(5)

10K 78 1
                                    

ပြီးခဲ့တဲ့ပိတ်ရက်ကမမစကားကြောင့်မောင်ဒီရက်ပိုင်းမရှုပ်ပဲငြိမ်နေတော့သည်။မောင့်ကိုယ်မောင်လဲသတိထားမိလာတယ်။မောင်မမကိုချစ်နေတယ်ဆိုတာကိုယ့်ကိုကိုယ်သိလာတယ်။အဲ့တာကြောင့်မမကိုဒီနေ့မောင်တို့ကုမ္ပဏီရဲ့ပွဲမှာချစ်ခွင့်ပန်ဖို့မောင်ပြင်ဆင်ထားလေသည်။

Time skip~~~~~

မီးရောင်တဖျက်ဖျက်ဖြင့်နှစ်ပတ်လည်ပွဲတွင်ထိပ်တန်းသူဌေးများသာမကမောင့်ကုမ္ပဏီဝန်ထမ်းများကိုပါပင် free ပေးထားလေသည်။လူများကြားထဲ‌တွင်မောင်မမကိုလိုက်ရှာနေမိသည်။ဟောတွေ့ပါပြီ မမသည်ဂါဝန်အနီကိုယ်ကြပ်ပေါင်ခွဲလေးဖြင့်လူကြားထဲထင်းနေသည်။ဖြူဖွေးသောအသားအရည်နှင့်ပနံသင့်စွာခြေထောက်ဖွေးဖွေးလေး‌တွင်လည်းဒေါက်အနီလေးအားဆင်မြန်းထားပေသည်။ဒီလိုမိန်းမမျိုးကိုမှဒူးထောက်မခစားရင်မည်သူ့ကိုခစားရမည်နည်း။မောင်ဘယ်လောက်ငေးနေလဲမသိမမအနားရောက်လာသည်ကိုပင်မသိလိုက်။

" မောင့် ဘာတွေငေးနေတာလဲ မမခေါ်နေတာလဲမကြားဘူး"

" မမ မမအရမ်းလှတာပဲဗျာ "

" မောင်ကလည်းကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြန်ပြီ"

" ဟာဗျာ တကယ်ပြောတာ မောင့်မမအရမ်းလှတာပဲဗျာ "

" အို မောင်ကလဲ မမရှက်လာပြီ လူဆိုး "

မမနဲ့စကားပြောနေရင်းမိန့်ခွန်းပြောဖို့လာခေါ်သောကြောင့်မမကိုခနဟုဆိုကာ‌ေမာင်စင်ပေါ်သို့တက်လာခဲ့လေသည်။ အဟမ်းးး ကြွရောက်လာကြတဲ့လူကြီးမင်းများခင်ဗျာ အခုလိုတက်ရောက်လာကြပေးလို့ကျေးဇူးအများကြီးတင်ရှိပါတယ်။ဒီထက်တိုး‌တက်အောင်လုပ်ဆောင်သွားဦးမှာမလို့ကျမနောက်ကိုယုံယုံကြည်ကြည်ဆက်လိုက်‌ေပးကြပါမေတ္တာရပ်ခံပါတယ် ။

" ဖြောင်းးးးဖြောင်းးးးဖြောင်းးးး"

လက်ခုပ်သီးသံတွေရပ်သွားတော့တစ်ဆက်ထဲမှာလဲဒီညလေးမှာကြေညာစရာလေးတစ်ခုရှိပါတယ်။ဟုတ်ပါတယ်ဒီပွဲထဲမှာကျမရဲ့အိမ်သူသက်ထားလေးကိုကြေညာပါရစေ။မောင်အချက်ပြလိုက်တော့မမဆီသို့မီးရောင်လေးထိုးကျသွားခဲ့သည်။အားလုံးထံမှ ဝိုးးးးဆိုသောအသံများထွက်ပေါ်လာခဲ့သည်။မမသည်လည်းမထင်မှတ်ထား၍အံ့ဩနေကာမျက်လုံးကလေးပေကလယ်ပေကလယ်ဖြင့်ဖြစ်နေတော့သည်။မောင်ပန်းစည်းရယ် လက်စွပ်ဘူးရယ်ကိုင်ကာမမဆီလို့တစ်လှမ်းချင်းလျှောက်သွားခဲ့သည်။မမအရှေ့ရောက်တော့ဒူးတစ်ဖက်ထောက်ကာ

ချစ်ခြင်းများစွာဖြင့်🔞Where stories live. Discover now