အမှောင်လောက၏ သမီးငယ် (ဇာတ်လမ်းရှည်)

363 0 0
                                    

အမှောင်လောက၏ သမီးငယ် (ဇာတ်လမ်းရှည်)

မှန်ကို သေချာကြည့်လိုက်သည်……လှနေဆဲ……မိန်းခလေးသုံး လိုင်နာဆွဲသော…သေတ္တာ ပြားပြားလေးရှိ မှန်က မျက်နှာတခုလုံး မမြင်နိုင်သော်လဲ……..မိမိကိုယ် မိမိ လှနေသေးကြောင်း…..ထင်လိုက်သည်…..ဘဝတွင် နာကျဉ်မှု…ဝမ်းနည်းမှု သိက္ခာတရားတို့ ထပ်မံမရှုံးဆုံး နိုင်တော့ပြီ…….ထပ်မံလဲ ရှုံးဆုံးစရာ အလျှင်းမရှိတော့ပြီ….တကောင်ကြွက် တမျက်နှာဟူသည်….အမည်နာမ သာ ဆိုးသည်….သူမ အတွက်တော့ အကောင်းဆုံးပင် ဖြစ်နိုင်သည်……မိမိဘဝ ခုမှ သုညဘဝ ဖြစ်နေသည်…..အရာရာက သူမအပေါ်မတရား…..ဘာမှမရှိလေ ကောင်းလေ……သို့သော်….သူမ မြတ်နိုးတာက အခုသူမ ကိုင်ထားသော လိုင်နာဗူးပြားပြားလေး နှင့် ထိုပစ္စည်းလေးပေးခဲ့သူ……သူမ အတွက် မိဘ ….မောင်…ညီမ….ဘာမှမလို….ဘာမှလဲမရှိတော့…..ဘာတွေဖြစ်မှန်းလဲမသိ တော့…….သူမ ဘာလုပ်ခဲ့သနည်း….. မှန်ကိုကြည့်ပြီးသူမ ပြုံးလိုက်သည်……ပြုံးနေသော မျက်နှာအောက်တွင် ဝမ်းနည်းသောအမူအရာ…..နောက် နာကြည်းသောအမူအရာ…….

ဒုန်း…….ကျွီ……..ဟူသော အသံနှင့် အတူ….ရဲ ဝတ်စုံဝတ် …ရဲမေ ၂ ယောက်…ရောက်လာသည်…. “အပြစ်သူ….မယုယု……တရားရုံးသွားမယ်….လာခဲ့…..” သူမကတော့ မကြား…သူအတွေးနှင့်သူ…….ရဲမေ ၂ယောက်က စိတ်မရှည်နိုင်တော့……..ချိုင်း ၂ ဘက်ကို တယောက် တဘက်စီကိုင်လိုက်ပြီး ဆွဲထူလိုက်သည်…… “ခွမ်း……..”….ဟူသော အသံနှင့်အတူ လိုင်နာဗူးပြားပြားလေး  လွင့်ကျသွားပြီး….လက်၂ လုံးသာသာ သာရှိသော…မှန်လေး..ကွဲသွားသည်……   “မလိုက်ဘူး…လွတ်…လွတ်….ကိုလေး ရယ်….ကယ်ပါဦး…..”ရဲမေ ၂ ဦး ဖမ်းထားသည့်ကြားမှ……လိုင်နာဗူးလေး လှမ်းယူလိုက်သည်……မမှိတမှိ ဆွဲမိဆွဲရာ….ဆွဲလိုက် တော့…မှန်ကွဲစလေး……သူမက အလျှော့မပေး…မှန်ကွဲစလေး ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်သည်..“လွတ်လိုက်…..လွတ် လိုက် မှန်ကွဲစ..ကို….သွေးတွေ…သွေးတွေ….”ရဲမေ ၂ ဦးမှ အထိပ်တလန့် ဖြစ်သွားသည်…. သူမ၏သွေးစက်တို့ က တဆက်ဆက်  ကျနေလေတော့သည်……

ကျွန်ုပ်နှင့် ကျွနု်ပ်တွဲဘက် နပ်(စ်)ကော်ဖီ ပလိန်းကို စိတ်ရှည်လက်ရှည်မွှေရင်း…….ကျွနု်ပ်…ခွက်ကိုကောက်ကိုင်လိုက်သည်… အတော်ပင် ပူလောင်သောရေနွေးကြောင့်ထင်သည်….ကြွေခွက်လေးမှာ မီးခဲအမျှ ပူနေသည်…..ဖဲရိုက်သည်ဟု သတင်းရပြီး  ဖမ်းထားသော…လူသုံးယောက်ကို…ကျွနု်ပ် ပါဝါရှိသည်နှင့်အညီ….ဆိုင်ကယ်စီးသကဲ့သို့ ဒူးများကွေးခိုင်းထားသည်။ ထိုနောက်  ၎င်းဆိုင်ကယ်စီးခိုင်းထားသော….လူ ၃ ယောက်၏ရှေ့တွင် ကျွန်ုပ်..ခုံဆွဲထိုင်ကာ…၎င်းတို့ထဲမှ ၁ ယောက်ကို ကော်ဖီခွက်ပူပူ ကို  ကိုင်ခိုင်းလိုက်သည်…..

ဖာသည်မတွေဖတ်ဖို့Where stories live. Discover now