အေးစိမ့်စိမ့်အခန်းထဲက တိတ်ဆိတ်နေတဲ့သူတို့ရဲ့စကားဝိုင်း။
ဂုဏ်ရှိန်ဂုဏ်ဝါအပြည့်နှင့်လူထံမှနွေးထွေးတဲ့မျက်ဝန်းတစ်စုံနဲ့
ထိုမျက်ဝန်းတွေကို ရှောင်ဖယ်နေတဲ့ကောင်လေးတစ်ယောက်။
လေထုက ကြောင်တောင်တောင်၊
ရာသီဥတုက မိုးမှောင်မှောင်....ထိုအချိန် အခန်းတွင်းဝင်ရောက်လာတဲ့ဝန်ထမ်းကောင်မလေးကြောင့်တိတ်ဆိတ်နေခဲ့တဲ့အခန်းတွင်းဝယ် ပန်းကန်ချသံ၊
ခွက်သံတို့ဖြင့်တစ်ဖန်အသက်ဝင်လာသည်။"တခြားလိုအပ်တာရှိသေးလားမသိဘူးရှင့်
"မရှိတော့ဘူး သွားလို့ရပြီ
ငြိမ့်ညောင်းလှတဲ့အသံကြောင့် အသံပိုင်ရှင်ကိုတစ်ချက်
ခိုးကြည့်လိုက်မိသေး၏။ လက်ရှည်ရှပ်အကျီအဖြူကို အပေါ်ကြယ်သီးနှစ်လုံးဖြုတ်ထားပုံက ဆွဲဆောင်မှုရှိတဲ့လည်ပင်းကိုကြွားနေသယောင်"အဟင်း အဟွတ်
"အဆင်ပြေရဲ့လား
လက်သွက်စွာပင် ရေအပြည့်ဖြည့်ထားတဲ့ခွက်ကို သူ့ရှေ့သို့
ချပေးလာသည်။ ထယ်ရယ်လဲ လက်နှစ်ဖက်နဲ့ကိုင်ကာ အမောပြေသောက်လိုက်၏။"အလုပ်ကိစ္စ ဆွေးနွေးကြရအောင်လားဗျ
"ကျွန်တော်မလုပ်နိုင်ပါဘူး။ ခင်ဗျားနဲ့အတူတွဲမလုပ်ချင်တာလို့ပြောရင်ပိုမှန်မယ်ထင်တယ်
"ဘာလို့လဲ ခုနကကိစ္စလေးကြောင့်နဲ့ ဒီလိုဆုံးဖြတ်ချက်မျိုး
ချလိုက်တာလား"မ..မ ဟုတ်ပါဘူးနော်။ကျွန်တော့်ဦးလေး
ဖုန်းဆက်ပြောတုန်းကလက်ခံခဲ့တယ်ဆိုတာကလည်း
စီးအီအိုကခင်ဗျားမှန်းမသိခဲ့လို့ပါ"ကျွန်တော်တို့နှစ်ယောက်အရင်ကတွဲဖူးလား
"ဗျာ..... မတွဲဖူးဘူးလေ
"ဒါဆိုဘာလို့ထယ်ရယ်က ကျွန်တော့်နဲ့အတူအလုပ်တွဲ
မလုပ်ချင်တာလဲ အာ...ဒီလိုစီအီးအိုနဲ့သာတွေ့ပြီးအလုပ်လုပ်နေရရင် ငါတော့ရင်ခုန်လို့သေတော့မှာပဲဆိုပြီး စိတ်ပူလို့လားထယ်ရယ်က မျက်ခုံးကိုတွန့်ချိုးရင်းမျက်စောင်းထိုးကြည့်တော့ထိုသူကခပ်ပြုံးပြုံးလုပ်ရင်း သူ့အားကြည့်နေလေသည်။