Part(1)Uni+Zaw

9.2K 211 7
                                    

"ချယ်ချယ်ကို ချစ်တယ်."

"ဟာဟား... ကောင်မလေးတစ်ယောက် ရှက်သွားပြီ ဟား...ဟား"

"ငယ်ငယ် မြိုင့်ကို မစနဲ့နော်..."

"ဟား...ဟား..."

"ဟင့်"

"နင့်ကြောင့် ငါ့သမီးလေးသေရတာ စိန်ချယ်မြိုင် နင်ထွက်သွား နင်လူသတ်သမား"

"မဟုတ်ဘူး မြိုင် မသတ်ဘူး ... မြိုင် ...မသတ်ဘူး"

"အား"

မြိုင်တစ်ယောက် အိပ်ယာမှ လန့်နိုးလာသည်။ မြိုင်တစ်ကိုယ်လုံး ချွေးစေးများဖြင့် စိုနေသည်။ မြိုင် အနားတွင်ရှိနေသော နာရီအား ကြည့်လိုက်ချိန်တွင် မနက်3နာရီသာရှိသေးသည်ကိုသာ တွေ့ရသည်။

မြိုင်ဆက်၍လဲ အိပ်မပျော်နိုင်တော့သည်ဖြစ်၍ မျက်နှာသစ်ကာ ဘုရားရှိခိုးရန်အတွက် ဘုရားခန်းသို့ ထွက်လာခဲ့လိုက်သည်။

ဒီနေ့ဟာ မြိုင်သိပ်ကို ချစ်ခဲ့ရသည့် မြိုင်အချစ်ဆုံးသော ပန်းနုငယ် သေဆုံးခဲ့သည်မှာ 8နှစ်ပြည့်သောနေ့ဖြစ်သည်။ မြိုင်ချစ်ရသည့်ငယ်သာ လှပပေမယ့် ရဲရင့် ပြတ်သားကာ အရာရာကို ဦးဆောင်နိုင်သည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်လေသည်။ သူ၏ ရဲရင့်မှုများက မြိုင့်အတွက်မရှိခဲ့ပေမယ့်ပေါ့။

ငယ်သည် စိန်ချယ်မြိုင်ဆိုသည့် မြိုင်နာမည်ကို ချယ် ဟူ၍ တစ်လုံးသာ ခေါ်ဆိုသူဖြစ်သည်။ ငယ်ဟာ အရာရာတွင် သိပ်ကိုတော်သည်။ ထက်မြတ်သည်။ ငယ့်မိဘများက မြိုင်နှင့်ငယ့်ကို သဘောမတူကြ၍ နှစ်ယောက်အတူ ထွက်ပြေးကြရာ ငယ်က လမ်းတွင် အက်စီးဒန့်ဖြစ်ကာ ဆုံးပါးသွားခဲ့သည်။

ငယ်မိဘများက မြိုင်ကို အပြစ်တင်ခဲ့ကြသည်။ အမှန်အတိုင်းဆိုရလျှင် ထိုစကားများဟာ မမှားပါ။ ငယ်က မြိုင်နှင့် တွေ့လိုက်ရ၍ ယခုကဲ့သို့ အသက်ငယ်ရွယ်ချိန်မှာ ဆုံးပါးခဲ့ရသည် မဟုတ်လား။

အကယ်၍ မြိုင်နှင့်သာ မတွေ့ခဲ့ကြဘူးဆိုလျှင် ငယ်ဟာ လောကအလယ်မှာ သိပ်ကို လှပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတစ်ပွင့်ဖြစ်နေမှာ အမှန်ပင်ဖြစ်သည်။

မြိုင်၏ နှလုံးသားမှာ ငယ်ဆုံးပါးသွားသည့် အချိန်မှာစ၍ ဒဏ်ရာရသွားခဲ့ကာ ယခု မြိုင်ဟာ အသက်(၃၀)နားကပ်နေပြီဖြစ်သော အပျိုကြီးစာရင်းဝင်နေသူ တစ်ဦးဟု ‌ဆိုရမည်ဖြစ်သည်။

လေပြေညှင်းတဲ့ ချစ်ခြင်း(Complete)Where stories live. Discover now