သင်၏ သစ္စာမရှိသော

1 0 0
                                    


“သင်၏ သစ္စာမရှိသော”


ထိုနေ့က မိုးများသဲသဲမဲမဲရွာနေခဲ့ပါသည်။
ညို့မှိုင်း နေသော ကောင်းကင်တစ်ပြင်၀ယ် မိုးသားတိမ်လိပ်တို့က အပြည့်၊ ရွာရန်ရာနှုန်းအပြည့်ဖြစ်သည် ။ထိုရွာသွန်းနေသော မိုးတို့နှင့်အတူ နွယ် ၏မျက်ရည်စတို့သည် ပါးပြင်မှ တစ်သွင်သွင်စီးကျနေသည်။လုပ်မှလုပ်ရက်လိုက်လေခြင်း၊
“မိပိုးဖြူရယ် ငါမထင်ထားလိုက်တာဟာ ငါ့မှာတော့နင့်ကို ယုံလိုက်ရတာ”
သင်းနွယ်၏ စိတ်အတွင်းမှ ဖြစ်ပေါ်လာသော နာကျည်းမှု ဒေါသဖြစ်မှု ၀မ်းနည်းမှု ခံပြင်းမှုတို့သည် ရောထွေးနေသည်။

(၁)
မောင့်ကိုစပြီးသတိထားမိတာတော့ မေတ္တာအေးကန်တင်းဆိုင်မှာဖြစ်သည်။မောင်ကခပ်အေးအေး။ဆေးလိပ်မသောက်၊ကွမ်းမစား၊ ကော်ဖီတစ်ခွက်မှာပြီး ဆိုင်ကဖွင့်သော စိုင်းထီးဆိုင်သီချင်းတွေကို ညိမ့်ညိမ့်လေး နားထောင်တက်သူဖြစ်သည်။စိုင်းထီဆိုင် ဘိုဖြူ စိုင်းခမ်းလိတ် ရှမ်းသီချင်းတွေကိုမှ နားထောင်တက်သော မောင်သည် ရေမရောသောရှမ်းစစ်စစ်ဖြစ်သည်။မောင့်နာမည်က စိုင်းနေမော တဲ့။
တကူးတကသိချင်လွန်း၍ မိန်းခလေးတန်မဲ့ လိုက်စုံစမ်းခဲ့ရသည်။
အသားဖြူဖြူ နှုတ်ခမ်းမွှေးရေးရေးစိမ်းစိမ်း လေးထောင့်မကျဘဲဥပုံမကျသော မောင့်မျက်နှာ နက်မှောင်နေတဲ့ ဘေးခွဲဆံပင်စတွေ ထူထဲဟန်မရှိသော နှုတ်ခမ်းတစ်စုံ ၊ ထိုနှုတ်ခမ်းက ယောကျားလေးတန်မဲ့ အနီရောင်သန်းနေသည်။ ထိုအရာတွေကို ကျွန်မ
သင်းသင်းနွယ် မက်မောသည်။ မောင့်နှုတ်ခမ်းပါးကို နမ်းခွင့်ရသည် လိပ်ပြာမလေးဖြစ်ချင်သည်။ မောင့်ပုခုံးကို မှီပြီး တီတီတာတာစကားတွေပြောချင်သည်။ ထို့ကြောင့် မောင်နှင့်နီးစပ်ခွင့်ရရန် ကျွန်မ မိန်းခလေးတန်မဲ့ ကြိုးစားခဲ့ရပါတော့သည်။

“ဟိတ် ဒီမှာ ရှင့်စာအုပ်ကျကျန်ခဲ့တယ်”
ကိုယ့်စာအုပ်ကိုယ်ပစ်ချပြီး သူ့ရှိက အာရုံကို ရယူရန် ကျွန်မကြိုးစားမိသည်။
သူက နောက်ကိုအသာလေး လှည့်ကြည့်သည်။ ပြီးတော့ စာအုပ်ကို ကုန်းကောက်သည်။
သူ့မျက်မှောင်နည်းနည်းကျုံပြီး
‘ဒါ စိုင်းရဲ့စာအုပ်မဟုတ်ပါဘူး ဒီကအမ လူမှားနေပြီထင်တယ်ဗျ’
သူ့ကိုယ်သူစိုင်းတဲ့၊ ချစ်ဖို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း၊ ကိုယ့်ဟန်ကိုယ်ဖို့ပြီး
‘ကျွန်မလည်း မသိဘူးလေ ရှင့်စာအုပ်မှတ်လို့ မေးကြည့်တာပါ’
'မဟုတ်ပါဘူးဗျ’
ခက်တောင့်ခက်ခဲသော တွေ့ဆုံမှုကို ကျွန်မလက်လွှတ်ခံမည် မဟုတ်ပါ။
‘ဒါနဲ့ ရှင်ကဘယ်အတန်းကလဲ’
ကျွန်မသိရက်နှင့် နီးစပ်ခွင့်ရရန်တမင်မေးလိုက်ခြင်းဖြစ်သည်။
‘ဟုတ် စိုင်းက မြန်မာစာ တတိယနှစ်ကပါ’
‘ရှင့်ကိုယ်ရှင် စိုင်း ဆိုတော့ ရှမ်းလူမျိုးထင်တယ်နော် နာမည်ကရော’
‘ဟုတ် စိုင်းနာမည်က စိုင်းနေမောပါ’
ဖြစ်နိင်လျင် ကျွန်မ အချိန်အကြာကြီး ရပ်၍စကားမပြောချင်ပါ
လမ်းသွားလမ်းလာများက ငဲ့ကြည့်ကြည့်နှင့်။ ကျွန်မရှက်သည်။ ထိုထက် မောင်နှင့်စကားအေးအေးလူလူပြောချင်သည်။ ထို့ကြောင့် ကျွန်မ အကြံတစ်ခုထုတ်ရပြန်ပါသည်။
‘ဒါနဲ့ ကိုစိုင်း ကျွန်မ ဗိုက်နည်းနည်းစာနေလို့ ကန်တင်းသွားရအောင်
မေးစရာလည်းနည်းနည်းရှိလို့ လိုက်ခဲ့မယ်မလား’
သူနည်းနည်းတွေဝေသွားသည်။ထို့နောက် မိန်းမတစ်ယောက်၏ ဖိတ်ကြားချက်ကို သူမငြင်းဆန်နိင်ခဲ့ပါ။
‘ဟုတ် လိုက်ခဲ့ပါမယ် အမ’
‘ကျွန်မကို အမလို့ခေါ်စရာမလိုပါဘူး နာမည်ရှိတယ် သင်းသင်းနွယ်လို့ခေါ်တယ် စိုင်း’
‘ဟုတ် မသင်းနွယ်’
ထိုသို့ခေါ်ဆိုသည်ကို ကျွန်မမနှစ်မျို့ပါ ဘာတဲ့ မသင်းနွယ်တဲ့ ချစ်သူဆီကကြားရတဲ့ မိမိနာမည်ကြီးက သူစိမ်းဆန်လွန်းသည်။
‘ကျွန်မကို နွယ်လို့ပဲခေါ်ပါစ်ုင်း'

ထိုနေ့က စကားတွေ အတော်များများပြောဖြစ်ခဲ့ပါသည်။မြန်မာစာမြန်မာစကား မြန်မာစာသမိုင်းကြောင်း အို… အစုံလင်ပါပဲ။ထိုအရာတွေကို ကျွန်မစိတ်မ၀င်စားသော်လည်း မောင့်မျက်နှာ ကိုကြည့်ရင်း စကားပြောနေရသည်ကို ကျွန်မကျေနပ်ပါသည်။ စကားပြောလျင် ဟုတ် ဟုရှေ့ကထည့်ထည့်ပြောတက်သော မောင့်ကို ကျွန်မ မြတ်နိုးပါသည်။

(၂)
ကျွန်တော့ နာမည် စိုင်းနေမောပါ။
လက်ရှိ မြန်မာစာတတိယနှစ်ပေါ့၊တက္ကသိုလ် ပထမနှစ်ထဲက ရည်းစားသနာ မရှိခဲ့တဲ့ ကျွန်တော်ဟာ ဒုတိယနှစ် ထိ တဝဲလည်လည်ပါပဲ၊ ဒါပေမဲ့ စိတ်၀င်စားတဲ့ မိန်းခလေးတော့ ရှိပါတယ်၊ သူ့နာမည်က သင်းသင်းနွယ်တဲ့။ မနွယ်ကို စတွေ့တော့ ကန်တင်းဆိုင်မှာပါ။စတွေ့တွေ့ချင်းတော့ သူသတိထားမိပုံမပေါ်ပါဘူး။ ကျွန်တော်ကတော့ မြင်မြင်ချင်း စိတ်၀င်စားတာမို့ သူ့အကြောင်းအပူတပြင်းလိုက်စုံစမ်းခဲ့တယ်။ မိန်းခလေးတစ်ယောက်ဟာ သူနှစ်သက်တဲ့ အချက်တွေ ရှိနေတဲ့ယောကျားလေးတစ်ယောက်ကို သူကိုယ်တိုင် စတင်စဉ်းစားမယ်ဆိုတာ ကျွန်တော်သိနေခဲ့ပါသည်၊  ဒါ့ကြောင့်လည်း မနွယ် နှစ်သက်မယ့်အရာတွေပဲ သူ့ရှေ့မှာ လုပ်ပြခဲ့သည်။ မနွယ်ဟာ ဘာသားနဲ့ထုထားတဲ့ပန်းပုမို့လို့လဲ၊ ကြာတော့ စိတ်ယိုင်လာရောစိုပါဆို့။ ဟိုနေ့ကပဲ မနွယ်ဟာ ကျွန်တော့်စာအုပ် ပြုတ်ကျသလိုနဲ့ လှမ်းခေါ်တယ်၊ ကျွန်တော်သိတယ် ဒါအထာပေးနေတာလေ၊ ‌မိန်းခလေးဘက်ကစမှတော့ ယောကျား လေးဘက်က ငြိမ်နေလို့ မသင့်တော်တော်ပါ ၊ စစချင်း ရည်းစားစကားပြောရင် မနွယ်တစ်မ်ျုးဖြစ်ကောင်းဖြစ်သွားနိင်သည် ၊ ဒါကြောင့် ကျွန်တော် စိုင်းနေမော ဟာ ဒီအချိန်ကိုစောင့်နေခဲ့တာ မှန်၏ဟု ယူဆလိုက်သည်။ ချစ်ကြောင်းကြိုက်ကြောင်း ဇာတ်လမ်းက ခင်မင်မှုစတင်ပြီး တစ်လအကြာတွင် ဆက်လက်ဖြစ်ပျက်ခဲ့သည်။

(၃)
မောင် နဲ့ အိမ်ထောင်ကျတော့ ကျွန်မတို့ နှစ်ယောက်လုံးဘွဲ့ရပြီး အလုပ်ကိုယ်စီနှင့်ဖြစ်နေခဲ့ပါသည်၊ မိဘနှစ်ဖက်စလုံးက သဘောတူသည်မို့ ဆွေမ်ျုးပြသာနာတော့ မရှိခဲ့၊ အိမ်ထောင်ဦး အစသည် သာယာပျော်ရွှင်မှုကောင်းသော ဇာတ်ပ်ျုးတစ်ပုဒ်လည်းဖြစ်ပါသည်။ မောင့် အလုပ်က သစ်တောဌာန၊ ကျွန်မအလုပ်က လူ၀င်မှုကြီးကြပ်ရေးဌာနတွင် ဖြစ်ပါသည်။ နှစ်ယောက်လုံး မနက်ရုံးသွားရင် အနမ်းကိုယ်စီနှင့် ၊ မောင့်ရင်ဘတ်က ကြယ်သီးတွေ တပ်ပေးရတာ မောင့်နှုတ်ခမ်းပါ‌းလေးက်ု နမ်းရတာ ကျွန်မကျေနပ်သည်။ လွတ်လပ်စွာ နှစ်ဦးတည်း နေချင်ကြသည်မို့ အိမ်ထောင်ကျပြီး တစ်နှစ်အတွင်း ခလေးမယူရန် သဘောတူခဲ့ကြသည်။အိမ်ထောင်ကျပီး သုံးနှစ်အတောအတွင်း မောင့်ဘက်က ထူးခြားသော အရိပ်‌ယောင်များ ပေါ်မလာခဲ့၊ သစ္စာရှိခဲ့သည် မေတ္တာရှိခဲ့သည်ဟု ဆိုရပေမည်၊ ထိုအတွက် မောင့်ကို ကျွန်မကျေးဇူးတင်ပါသည် ၊ ထိုအတူ ကျွန်မကိုယ်တိုင်ကပင် မောင့်မျက်နှာ တစ်ကမ္ဘာမှတ်ပြီး မောင့်ကိုပဲ ချစ်မြတ်နိးခဲ့ပါသည်။
မောင်သည် အရာရာဖြစ်သည် ၊ ကျွန်မပင်ပန်းလာချိန်တိုင်း မောင့်ရင်ခွင်မှာ ခိုနား၍ အဆင်မပြေသည့် အကြောင်းအရာများကို ဖွင့်ဟဖြစ်သည် ၊ မောင်က ငြိမ်သက်စွာ နားထောင်ရင်း ကျွန်မ ဆံနွယ်တွေကို ပွတ်သပ်ပေးစမြဲဖြစ်သည် ၊ ချစ်ကြည်နူးသည့် အချိန်တွင်လည်း မောင့်သဘောအတိုင်းကျွန်မပြု‌မူပေးခဲ့ပါသည် ၊ အမှန်ပင် မောင့်မျက်နှာ တစ်ကမ္ဘာဖြစ်ခဲ့ပါသည် ၊ သို့သော် အိမ်ထောင်သက်လေးနှစ်အကြာတွင်တော့ မောင့်အရိပ်အပါး တို့သည် တစ်မျိုးတစ်ဖုံပြောင်းလဲ လာခဲ့သည်ဟု ကျွန်မယူဆမိခဲ့သည်။

(၄)
မဂ္ဂဇင်းတစ်ခုတွင် ဖတ်လိုက်ရသည်။ အိုင်ဆိုဒိုက်ဇင်းလို့ ခေါ်တဲ့ဟော်မုန်းဟာ ချစ်စခင်စကနေ သုံးနှစ်လောက်ကြာရင်ပျောက်ပျယ်သွားတက်တယ် ၊ အရင်လိုအားသွန်ခွန်စိုက် ချစ်တဲ့စိတ်တွေ လျော့ပါးသွားတယ် တဲ့။
ဟုတ်များဟုတ်နေမလားမသိ ၊ ခုရက်ပိုင်း ကျွန်တော့်မိန်းမနဲ့ပက်သတ်ပြီး အာရုံခံစားမှု အားနည်းနေသလိုလိုရှိသည်။ မချစ်တော့သည် မဟုတ် ကိုယ်တိုင်ချစ်၍ ကိုယ်တိုင်လက်ထပ်တောင်းယူခဲ့သော အမျိုးသမီး၊ ဒါပေမဲ့ စိတ်ထဲမှာတော့ ဝေဝေဝါးဝါး၊

ဒီနေ့ နွယ်ရှိရာ ရုံးကို ခဏသွားရဦးမယ် ၊ ပါဆယ်လာပို့ပါဟူ၍ နွယ့်ဆီက ညွန်ကြားချက်ရှိသည်၊ မိမိရုံးမှာ လက်ရှိအလုပ်ကို လက်စဖြတ်ပြီး နွယ့်ဌာနသို့သွားခဲ့ပါသည်။ ကျနော့် ဌာနရုံးက မြို့စွန်မှာ ‌နွယ်ရုံးကတော့ မြို့လယ်မှာ ဖြစ်သည်။ ကိုယ်ပိုင်ကားရှိသည်မို့တော်သေးသည် ၊ နွယ့်ရုံးနှင့်က နာရီ၀က်လောက်မောင်းရသည်၊ ရုံးကိုရောက်တော့ နွယ့်ကိုဖုန်းဆက်ပြီး အထုပ်လာယူခိုင်းသည် ၊ နွယ်က အထဲ၀င်ခဲ့ပါတဲ့ မိတ်ဆက်ပေးစရာရှိလို့တဲ့ ၊ သို့နှင့် နွယ့်ရုံးထဲ၀င်ခဲ့မိသည် ၊ နွယ့်ကိုတွေ့တော့ လှမ်းခေါ်ပြီး

‘နွယ် ဒီမှာ ပါဆယ်ရပြီ နွယ်မှာထားတဲ့ အထုပ်’
နွယ်ကပြုံးပြရင်း နောက်ကတစ်ယောက်ကို လှမ်းခေါ်သည်
‘ပိုးဖြူ ရေ လာပါဦး ငါ့အမျိုးသားနဲ့ မိတ်ဆက်ပေးမလို့’
အို ။။နာမည်က ပိုးဖြူတဲ့လား ဒါကျွန်တော့ရည်းစားဟောင်းနာမည် ဘုရားဘုရား မဟုတ်ပါစေနဲ့ ။
‘လာ ပိုးဖြူ ဒါငါ့အမျိုးသား စိုင်းနေမောတဲ့'
လောကကြီး တစ်ခုလုံး အိုးထိန်းစက်လို ချာချာလည်သွားသည်၊ ဖြူမှ ဖြူအစစ်ပါလား’
‘ဟုတ်ကဲ့ ကျွန်မ နာမည် နန်းပိုးဖြူပါ’
ဖြူ့ခေါင်းကို မော့ကြည့်တော့ ပါးစပ်အဟောင်းသားနှင့် ။
ဖြူ့ကို လက်ကာပြပြီး အမူအရာမပျက်စေရန် ထိန်းပေးလိုက်ရသည်။
‘ဟုတ် ကျွန်တော့နာမည်စိုင်းနေမောပါ တွေ့ရတာ၀မ်းသာပါတယ်ဗျ’
ဖြူ့ကို လက်ဆွဲနှုတ်ဆက်တော့ ဖြူ့လက်တွေအေးစက်နေသည်။ပြီးတော့ ဖြူ့မျက်၀န်းမှာ မျက်ရည်‌စတွေနှင့်။
‘ဒီ ပိုးဖြူက ကျွန်မ နဲ့ အရင်က သူငယ်ချင်းတွေလေ ရှစ်တန်းလောက်အထိ အတူတက်ခဲ့ကြတာ နောက်တော့ သူက နယ်ကိုပြောင်းသွားတာ’
နွယ်က ပြုံးကာရွှင်ကာဖြင့်မိတ်ဆက်ပေးသည်။
ကျွန်တော် မပြုံးနိင်ပါ ၊
‘မောင့် မျက်နှာက မကောင်းပါလား မောင်နဲ့သူက အသိတွေလားမောင်’
ပျက်နေသော ကျွန်တော့မျက်နှာကိုပြန်ပြင်ရင်း နွယ့်မေးခွန်းကို ချေပဖို့စဉ်းစားနေချိန် ဖြူက စကား၀င်ပြောသည်
‘နေမကောင်းလို့ ဖြစ်ပါလိမ့်မယ် သင်းနွယ်ရဲ့’
နွယ်က ကျနော့်ကို ကြည့်သည်
‘ဟုတ်တယ် နွယ် ဒါနဲ့မောင်အလုပ်မပြီးသေးလို့ ပြန်လိုက်ဦးမယ်’
စကားစဖြတ်ပြီး ကျနော် ဖြူ့မျက်နှာရှေ့က လှည့်ထွက်ခဲ့ပါသည်

(၅)

‘ကို့ ကိုယ် ချစ်ရဲ့လား ဖြူ'
ကျွန်မ‌ေခါင်းကို အသာငြိမ့်ရင်း ဖြေသည်
‘ချစ်တယ် ကိုကို့ချစ်တယ် ကို့အတွက်ဆို ဖြူက အရာအားလုံးစတေးခံရဲတယ်’
‘ကိုကရော’
‘တူတူပါပဲ အချစ်ရယ် ဒီအချစ်လေးတစ်ယောက်ရှိတာ ချစ်လို့ကို မ၀ဘူး'
State‌ကျောင်းကိုးတန်းအရွယ်ထဲက ကိုနှင့်ချစ်သူတွေဖြစ်ခဲ့ကြသည်
သစ်ရွက်ကြွေရင်တောင် စိတ်လှုပ်ရှားတဲ့အရွယ် အချစ်ကို မမြည်းစမ်းသင့်ပဲ မြည်းစမ်းခဲ့သည် မိုးမမြင်လေမမြင်ချစ်ခဲ့ကြသည် ကျောင်းစာတော့ နှစ်ယောက်လုံး မပျက်ခဲ့ကြပါ
ကျွန်မ ပညာရေးနှင့်ပက်သက်၍ နောက်ကျမခံ ၊ တစ်နှစ်တစ်တန်းဆုတွေယူလာခဲ့သည် ။
ဒါက ကျွန်မအရင်နေခဲ့တဲ့ မြို့မှာဖြစ်သည် ၊ ခုတော့ ကို့ရင်ခွင်ထဲမှာ ဖြူက ဆုတွေယူခဲ့သည်။ ဆယ်တန်းအောင်တော့ လည်း အတူတူပင်ဖြစ်သည်။ ကိုက နှစ်ဘာသာ ကျွန်မလည်း နှစ်ဘာသာ ဂုဏ်ထူးကိုယ်စီ ဖြစ်သည်။
‘ကိုယ်တို့က ဖူးစာပါတယ်ထင်တယ်
နှစ်ယောက်လုံး နှစ်ဘာသာဆိုတော့ နှစ်ယောက်ပေါင်းရင် လေးဘာသာ
အဲ့တော့ ခလေး လေးယောက်မွေးမယ်
‘ဘာတွေ ပြောနေတာလဲ ကိုရာ ရှက်စရာကြီး'
‘လာပါဦး ဖြူရဲ့ ‘ ဆိုပြီး ကျွန်မခေါင်းကို ကိုက ဆွဲမော့သည်။
ပြီးတော့ ‌ကို့မျက်လုံးနှင့်ကျွန်မ မျက်လုံးတွေ တစ်တန်းထဲ ။ ကျွန်မ ကို့အကြည်တွေကို မခံစားနိင်ပါ ၊ ကျွန်မ မျက်လုံးမှိတ်လိုက်သည် ၊
နွေးထွေးနူးညံသော အထိအတွေ ၊ ထိုအထိအတွေ့ကို ကျွန်မ နှုတ်ခမ်းပေါ်မှာ ခံစားလိုက်ရသည် ၊ ကျွန်မ ဒူးတွေ မခိုင်တော့ပါ ၊ ကို့ ရင်ဘတ်ပေါ်ကျွန်မ မှိန်းနေလိုက်သည် ၊ ကို က ကျွန်မနှုတ်ခမ်းတွေကို ဆွဲယူပြီး နမ်းသည်၊ အို …ကိုယ်ရယ် ဘယ်လိုများလုပ်နေတာပါလဲ။
ကိုယ်က နမ်းရုံတင်မဟုတ်တော့ တဖြည်းဖြည်းအဆင့်တွေတိုးလာသည်
မောင့်လက်များက ကျွန်မခန္ဓာကိုယ်ပေါ်မှာ
ကို့ဆီမှ အသက်ရှုသံ ခပ်ပြင်းပြင်းကြားနေရသည်…။
နောက်တော့ ကို နှင့်ကျွန်မ အိပ်ယာပေါ်မှာ ကိလေသာ တဏှာစစ်ပွဲကို ဖန်တီးခဲ့ကြပါသည်။
‘မငိုပါနဲ့ ဖြူရယ် ဒါကသမီးရည်းစားတိုင်းဖြစ်ကြတာပဲလေကွာ’
ကျွန်မ စိတ်မလုံခြုံပါ ကို့ကို ကျွန်မယုံကြည်သော်လည်း အနည်းငယ်တော့ကြောက်ပါသည်။
‘ကို ထားခဲ့ရင် ကျွန်မသေရလိမ့်မယ် ကို ပြီးတော့ ကျွန်မအပျိုမဟုတ်တော့ဘူး ဒါကို ကိုနားလည်ပါနော်’
ကိုကကျွန်မကို ပွေ့ဖက်ရင်း ဆံနွယ်တွေကို ပွတ်‌သပ်ပေးနေသည်။

ဘ၀မှာ အသက်တစ်ရာမနေရပေမဲ့ အမှုတစ်ရာ ကြုံရတယ်တဲ့
ကျွန်မ ကိုယ်ကျိုးနည်းခဲ့ပါသည်၊ ကိုဟာ တက္ကသိုလ်တက်ဖို့ဆိုပြီး အဝေးကိုထွက်သွားခဲ့ပါသည်။  တစ်နည်း ဆိုရလျင် ကျွန်မ ကို ထားရစ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည် ၊ ဖတ်ခဲ့ဖူးသော ဆရာမ ဂျူး၏ ၀တ္ထုထဲကလို ဖြစ်ပါသည် ၊ ထိုအထဲတွင်မောင်ဖြစ်သော်လည်း ခုတော့ကိုပါ
‘ကိုက လိုက်ခဲ့ဟုခေါ်တုန်းက ကို့ဘေးမှာ ကျွန်မ အမြဲပါခဲ့သည်
ကိုက ကျန်ရစ်ခဲ့ဟု ဆိုတုန်းကလည်း ကို စိတ်အနှောက်အယှက်ဖြစ်စေမည့် စကားတစ်ခွန်းတစ်လေမှ မဆိုဘဲ ကျန်ရစ်ခဲ့ပါသည် '
အဲ့သည်လောက်ထိ ကိုယ့်ကို ကျွန်မ ချစ်ပါသည်။

(၆)
‘ဖြု မတွေ့ရတာကြာပြီနော်’
အားနာသော မျက်နှာကိုခေါင်းအနည်းငယ် ငုံကာ မေးလိုက်သည်။
‘ဟုတ်တယ်နော်ကိုစိုင်း ကိုစိုင်းလည်း အိမ်ထောင်တွေဘာတွေကျလို့ပါလား’
ဖြူက ပြုံးရယ်ကာမေးခြင်းဖြစ်သည်။ထိုအပြုံးက ရွဲ့ပြုံး။
‘ဟုတ်တယ် ဖြူ သိပ်မကြာသေးပါဘူး လေးနှစ်လောက်ပဲရှိဦးမယ်’
ဖြူက ခပ်လွင်လွင်ရယ်သည်
‘ဒါနဲ့ ခလေးမရသေးဘူးလို့ မသင်းက ပြောတယ် '
‘ဟုတ်တယ် ဖြူ မယူဖြစ်တာပါ’
ခေါင်းကို အသာမော့၍ တိုးငြင်းစွာရယ်လိုက်ပြီးနောက်
‘ဘာလဲ ဘယ်မိန်းခလေးတွေများ ကိုစိုင်းက ဖျက်စီးဖို့ကြံစည်နေသေးတာလဲ’
ဒေါသ…သိူ့သော် ထိုဒေါသထက် ဖြူ့ ခနဲ့သော မေးခွန်းကိုပိုကြောက်သည်
ရှိသမျှသော ယောကျားမာနာကို အားတင်းပြီး ဖြူ့ကိုမေးသည်
‘ဖြူက နောက်ကြောင်းပြန်ချင်နေတာလား…ဖြူ့သဘောထားကဘာလဲ’
ဖြူက ခေါင်းကိုအသာ ခါသည်
‘ဒီမယ် ကိုစိုင်း ကိုစိုင်းနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ငါးနှစ်လောက်ကဖြစ်ခဲ့တဲ့ ကိစ္စဟာ ဒီအတိုင်းပြီးသွားမယ်လို့ ထင်နေတာလား ကိုစိုင်း’
‘အဲ့အတွက် ကိုတောင်းပန်ပါတယ် ဖြူ ကို့အပြစ်ပါ’
ဖြူက ခုံကိုလက်နဲ့ ထောက်ပြီး မီးတောက်နေသော မျက်လုံးများကို ခပ်၀င့်၀င့်ကြည့်သည်။
‘အဲ့ကိစ္စဟာ ဒီအတိုင်းပြီးသွားခဲ့တယ်လို့ ကိုစိုင်းထင်လား
‘ဘာတွေ ဆက်ဖြစ်ခဲ့လို့လဲ ဖြူရယ်'
ရုတ်တရက် ဖြူ့မျက်၀န်းမှာ မျက်ရည်စတွေ စိုစွတ်လာသည်
‘ကိုစိုင်း ထွက်သွားပြီး မကြာပါဘူး ဖြူ့မှာ ကိုယ်၀န်ရလာခဲ့တယ်
ပထမတော့ ဖုံးဖုံးဖိဖိ နေခဲ့တာပဲ ဒါပေမဲ့ကြာလာတော့ အမေသိသွားတယ်
အမေကမေးတယ် ဘယ်သူနဲ့ရတာလဲတဲ့ ဖြူမဖြေရက်ခဲ့ဘူး မသိဘူးလို့ပြန်ဖြေခဲ့တာ ဖြူကြောင့် ကိုစိုင်းပညာရေး နှောင့်နှေးသွားမှာ ဖြူမလိုလားဘူး တစ်နေ့ကိုစိုင်း ပြန်လာမယ် ဆိုတာယုံကြည်ပြီး ဒီခလေးကိုမွေးခဲ့တယ် ဖြူစောင့်နေခဲ့တယ် ဒါပေမဲ့ ဖြူကိုစိုင်းကိုပြန်တွေ့တော့ သင်းနွယ်နဲ့အိမ်ထောင်ရှိပြီဆိုတာ သိလိုက်ရတယ် ဖြူဘာဆက်လုပ်ရမလဲ ကိုစိုင်း’
ကမ္ဘာမြေအိုးထိန်းစက်တစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည် ကြားရသည့်အဖြစ်ကို ကိုယ့်ကိုယ့်မယုံကြည်နိင်
‘အဲ့ဒီ ခလေးရော ဖြူ’
ဖြူက ငိုသည် ငိုတာမှ မျက်ရည်ကိုရွဲလို့
‘အဲ့ခလေးက ဖြူနဲ့အတူရှိပါတယ် သားလေးပါ '
၀မ်းလည်း၀မ်းသာသလို ဖြူ့အတွက်လည်း စိတ်မကောင်းဖြစ်ရသည်
‘သားလေးနာမည်က စိုင်းလျံမော လို့ပေးထားတယ်
ကိုစိုင်းကို သတိတရ နဲ့ နာမည်ပေးခဲ့တာ’
စိုင်းလျံမော တဲ့ ဒါဆို ငါခလေးအဖေဖြစ်ပြီပေါ့
ဘုရားရေ ဒါဆိုသင်းနွယ်ကရော ။

(၇)
ခုရက်ပိုင်းမောင့်ခြေလှမ်းတွေ သိပ်မမှန်ပါ
မောင့်ကိုစောင့်ကြည့်နေခဲ့တာ ကြာပါပြီ
အိမ်အပြန်တွေ နောက်ကျလာသည်
အလုပ်ကိစ္စအကြောင်းပြချက်ပေးသည်
‘မောင် နွယ့်ကို စိတ်များကုန်နေသလားမောင်’
မောင့်ရင်ဘတ်မှာ မှီပြီးမေးလိုက်သည်
‘မဟုတ်ပါဘူးနွယ်ရယ် မောင်အလုပ်ပင်ပန်းနေလို့ပါ
ဒါနဲ့ မောင်‌သဘက်ခါလောက် ရုံးကအလုပ်ကိစ္စနဲ့ မြို့တစ်မြို့သွားရဦးမယ်
အဲ့ဒါ နွယ့်ကို ကြိုပြောထားတာ’
‘‌ဘာလဲမောင် ကျွန်မမေးခွန်းတွေကို ကြိုပိတ်ထားတာလား
မောင်အနားကပ်တာ မောင်မကြိုက်ဘူးလား ခုဒါတွေကဘာသဘောတွေလဲ'
မောင့်ကို ကျွန်မရန်လုပ်ရသည် မတက်နိင်ပါ မေးသင့်တာတော့မေးရမယ်‌မဟုတ်လား
‘ဘာလဲ နွယ် မောင့်ကိုမယုံလို့မေးနေတာလား’
‘ဟုတ်တယ် မောင့်ခြေလှမ်းတွေ ခုရက်ပိုင်းမမှန်ဘူး နွယ်ကြည့်နေတာကြာပီ တော်ကြာ ဟိုအလုပ်ပြ နောက်ကျရတာနဲ့ ဒီအလုပ်ခိုင်းလို့ နောက်ကျရတာနဲ့ ခြေလှမ်းတွေ ပျက်နေတာကြာပြီ'

မောင်ဒေါသထွက်သွားပုံရသည် မတက်နိင်ပါ ကျွန်မမေးသင့်သောမေးခွန်းကိုတော့ မေးရမည်ဖြစ်သည်
‘ဖယ်စမ်းကွာ’
မောင့်ရင်ဘတ်ပေါ်မှ ကျွန်မကို တွန်းချသည်
‘ငါကမင်းအမြင်မှာ ခြေလှမ်းပျက်နေရအောင် ငါကဖောက်ပြန်နေလို့လား
ငါဘာမဟုတ်တာလုပ်ထားတာ မင်းတွေ့လဲ ဖြေစမ်း သင်းသင်းနွယ်’
အိမ်ထောင်သက်သုံးနှစ်ကျော် လေးနှစ်အတွင်း စကားရင့်ရင့်မပြောခဲ့ဖူးသော မောင်သည် ခုတော့ ရင့်သီးသောစကားကို စတင်ပြောဆိုလာခဲ့သည် ဘယ်အရာတွေကများ မောင့်ကိုပြောင်းလဲစေခဲ့တာလဲ ကျွန်မမစဉ်းစားတက်ပါ
‘မောင်မဟုတ်တာ လုပ်နေတယ်ထင်လို့ ကျွန်မပြောတာ ဘာဖြစ်လဲ’
မောင်သည်အံကို ကြိတ်ကာ လက်သီးဆုပ်ထားသည်
‘မင်းငါ့က်ု အရမ်းမစွပ်စွဲနဲ့ ငါသန့်ရှင်းတယ် ဒါကိုမင်းသိထား ဒါပဲ သင်းနွယ် ငါနားတော့မယ် မင်းနဲ့မအိပ်နိင်ဘူး အပြင်မှာငါ့ဘာငါအိပ်မယ်’
တစ်ခါမှ ခွဲမအိပ်ခဲ့ဖူးသော မောင်သည် ခုတော့ ကျွန်မနှင့်ခွဲအိပ်မည်တဲ့လား
ကျွန်မ ငိုချင်လာသည် ၀မ်းနာလာသည် မောင့်စွန့်ပစ်မှုတွေက်ု ကျွန်မသည်းမခံနိင်ပါ သို့နှင့်မောင့် ပြသာနာတွေကို ကျွန်မစုံစမ်းခဲ့ပါသည်

(၈)

သားရေ ဖေဖေလို့ခေါ်ပါဦး’
ဖြူ့အိမ်တွင်ဖြစ်သည် အလုပ်မှခွင့်ယူပြီး ဖြူ့အိမ်မှာ ဆယ်ရက်လောက်နေမည်ဟုစဉ်းစားထားသည် ခလေးကိုလည်းအချိန်ပေးချင်သည် ဖြူ့ကိုလည်း အချိန်ပေးချင်သည်
‘ဖေဖေ ဖေဖေ’
‘ရေး …ဒါမှ ငါ့သားကွ'
ခလေးကို ချီရင်း ဖြူ့ကို လှည့်ကြည့်တော့ ဖြူက ရယ်နေသည်
ထိုအပြုံးကို မမြင်ရသည်မှာ ကြာလှပြီ ဝိုင်းစက်သော မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိ ပြုံးတက်ရယ်တက်သော ဖြူ့အပြုံး
‘ဖေဖေ သားသားအိပ်ချင်ပြီ’
ခလေးက ကိုယ့်အနားမှ ထွက်သွားကာ အခန်းထဲ၀င်သွားသည်။ခုတော့ ခလေးမရှိသည့်အတွက် ဖြူနှင့် ‌အေးအေးဆေးဆေး စကားပြောရမည်
“ဖြူ ပင်ပန်းနေပြီလား’
ဖြူ့လက်ခလေးကို ဆုပ်ကိုင်သည်
‘သွားပါ ခုမှ အပိုတွေ ပစ်တုန်းကပစ်ထားပြီး ခုမှ'
ဖြူက မျက်စောင်းထိုးကာ ပြောသည် သို့သော် ဆုပ်ကိုင်ထားသည့် လလက်ကိုမလွတ်ပါ
ဖြူ့နှုတ်ခမ်းတွေကို နမ်းဖို့ကြိုးစားကြည့်သည်
ဖြူက တွန်းထုတ်သည် မရပါ အတင်းကြိုးစားရမည်
မနမ်းဖြစ်တာ ကြာပြီဖြစ်သော နနှုတ်ခမ်းတစ်စုံ
‘ဖြူကြောက်တယ် ကိုစိုင်းရယ် နောက်ပြီးကိုစိုင်းကအိမ်ထောင်နဲ့
မဖြစ်လောက်ပါဘူး’
ခေါင်းကိုခါ၍  အသာရယ်သည်
‘ကိုယ်ခွင့်ဆယ်ရက်ယူလာတယ် မိန်းမနဲ့ခလေးကိုဂရုစိုက်မယ် အချိန်ပေးချင်တယ် သင်းနွယ်ကိုလည်း အလုပ်ကိစ္စခရီးသွား မယ်ပြောထားခဲ့တာ’
ညိုးငယ်သော မျက်နှာဖြင့် ဖြူကမော့ကြည်သည်
ဖြူ့မျက်နှာကို မညိုးငယ်စေချင်ပါ
‘ဒါပေမဲ့ ကိုရယ် ဒါကခဏပါပဲကွယ် မဖြစ်ပါဘူး’
‘ဘာလဲ ဖြူ ကိုစိုင်း သင်းနွယ်ကို ကွာပြီး မင်းကိုယူမယ်ဆိုရင်ရော ဖြူကျေနပ်လား..’
ဖြူအနည်းငယ်တွေဝေသွားသည်
'ဒါပေမဲ့'
‘ဘာမှ ဒါပေမမဲ့နဲ့ ကိုယ့်မိန်းမကို နမ်းတယ်ကွာ'
တရွှတ်ရွှတ်နှင့် ဖြူ့ပါးပြင်ကို နမ်းရှုံပစ်သည်
‘ခလေး ရှိသေးတယ် ကိုစိုင်း ဘယ်လိုဖြစ်နေတာလဲ’
ဖြူက ရုန်းရင်း တွန်းထုတ်ပြန်သည်
‘သားသားကအလိုက်တသိ ထွက်သွားပြီးအိပ်နေပြီ အလိုက်မသိတာက ဟောဒီက ကိုယ့်မိန်းမ’
‘ဟာ ကိုရယ်’
အနီရောင်သန်းလာသော ပါးပြင်တွင် အနမ်းမိုးများ ဆက်တိုက်ရွာပစ်လိုက်သည် ၊ ပြီးတော့ ဖြူ့နှုတ်ခမ်းတွေ နမ်းသည် ၊ ဖြူ့ရင်ဘတ်က ကြယ်သီးတွေ ဖြုတ်ပစ်လိုက်သည် ၊ ဖြူ သည် လူသားဖြစ်သည်။ ငါးနှစ်ကြာ ငတ်မွတ်နေသော ယောကျားကို အငမ်းမရပြန်နမ်းသည်
ဖြူ့ ငြီးသံ များသည် တိုးလျငြင်သာစွာ ၊ ဖြူ့လုံခြည်က အညိုကွက်လေး ဖြစ်သည် ၊ ထိုအညိုကွက်လုံခြည် ကို ချွတ်ချလိုက်သည်။ ပြီးနောက် ကမ္ဘာဉီး အစ အာဒံနှင့်ဧ၀ ပုံပြင်ရောက်လာခဲ့သည်။

(၉)
စိုးရိမ်စိတ်က ငယ်ထိပ်ကကို ရောက်နေသည်။
မသင်ကာ၍ မောင့်ရုံးအထိသွားပြီး မောင့်အကြောင်းစုံစမ်းခဲ့သည်။
မောင်သည် တာ၀န်ခရီးသွားခြင်းမဟုတ် ခွင့်ယူသွားသည်ဟူ၍ ဖြစ်သည်။
ဒါဆို မောင် ဘယ်များသွားနေတာပါလဲ မောင့်မိဘတွေများ မကျန်းမာလို့များလား ၊ မဖြစ်နိင်ပါ။ ဟိုရက်ကပဲ ဖုန်းဆက်မေးပြီး ဖြစ်သည် ၊။ ကျွန်မ ရုံးရောက်တော့ ပိုးဖြူကို မတွေ့ပါ၊ ဘေးကသူငယ်ချင်းကို မေးတော့ ခွင့်ယူသွားသည်တဲ့။
မိပိုးဖြူရဲ့ နာမည်အရင်းက နန်းပိုးဖြူပါ  ကျွန်မနဲ့ငယ်ငယ်လေးတဲက စခင်လာခဲ့ကြတာ ၊ပြောမနာဆိုမနာ အိမ်နီးနားချင်တွေ သူငယ်ချင်းကျောင်းနေဖက်တွေ ဖြစ်သည်။ မိပိုးဖြူက စိတ်ရင်းကောင်းသည်၊ အနစ်နာခံသည်။ သို့ကြောင့်ပိုမို ခင်မင်ရသည်။
မိပိုးဖြူနဲ့ရုံးမှာပြန်တွေ့တော့ ၀မ်းသာလို့မဆုံး ၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ ရယ်ကြမောကြဖြစ်သည်
သို့သော် တစ်ခုတော့ရှိသည် ၊ မောင်နှင့်မိတ်ဆက်ပေးတော့ မိပိုးဖြူ မျက်နှာပျက်သွားတာ တွေ့ရသည်။ ခက်တော့ခက်ပြီ ၊မောင်နဲ့အရင်ကတည်းက သိခဲ့ကြတာများလား ၊အိမ်မှာ ပြန်ပြီး မောင့်ဒိုင်ယာရီစာအုပ်ကို ဖွင့်ဖတ်ကြည့်တော့ မိပိုးဖြူဖြစ်ဟန်တူသော မိန်းခလေးတစ်ယောက်ပုံတွေ့ကသည် ၊ မိပိုးဖြူက ချောသည် ယဉ်သည် ရှမ်းသွေးပါသည်မို့ နန်းဆန်သောအလှကိုပိုင်သည်။ ဆံပင်ရှည်ရှည် အသားဖြူဖြူ ၊ အမှန်တိုင်း၀န်ခံရလျင် ကျွန်မထက် ပိုးဖြူက ပိုချောပါသည်။ ဆက်စပ်စဉ်းစားကြည့်တော့ မောင်နဲ့မိပိုးဖြူက ရည်းစားတွေ ဖြစ်ခဲ့တာများလား
၊ အာ……ကျွန်မစိတ်တွေ ‌ဂယောင်ချောက်ခြားဖြစ်ကုန်သည်
မောင်ကလည်းခွင့်ယူ မိပိုးဖြူလည်းခွင့်ယူ ဘာတွေလဲ သူတို့နှစ်ယောက်ကဘာတွေလဲ….စိတ်တွေကျဉ်းကျပ်လာလွန်း၍  ဤ အဖြေကို ရှာဖွေရန်ကျွန်မ ကြိုးစားခဲ့ပါတော့သည်။
(၁၀)

ထိုနေ့က ကောင်းကင်တွင် မိုးတိမ်များ မှိုင်းညို့နေသည် ၊
မိပိုးဖြူအိမ်ရောက်တော့ တံခါးစေ့ထားတာ တွေ့ရသည်၊
ရုတ်တရက်မိုးကရွာချလာသည် ၊ ထီးမပါသောကျွန်မ သည် အိမ်ထဲသို့ ပြေး၀င်လာခဲ့သည် ၊ ကျွန်မထင်သလိုမဖြစ်ပါစေနဲ့ ဘုရားဟု အကြိမ်ဆုတောင်းနေမိခဲ့သည် ။ မိပိုးဖြူကိုလှမ်းခေါ်တော့ ပြန်မထူးပါ ၊ မိုးတွေအရမ်းရွာလွန်းသောကြောင့်လား အိပ်နေသောကြောင့်လား မဝေခွဲတက်ပါ။ တံခါးကို ဖွင့်ပြီး ၀င်လာတော့ ခလေးတစ်‌ယောက်ကို ဧည့်ခန်းမှာတွေ့ရသည် ၊ သေချာကြည့်တော့ ထိုခလေးက ‌‌ေမာင့်မျက်နှာနှင့် တစ်ရုပ်တည်း။
ဘုရားဘုရား
‘မေမေ ဘယ်မှာလဲ ခလေး’
ခလေးကရယ်သည် ။ စေ့ထားသောအခန်းတစ်ခုကို လက်ညိုးထိုးပြသည်။
ခလေးကိုပြုံးပြပြီး ကျွန်မ ထိုအခန်းကို ဖြေးညင်းစွာ ချဉ်းကပ်လာခဲ့သည်။
‘ခစ်ခစ်
ကိုစိုင်းရယ် အရမ်းတွေကွာ ခလေးရှိတယ် နေပါဦးဆို’
ဒါမိပိုးဖြူအသံ
‘ဖြူရယ် ခလေကအိပ်ပြီလို့ပြောနေတာကို လုပ်ပါဖြူရဲ့’
ဗုဒ္ဓမြတ်စွာ ကယ်တော်မူပါ ဒါမောင့်အသံပဲ ကျွန်မသိပ်ချစ်ရတဲ့မောင့်အသံ
အသိတရားတွေကို ထိန်းချုပ်မနေနိင်တော့ပါ
‘စိုင်းနေမော '
‘ဝုန်း '
တံခါးကို‌ေဆာင့်တွန်းရင် အခန်းထဲ၀င်လိုက်ရာ
အို….မမြင်သင့်သော မြင်ကွင်း ရှက်ဖွယ်ကောင်းလှပါတကား
အိမ်ထောင်ရှိယောကျားတစ်ယောက်က ကျွန်မအချစ်ဆုံးသူငယ်နဲ့ ချစ်ရည်လူးနေတာတဲ့လား၊ ထို ယောကျားကလည်း အခြားမဟုတ် ကျွန်မ သင်းသင်းနွယ်ရဲ့ တစ်ဦးတည်းသော ယောကျား'
‘ဟာ နွယ် ဘယ်ကရောက်လာတာလဲ
ဒါတွေက တကယ်မဟုတ်ဘူး ကိုရှင်းပြမယ်‌ေနာ်'
မျက်စိသူငယ်နားသူငယ်နှငိ့ဖြစ်‌ေနသူက မိပိုးဖြူ၊
အံသြအလန့်တကြားဖြစ်သွားသူက စိုင်းနေမော၊
ပါးစပ်ကို လက်ဝါးအုပ်ပြီး ငိုနေသူက ကျွန်မသင်းသင်းနွယ်

ကောင်းလိုက်သည့်ဖြစ်ခြင်း
‘ဘာမှ လာမရှင်းပြနဲ့ ရှင်ဖောက်ပြန်နေတာ ကျွန်မမျက်လုံးနဲ့တွေ့နေတာတောင် ဘာရှင်းပြဦးမလို့လဲ
မိပိုးဖြူ ကောင်မ နင်ကိုဟုတ်လှပြီထင်နေတာ နင်ဘာအချိုးချိုးတာလဲ’
ကျွန်မ မျက်လုံးတွေ မီးတောက်မတက်ဒေါသထွက်နေသည်၊
‘နွယ် ဖြူက အဲ့လိုမဟုတ်ဘူး မောင်ရှင်းပြမယ်’
‘နေစမ်း စိုင်းနေမော ဒီကောင်မကို ပါးရိုက်ရမှ ကျေနပ်မယ်’
ပြောပြောဆိုဆို ကျွန်မပြေးပြီး မိပိုးဖြူကိုဆွဲထူကာ ပါးရိုက်မယ်ပြင်တော့
မောင်က ကျွန်မလက်ကို ဆွဲသည် ။ မရဘူး မောင့်ကိုလည်း ကျွန်မဖြတ်ရိုက်လိုက်သည် ။
'ဖြန်း'
‘ဖယ်စမ်း စိုင်းနေမော နင်၀င်မရှုပ်နဲ့
နင်ခြေလှမ်းတွေ မမှန်တာ ဒီကောင်မကြောင့်ပေါ့ ဟုတ်လား စိုင်းနေမော’

မောင်က ကျွန်မကို ပါးရိုက်မယ် ပြင်သည် ။ ပြင်းထန်သောအရှိန်နှင့် အရိုက်ခံလိုက်ရသည်မို့ ကျွန်မ ကုတင်ပေါ်လဲကျသွားသည် ။ မရတော့ မရတော့ပါ ကျွန်မ ဒေါသတွေ အထွဠ်အထိပ်ရောက်ကုန်သည် ၊ ဆလင်းဘတ်အိတ်ထဲမှ အသင့်ပါလာသော ဓားကိုဆွဲထုတ်ပြီး
‘ဒီလောက်တောင်ဖြစ်တဲ့ကောင် နင်ရော နင့်ကောင်မပါ ငါသတ်မယ်’
ပြေ‌ာပြောဆိုဆို စိုင်းနေမောရင်ဘတ်နှလုံးသားကို စိုက်ချလိုက်သည်။

ခွင့်လွတ်ပါ မောင် ကျွန်မ မုန့်ကိုမျှစားနိင်ပေမဲ့ အချစ်ကိုမျှဝေမစားနိင်ပါ
မောင့်ပါးစပ်ကာ ‘အီ’ခနဲ အသံတစ်ချက်ထွက်ကာ ကျွန်မကို တွန်းထုတ်လိုက်သည် ။ ပိုးဖြူက မောင်ရှိရာ ပြေးလာသည်။

‘ကိုစိုင်း ကိုစိုင်း
ဟဲ့ သင်းနွယ် နင်ဘာလုပ်တာလဲ’
ကျွန်မ ဘာမှမသိတော့ ၊ အသိစိတ်တွေ လွတ်ထွက်ကုန်သည် ။ပုံမှန်စိတ်ပြန် ၀င်မလာသေးခင် မိပိုးဖြူ ဗိုက်မှာ ကျွန်မ ဓားချက်တွေ မရေတွက်နိင်။
‘ဒီလောက်တောင်ဖြစ်တဲ့ ကောင်မသေစမ်း နင်ရောနင့်အကောင်ပါ ငါ သတ်မယ်'
မျက်နှာမှာ သွေးတွေ ချင်းချင်းနီနေသည်။ ဓားကို ပစ်ချရင်း ကျွန်မ ထွက်ပြေးလာခဲ့သည်။ အိမ်တံခါး၀မှာ ရယ်ရွှင်နေသော ခလေးတစ်ယောက်
အပြစ်မဲ့သော မောင့်ရဲ့သား ။
‘လာ ငါနဲ့ လိုက်ခဲ့
ဒီနေ့က စပြီး နင့်အမေဟာ ငါပဲ’
ခလေးကိုခေါ်ပြီး ကျွန်မထွက်ပြေးလာခဲ့ပါသည်။
အဝေးရောက်မှ ကျွန်မလူသတ်ခဲ့မိမှန်း နောင်တတွေရလို့မဆုံး။
ကျွန်မ ဆိုသော မိန်းမသည် အချစ် ကြီးသလောက် အညှိုးကြီးတာကို မောင်သိခဲ့ဖို့ကောင်းသည်။ ဒါ ဖောက်ပြန်ခြင်းရဲ့ ရလဒ်ပါမောင်။

(၁၁)
‘‌ေမမေ မြန်မာပြည်ပြန်ရင် သားကိုခေါ်ဦးနော်’
မျက်ခုံးမွေးကောင်းကောင်းနှင့် နှုတ်ခမ်းရဲရဲ နှင့် ကျွန်မချစ်သောစိုင်းနေမောရဲ့သား။
“လာပါဦး အမေ့သားရဲ့ အမေဖက်ထားချင်လို့”
မောင့်ကို သတိရခြင်းနှင့်အတူ ကျွန်မ မျက်၀န်းမှာ မျက်ရည်စတွေနှင့်။


ရေးသူ -နန်းယိမ်း






You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

သင်၏သစ္စာမရှိသောWhere stories live. Discover now