တောက် တောက် တောက် တောက်မလှမ်းမကမ်းကကြားနေရတဲ့ တတောက်တောက်မြည်သံသည် လှေကားလက်ရန်းကိုဓားနဲ့ထုရိုက်နေသံ ဖြစ်သည်။ စက္ကူပုံးတွေ အများကြီးစီထားတဲ့နောက်မှာ မိမိပါးစပ်ကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ထားကာ တုန်တုန်ရီရီနဲ့ပုန်းနေတဲ့ ကောင်လေးတစ်ယောက်။
တဖြေးဖြေး နီးကပ်လာတဲ့ခြေလှမ်းသံကြောင့် ကောင်လေးမှာ
သူ့ကိုရှာမတွေ့သွားဖို့ကိုသာ ဆုတောင်းရင်း…..ဘုရားသခင်ကသူ့ဆုတောင်းတွေကိုကြားနိုင်ပါ့မလား.။
သူ့အမြင်ကိုဝေဝါးစေတဲ့ မျက်ရည်ဥတို့ကို ပါးပြင်ပေါ်
ကျစေကာ ကြောက်လွန်းလွန့်တဆတ်ဆတ်တုန်နေမိသည်။ကြားနေရတဲ့ ခြေလှမ်းသံကရုတ်တရက် တိတ်ဆိတ်သွားသည်။ ထိုလူထွက်သွားပြီလား။သူတစ်ချက်သက်ပြင်းချလိုက်တယ်။ ဒူးထောင်ထိုင်လျှက်အနေအထားကနေ
သူကျုံ့ထားတဲ့ ခန္ဓာကိုယ်လေးကို ဖြည်ကာ စက္ကူပုံးတွေကိုအနည်းငယ်ဟကာ အပြင်ဘက်ကိုချောင်းကြည့်ရန်ပြင်လိုက်သည်။ဖောက်
သူ၏မျက်လုံးတစ်ဖက်ရှေ့တည့်တည့်မှ အရှိန်ဖြင့်စက္ကူပုံးတွေကိုဖောက်ထွင်းစိုက်လာတဲ့ ဓားတစ်ချောင်း။
“ရှာတွေ့ပြီ
ထိုလူသတ်သမားသည်
သူ့ကိုစိုက်ကြည့်ရင်း ညစ်ကျယ်ကျယ်ပြုံးနေသည်။
ဘေးဘက်ကစက္ကူပုံးတွေကို တွန်းဖယ်ကာအမြန်ထပြေးတဲ့ သူ့အနောက်ကို ထက်ကြပ်မကွာလိုက်လာတဲ့ ထိုသူ.....နောက်ကိုလှည့်လှည့်ကြည့်ရင်း ဒီအိမ်အကျယ်ကြီးထဲကနေ
အပြင်ဘက်ဆီကို ထွက်ပြေးနိုင်မယ့် ထွက်ပေါက်ကိုရှာနေမိသည်။စိတ်အစုံကို ကြောက်စိတ်ကဖုံးလွှမ်းနေတာကြောင့် မိမိမျက်စိရှေ့က မြင်ကွင်းကတောင် ဝေဝါးလာလျှက်ရှိသည်။ပြေးနေတဲ့အရှိန်နဲ့ ကြမ်းပြင်ပေါ်ကအရာတစ်ခုခုကိုတက်နင်း
မိကာ မှောက်ရက်လှဲကျသွားတော့သည်။ အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန် ကြမ်းပြင်ပေါ်ကသူ့ကိုကြည့်နေတဲ့
ထိုမျက်လုံးတို့ကို သိပ်မုန်းတီးမိသလို ကြောက်လဲကြောက်မိသည်။လက်ထဲကဓားကိုလှည့်ကိုင်ကစားရင်း တစ်လှမ်းချင်း လှမ်းလာနေပုံကသူ့ကိုပိုခြောက်နေသယောင်။