ထယ်ဆန်းသည်ထိုလူသားလေးကို မြတ်နိုးမိတယ် သူလေးရဲ့ဖြစ်တည်မှုလေးကအလွန်လှပပါသည်။
မျက်မှန်အောက်ကထိုမျက်ဝန်းအညိုရောင်လေးကိုမြတ်နိုးတယ်၊ဘယ်ဘက်ပါးပေါ် ရှိမှဲ့လေးကိုလဲမြတ်နိုးတယ်၊ ဆံနွယ်ရှည်လေးတွေလဲမြတ်နိုးတယ်၊လူတိုင်းကိုပြုံးပြတတ်တဲ့အပြုံး
လေးကိုလဲမြတ်နိုးတယ်။ပြောရမယ်ဆိုအီဟန်ရဲ့အရာရာကိုသူမြတ်နိုးတယ်။ပြောရမယ်ဆို သူလေးနောင်ဘဝကိုကူးသွားခဲ့ရင်တောင်မှ သူ့ရဲ့အုတ်ဂူလေးနားကနေမခွာပဲနေပြီးသူအီဟန်ကိုဘယ်လောက်မြတ်နိုးတဲ့အကြောင်းတွေပဲပြောနေမှာ။သူအီဟန်ကိုဘယ်လောက်မြတ်နိုးလဲဆို သူ့အတွက်နာမည်လေးတစ်ခုပေးထားတယ် ဘာလဲဆိုတော့ပန်းကလေး၊ပန်းဆိုတဲ့အတိုင်း သူနဲ့ဆိုရင်ဂရုတစိုက်နေရတယ် လွယ်လွယ်နဲ့ထိလို့လဲမရ၊နောက်ဆုံးကတော့ပန်းကလေးတွေကိုသူမြတ်နိုးမိတယ် အဲ့တာကြောင့်လဲသူ့ကိုပန်းကလေးလို့နာမည်လေးပေးခဲ့တာပေါ့။
လူတိုင်းကပြောဖူးတယ် အချစ်ကရနိုင်တဲ့၊တွဲနိုင်တဲ့ရာခိုင်းနှိုင်းနည်းရင် ပိုပြီးပိုင်ဆိုင်ချင်မိတယ်တဲ့။
ပိုင်ရှင်ရှိနေပြီးသား ပန်းပွင့်လေးကိုဘာလို့ခူးယူနေအုန်းမှာလဲ ထိုပန်းပွင့်လေးကိုငင်း
ကြည့်ယုံသာလုပ်နိုင်မည် ပန်းပွင့်လေးရဲ့ပိုင်ရှင်လိုဆုပ်ကိုင်ခွင့်လဲမရှိဘူး၊
သူ့ရဲ့အမွှေးရနံ့လေးကိုလဲမွှေးကြည့်လို့လဲမရဘူး ဒီတိုင်း ပိုင်ရှင်ရဲ့ခြံအပြင်ကနေပဲ ပန်းပွင့်လေးကိုငင်းပဲကြည့်နိုင်တယ်။သူသည်ထိုပန်းပွင့်ကိုဘယ်မှာစသိလာတာလဲဆိုတော့ကျောင်းရဲ့စာကြည့်တိုက်ရဲ့ထောင့်တွေ ဆေးပနမးချီဆွဲနေတာကိုသူစတွေ့သွားတာပေါ့ အဲ့တုန်းကပါးဖောင်းဖောင်းလေးကိုမှ ဆံနွယ်လေးများဟာယခုလိုဖြောင့်မနေပဲ ကောက်ကွေးနေသည်။ထိုချိန်ကတည်းကသူလေးကိုစတင် သတိထားမိနေတာပေါ့။
●●●●
ဒီနေ့ပန်းကလေးကျောင်းကိုမလာဘူး သူမလာတာ၃ရက်လောက်ရှိတော့မယ် သူလဲအီဟန်ဘာဖြစ်လို့ကျောင်းမလာကိုလဲသိချင်တာကြောင့် သူ့အတန်းထဲကအတန်းခေါင်းဆောင်ကိုမေးကြည့်လိုက်တော့ သူ့ရဲ့ပန်းကလေးဆေးရုံတက်နေရတယ်တဲ့ အဲ့စကားကိုကြားပြီးနောက်သူသည် ရုပ်ကြိုးပျက်သွား ဒီလောက်ကျန်းမာတဲ့အီဟန်က
အခုဆေးရုံတက်နေရတယ်?တစ်ခါတစ်လေ သူပန်းကလေးကိုသနားမိတယ် သူသိတာကတော့ အီဟန်မှာမွေးကတည်းကမိဘတွေကကွဲနေပြီး သူသည်အဖွားနဲ့ကြီးပြင်းလာတာတဲ့ သူပန်းကလေးဘယ်လောက်ပင်ပန်းနေရှာမလဲ ငယ်ငယ်ကတည်းက မိဘမေတ္တာငတ်ခဲ့ပေမဲ့လည် အဖွားမှာလိုလေသေးမရှိအောင်ထားသည်။
●
အီဟန်ကျောင်းမလာတာတော်တော်ကြာပြီ သူကျောင်းမလာတာ၁လနီးပါးတောင်ရှိတော့မယ် သူလဲသိချင်တဲ့စိတ်ကိုမထိန်းနိုင်တော့ပဲ အီဟန်ရဲ့ရည်းစား မြောင်ဂျယ်ဟျွန်းကိုသွားမေးလိုက်တော့တယ်
"ဂျယ်ဟွန်းhyung အီဟန်ဘာလို့ကျောင်းမလာတာလဲဟင်?"
"သူဆုံးသွားပြီထယ်ဆန်းနား"ထိုစကား၏အဆုံးမှာ သူ့ရင်ဘက်ကိုကန်ထုပ်လိုက်တဲ့အတိုင်းပဲ
"ဟင်အကောင်းကြီးကနေဘယ်လိုဖြစ်တာလဲhyung?"
"ဘယ်လိုတောင်ပြောရမလဲထယ်ဆန်းရယ် သူကအရင်ထဲကနုလုံးရောကာရှိနေတာတဲ့"
"ဘယ်နေ့မှာဆုံးသွားတာလဲ hyung?"
"လွန်ခဲ့တဲ့ အင်္ဂါနေ့မှ heart attack ကြောင့်ဆုံးသွားတာ"
"Hyungအဆင်ပြေလားဟင်"
"မပြေလဲပြေချင်အောင်ဟန်ဆောင်ရတော့မှာပေါ့ ထယ်ဆန်းရယ်"သူ့ကိုပိုင်ဆိုင်ရတဲ့သူတောင်ဒီလောက်ခံစားနေရတယ်ဆို ငါကျတော့ကော ပိုပြီးအစပေါင်းများစွာခံစားရတယ်လေ အမြဲတမ်းလူတကာကိုရင်းနီုးတဲ့ကောင်လေးက အခုရုတ်တရပ် လူ့ဘဝထဲကနေထွက်သွားခဲ့တယ်တဲ့ အဖြစ်အပျက်တွေကမမြန်လွန်းဘူးလား?
●
ဒီနေ့ဆို သူ့ရဲ့ပန်းကလေးသူ့အနားကနေထွက်သွားတာ ၂နှစ်ရှိပြီ အရင်ကပြောခဲ့တဲ့စကားအတိုင်း သူအီဟန်ရဲ့အုတ်ဂူကိုရောက်နေပြီး စကားလာပြောတယ်။
သူအရင်နှစ်ထဲကလုပ်နေတဲ့အလုပ်လေးတစ်ခုရှိတယ်
အဲ့တာကတော့အီဟန်ဆုံးသွားတဲ့နှစ်ပတ်လည်တိုင်းပန်းပင်လေးတစ်ပင်စိုက်တယ် ပြီးတော့ထိုပန်းလေးတွေကိုခူးပြီး အီဟန်ကိုသွားသွားပေးလေ့ရှိတယ် ဒီနေ့လဲမနှစ်ကစိုက်ထားတဲ့နှင်းဆီပွင့်အဖြူလေး၅ပွင့်အီဟန်ကို လာပေးတာပေါ့ ပြန်သွားရင်လဲ နောက်တစ်ပင်ဝယ်ပြီးစိုက်ရအုန်းမယ်။နောက်ဆိုအိမ်မှာ လိပ်ပြာလေးတွေလာနေတော့မှာသေချာတယ်မိုးအုံနေတဲ့နေ့လေးတစ်နေ့မှာကောင်လေးတစ်ယောက်ကတော့နောက်ထပ်နှင်းဆီအဝါရောင်ပန်းပင်လေးဝယ်ပြီးစိုက်နေရတယ်သူလဲဘယ်လိုလိုနဲ့ပန်းပွင့်တွေများနေတော့မှာပါ မပိုင်ဆိုင်ရခဲ့ပန်းပွင့်ကလေးလောက်ဘယ်ပန်းမှတန်ဖိုးမရှိခဲ့ပါ။
ပြီးပါပြီ။
900 words🪷🦋
![](https://img.wattpad.com/cover/371681141-288-k226716.jpg)
YOU ARE READING
ပန်းကလေးတစ်ပွင့်အကြောင်း
Poetryမပိုင်ဆိုင်ရပဲ အဝေးကနေလှမ်းပဲကြည့်နေရတယ်ပန်းကလေးရယ်🪷