ချီရှင်ဟာ အလိုလိုက်ခံထားရတဲ့ သမရိုးကျ ဒုတိယမျိုးဆက်ဖြစ်ပြီး အပူအပင်ကင်းတဲ့ဘဝကိုပိုင်ဆိုင်ထားသူဖြစ်တယ်။ ဒါဟာ သူ့ရဲ့ဒုက္ခလေး ယဲ့ရှင်ကျိုး ယဲ့မိသားစုရဲ့ တရားမဝင်သားလေး နဲ့မတွေ့ခင်အထိပဲပေါ့။ ယဲ့ရှင်ကျိုးဟာ ရုတ်တရက် အာဏာတွေရရှိလာပြီး မိသားစုစီးပွါးရေးကိုချုပ်ကိုင်ထားနိုင်သူဖြစ်လာတယ်။
ပထမတော့ ချီရှင်ဟာ ယဲ့ရှင်ကျိုးဘေးက လူချောလေး လင်းကျစ်နျန်အပေါ် ခံစားချက်တွေ ပေါက်ဖွားလာခဲ့တယ်။ ဒါပေမယ့် ယဲ့ရှင်းကျိုးရဲ့ အဆက်မပြတ်နှောင့်ယှက်မှုကြောင့် စိတ်ရှုပ်နေခဲ့ရတယ်။
ဒုတိယတစ်ခေါက်မှာတော့ ချီရှင်ဟာ ယဲ့ရှင်ကျိုးရဲ့ လူသိမခံတဲ့လျှို့ဝှက်ချက်ကို အမှတ်မထင်သိသွားခဲ့ပြီး ယဲ့ရှင်ကျိုးက သူ့ရဲ့ဦးလေးအရင်းကို သေနတ်နဲ့ချိန်ထားတာကိုပါ ချီရှင်ဟာ မျက်မြင်တွေ့လိုက်ရတယ်။ အဲ့မှာပဲ သူသိလိုက်ရတာက သူတော့ ပဲလှော်ကြားဆားညပ်ပြီဆိုတာပါပဲ။
တတိယအခါမှာတော့ ယဲ့ရှင်ကျိုးဟာ ချီရှင်လိုချင်လွန်းလှတဲ့ sport car ကိုမီးရှို့နေတာကိုတွေ့လိုက်ရတော့ ချီရှင်ဟာ ဒေါသထွက်ကာ ယဲ့ရှင်ကျိုးနဲ့ ထိပ်တိုက်တွေ့တော့တယ်။ ဒါပေမယ့် သူဟာ ယဲ့ရှင်းကျိုး ချုပ်ထားတာကိုပဲခံလိုက်ရတော့တယ်။
လူတွေအမြင်မှာတော့ ယဲ့ရှင်ကျိုးဟာ ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းဆန်တဲ့ ပုံရိပ်ရှိတဲ့သူဖြစ်တယ်။ ဒါပေမယ့် ချီရှင်ဟာ သူ့ကို လုံးဝကြည့်မရခဲ့ပါဘူး။ ချီရှင့်စိတ်ထဲမှာတော့ ယဲ့ရှင်ကျိုးဟာ လူအရေခြုံထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။
ယဲ့ရှင်ကျိုးရဲ့ အကျင့်တွေကိုဖော်ထုတ်ဖို့ ချီရှင်အကြာကြီးကြိုးစားခဲ့ရပေမယ့် ယဲ့ရှင်ကျိုးထောင်ဖမ်းတဲ့ ထောင်ချောက်မိသွားခဲ့ရပြီး စီစဉ်ထားသမျှတွေ သဲထဲရေသွန်ဖြစ်ကုန်တယ်။
ယဲ့ရှင်ကျိုးဟာ ချီရှင်ကို ဒုတိယမျိုးဆက်သူဌေးသားလေး ဆိုပြီး လျစ်လျှူရှုခဲ့တယ်။ ဒါဟာသူ့ရဲ့ အောက်မှာ မျက်ရည်လည်ရွဲနဲ့ မကျေနပ်ချက်တွေ မလိုလားမှုတွေကိုဖော်ပြနေတဲ့ သူလေးကို မမြင်ရသေးခင်အထိပေါ့။
မာနကြီးသလို အထိမခံတဲ့ စရိုက်မျိုးက သူကြိုက်တဲ့ပုံစံမျိုးပဲ။