Part(2)Uni+Zaw

3.9K 158 5
                                    

"ယုယယနိုင်က အရိုးဆေးရုံမှာ အလုပ်သင်လာဆင်းတယ်တဲ့"

"အေးဟယ် သူ့သူငယ်ချင်း နှင်းနွယ်နွယ်မေကောဆို "

"ဟုတ်တာပေါ့ အလုပ်တက်ရတာ ပျော်စရာကောင်းတော့မှာဘဲ ဒေါက်တာချယ်နဲ့ ဒေါက်တာသော်တာအလှကိုတောင် ကြည့်လို့မဝတာ အခု ဆေးကျောင်းရဲ့ နာမည်ကြီး နှစ်ယောက်က ဒီဆေးရုံမှာဆိုတော့ ဒီ‌ကို လျှောက်လိုက်တာ အရမ်းပျော်စရာကောင်းတယ်"

"ဒါနဲ့ ငါမေးအုံးမယ် ယုယယနိုင်က ကောင်မလေးတွေကိုဘဲ ကြိုက်တယ်ဆိုပြီး ပြောထားတယ်ဆို ဟုတ်လား"

"အမယ်လေး ဟုတ်တာပေါ့ ဆေးကျောင်းမှာ သူ့ကို ကြိုက်တဲ့ကောင်‌လေးတွေအကုန် အဲ့အကြောင်းကြားတော့ ကျောင်းတောင် မတတ်နိုင်ဘူးဖြစ်သွားကြသေးတယ်လေ"

"ဟေ့ ဒါနဲ့ သူက သူ့သူငယ်ချင်းနဲ့ကော ရိုးရဲ့လား"

"အဲ့ဒါတော့ ဘယ်သိမှာလဲ ဒါပေမဲ့ သူဘယ်သွားသွား နှင်းနွယ်နွယ်မေပါတယ်ဆိုဘဲ ပြီးတော့ fbမှာဆို သူတို့နှစ်ယောက်ကို shipထားတဲ့ Pageတောင် ရှိတယ်လေ"

"အမယ်လေး ဟုတ်ပအဲ့ထဲမှာ ငါက Topfanလေ ၊ နှစ်ယောက်က အရမ်းရိုကြတာသိလား "

"ဟုတ်ပနော် တစ်ချို့ပြောကြတာတော့ သူတို့နှစ်ယောက်က စေ့စပ်ထားပြီဆိုလား"

"အယ် ဟုတ်လား အခုမှ မြောင်းဖောက်မလို့ပါဆို ပိတ်ပြီးသားဖြစ်နေပြီလား"

"ကောင်မ နင့်မှာလဲ ကောင်လေးရှိတယ်မလား အဲ့ဒါကို ဘာဖြစ်နေတာလဲ"

"ကောင်လေးရှိတာနဲ့ ကောင်မလေးကို မငမ်းရဘူးတဲ့လား ‌သူက ချောလွန်းတာကိုလို့"

"ဘယ်သူက ချောတာလဲ ဆရာမတို့"

"ဘယ်သူရှိရမှာလဲ အသစ်ရောက်တဲ့အလုပ်သင်လေး ယုယယနိုင်ပေါ့.... အယ်...ဒေါက်တာချယ်"

"အင်း ဆက်ပြောကြလေ ဆရာမတို့  "

"ဟီး ‌မပြောတော့ပါဘူး ဒေါက်တာချယ်"

မြိုင့်ကို ပြောပြီးသည်နှင့် သူနာပြုများ လူစုခွဲသွားကြသည်။ မြိုင် ခေါင်းခါလိုက်ကာ 

"မနွယ် မြိုင်ကို မနက်ဖြန် ခွဲခန်းဝင်ရမယ့် လူနာစာရင်းလေး လာပို့ပေးပါအုံးနော်"

လေပြေညှင်းတဲ့ ချစ်ခြင်း(Complete)Where stories live. Discover now