- all these years and everything has changed-🎧 > No Sad Song For My Broken Heart - K Will
စျာပနပွဲ ခန်းမရဲ့ အပြင်ဘက်မှန်သို့ ရိုက်ပုတ်လျက်သားရှိသည့် သစ်ခေါက်စိုတွေကို ကြည့်ရင်း လက်ဖဝါးတွေသည်တော့ ပူကျစ်ကျစ်။
ဂါဝရပြုရာ အခန်းသို့ ပြန်ရောက်သည့်အခါ မိထွေးဖြစ်သူသည် မနက်ကတည်းက မနားမနေ ကွယ်လွန်သူ၏ မိသားစုဝင်အနေဖြင့် လာရောက် ဂါရဝပြုသမျှ ဧည့်သည့်အဖုံဖုံကို တ်ဆက်နေရတာ။
" အန်တီဟုန်း ပြန်နားသင့်ပြီလို့ ထင်တယ်။ အဖေ့အတွက်က ကျွန်တော် ဆက်နေလိုက်ပါမယ်။ စျာပနပွဲအချိန်လည်း နောက် သုံးလေးနာရီပြီးရင် ပြီးပြီလေ"
လေသံအေးအေးနှင့် အဆိုစကားပြုသည်ကို ခေါင်းငြိမ့်ပြရှာတယ်။ အမေလို့ မခေါ်နိုင်ပေမဲ့ Wonwoo အပေါ်ကို သူစိမ်းလိုတော့ မဆက်ဆံခဲ့ပါဘူး။ ဆက်ဆံရေး သင့်မြတ်သည် မသင့်မြတ်သည်ထက် မေးထူးခေါ်ပြောအပြင် မပိုသော မိထွေးနှင့် ခင်ပွန်းပါသား ပတ်သက်မှူပဲ။အန်တီဟုန်းက အဖေ့ကို တကယ် ချစ်ရှာပါတယ်။
ဒီနှစ်တွေထဲမှာ အဖြစ်အပျက်တွေအများကြီးဆိုသလို အသက်သုံးဆယ် အစောပိုင်းဖြင့်နီးစပ်လာသော Wonwoo မှာ အခု မိဘနှစ်ပါးလုံး မရှိတော့ဘူးဆိုတော့ ရင်ထဲမှာ ဗလာနတ္ထိ။
အခု အဖေ့စျာပနပွဲကို မိထွေးဖြစ်သူနဲ့ အတူဦးစီးရင်း ဝမ်းနည်းတာလို့ ပြောဖို့ရာကျတော့လည်း လောင်းရိပ်လွတ်သွားရုံ ခံစားချက်သာဝင်နေခဲ့တယ်။
ဒီနှစ်တွေထဲ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ခဲ့တဲ့ ကိစ္စတွေကို အခုတော့ လက်လွှတ်လည်း ဖြစ်ပါပြီဆိုတဲ့ အသိအပြင် မတွေးဖြစ်တော့သည်ကား တစ်ကိုယ်ကောင်းဆန်သလို။
အမေကတော့ Wonwoo လက်ထပ်ပြီး လပိုင်းမှာပဲ ရောဂါကျွမ်းနေသည့်အဆင့်ကနေ ဆုံးပါးသွားသလို အဖေ့မှာလည်း Wonwoo လက်ထပ်ပြီး လေးနှစ်နီးပါးအချိန်မှာ ကျန်းမာရေး စတင်ဆုတ်ယုတ်လာသလို နှလုံးကျန်းမာရေးဟာ တော်တော်ထိခိုက်လာရဲ့။
" အဖေ့ရဲ့ အလုပ်တွေကို အန်တီဆက်ပြီး ဦးစီးလိုက်ပါ။ ကျွန်တော် အစောကြီးကတည်းက အမေ့ဘက်က လုပ်ငန်းတွေကို တာဝန်ယူထားရင်း အဖေ့အတွက် ဘေးကနေ ကူညီပေးရုံသဘောပဲရှိတယ်။ အခုတော့ ကိုယ့်လက်ထဲရှိတာကို ပိုပြီး ဖိဖိစီးစီးဂရုစိုက်ချင်လို့ရော..။ အန်တီ့လက်ထဲမှာလည်း အဖေနဲ့ပတ်သက်သမျှကို အကုန်စိတ်ချလို့ပါ။"
YOU ARE READING
dear,the keeper of memories [meanie]✔️
Fanfictionlet's just forget everything and don't restart again. or let's just reset everything and love again. sequel for " Dear, The Victim Of Love "