အပိုင်း၁

238 0 0
                                    

အချိန်ကို ကျတော်တို့က ထိန်းချုပ်လို့မရနိုင်ပါဘူး
အကယ်၍များရခဲ့လျှင်ဆိုပြီး ခင်ဗျာ‌တို့တွေးမိဘူးလား
အချိန် က တသတ်မတ်ထဲ မဟုတ်ပါဘူး ကျတော်တို့မှာ ၂၄နာရီ က တစ်ရက်ရက်ဖြစ်ပေမဲ့ အာကသရဲ့ တစ်နေရာ အထူးသဖြင့် Black Hole အနားမှာဆို  ကမ္ဘာမြေရဲ့ တစ်နာရီက  အဲ့နေရာမှာ နာရီပေါင်းများစွာ ဖြစ်နေတာပါ ဥပမာ ခင်ဗျား  အမွှာတစ်ယောက်ရှိမယ် ခင်ဗျားက အာကာသယာဉ်တစ်စီးနှင့် black holes  အနားမာ ၂၄နာရီသွားနေတယ် ခဗျား ကမ္ဘာမြေပေါ်ကို ပြန်လာတယ်ဆိုရင် ခဗျားက  ခဗျား အသက်အရွယ်အတိုင်း  ဖြစ်နေပေမဲ့ ခင်ဗျား အမွှာက တော့  အသက် အတော်ကြီးနေမာပါ ဒါက အနာဂက်ကို ခရီးသွားခြင်းရဲ့ လမ်းစ ဖြစ်ပါတယ် ကျတော်တို့ ဒီနေ့မှာတော့ မဖြစ်နိုင်သေးပါဘူး မနက်ဖြန် လည်း မဖြစ်နိုင်သေးပါဘူး ဒါပေမဲ့ တချိန်ချိန်မှာ ဖြစ်လာနိုင်တယ် မဟုတ် ဘူး ဖြစ်ကို ဖြစ်လာမည့် ကိစ္စဖြစ်ပါတယ်
ကျတော်ရဲ့ တင်ပြချက် ပြီးပါပြီး မရှင်းတာရှိရင်မေးလို့ရပါတယ်"ဟောခန်းတစ်ခုလုံးက တိတ်ဆိတ်လျှက်ရှိသည် ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွင်းသံ တစ်ခုပေါ်လာသည်"ဆရာ Black Holes တွေမှာကြီးမာတဲ့ဆွဲအားရှိတာသိရပါတယ် အချိန်ခရီးသွား ဖို့ဆိုရင် ဆွဲအားပါ လိုတယ်လို့ ဆိုလိုတာလားခင်ဗျာ" ဒေါက်တာလရိပ်ကို က တစ်ချက်ပြုံးက  "ဟုတ်ပါတယ် ဆွဲအား ဖြစ်နိုင်သလို တွန်းအားလည်း ဖြစ်နိုင်ပါတယ်ခင်ဗျာ " တခြားမေးခွန်း မေးလိုတာ ရှိပါသေးသလားဗျ မရှိရင် ကျတော်ဟောပြောချက်ကို ဒီမာပဲ ပိတ်သိမ်းပါပြီးဗျာ " လက်ခုပ်သံများဆူညံ့စွာ ထွတ်ပေါ်လာသည်။
ဒေါက်တာ လရိပ်ကို အသက် (၂၅)၊  သူပုံစံက ယောင်္ကျားလေးတစ်ဦးထက် မိန်းမချော ချောသည့် ယောင်္ကျားလေးတစ်ဦး ဟုဆိုနိုင်သည် မျက်နှာတည်တည်၊ အရပ်က အလွန်ဆုံးရှိလှမှ ၅ပေ၃  ဖြစ်နိုင်သည်။မသိသော သူများက ကျောင်းသားချာတိတ်တစ်ဦးဟုထင်မှားကြသည်။ ထင်မှာ ချင်စရာလည်းဖြစ်သည်။ နှစ်ခမ်းပါးပါး ၊ မျက်နှာတည်တည်၊ အသံချိုချို၊ အသားကဖြူသည်ထက် ဝါသည့်ဘက်ပိုရောက်သည်။ စိတ်ရင်းကောင်းသည် မသိနားမလည်သည်များကို သေချာရှင်း ပြနိုင်သော အရည်အချင်းရှိသည် ဟားဗစ်တက္ကသိုလ်မှ အချိန်သီအိုရီဆိုင်ရာ စာတမ်းဖြင့်ဒေါက်တာဘွဲ့ရလာသူတစ်ဦးဖြစ်သည်။ သူ၏လှိုဝက်ချက်မှာ အချိန်ခရီးသွားတစ်ဦးဖြစ်သည်ကိုတော့ မည်သူမှမသိကြပေ။

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

လွန်လေခဲလေပြီးသောWhere stories live. Discover now