလာနေတော့မှာသေချာတယ်

မိုးအုံနေတဲ့နေ့လေးတစ်နေ့မှာကောင်လေးတစ်ယောက်ကတော့နောက်ထပ်နှင်းဆီအဝါရောင်ပန်းပင်လေးဝယ်ပြီးစိုက်နေရတယ်သူလဲဘယ်လိုလိုနဲ့ပန်းပွင့်တွေများနေတော့မှာပါ မပိုင်ဆိုင်ရခဲ့ပန်းပွင့်ကလေးလောက်ဘယ်ပန်းမှတန်ဖိုးမရှိခဲ့ပါ။

ပြီးပါပြီ။
900 words🪷🦋

ပန်းကလေးတစ်ပွင့်အကြောင်းWhere stories live. Discover now