၁၇

1.7K 102 6
                                    

ခြံရှေ့ bare face လေးအတူ ဝတ်ထားသည်က မိန်းခလေးများထသွားထလာဝတ်တက်သည့်ဂါဝန်ဒူးအောက်အရှည်လေးနှင့် အပေါ်က လက်တစ်လုံးဖြစ်၍ လက်ရှည်အပါးလေးထပ်ထားကာ လမ်းမထက်ကိုဘယ်ညာကြည့်နေသည့်ကောင်မလေးအားမြင်လေတော့ မုဒြာပြုံးရယ်နေမှုကမထားစီးနိုင်ချေ။

တီ။ တီ။

ကားဟွန်းတီးလိုက်သည့်နောက်တော့ ထိုအချင်းအရာကိုသတိထားမိသွားသည့်အလား ချက်ချင်းပင်ကားအနားရောက်လာလေသည်။ ထိုကောင်မလေးအား ရတုမှာကားတံခါးဆင်းဖွင့်ပေးလေတော့ စမ်းရည်မှာမျက်ခုံးများပင့်တက်သွားကာနားမလည်ဖြစ်သွားပေမဲ့ ကားထဲဝင်ထိုင်လိုက်သည်။ ထို့နောက် ထိုနေရာမှနေ ဦးတည်ချက်တစ်ခုသို့။

"ဘယ်တုန်းကပြန်ရောက်တာလဲ"

"အခုပဲလေဆိပ်ကနေတန်းလာတာ ခလေးမကို တွေ့ချင်နေလို့ အိမ်တောင်မဝင်ခဲ့ဘူး"

အပိုတွေဟုထင်ကောင်းထင်နိုင်သော်လဲ ဒီအမျိုးသမီးပြောသည့်ပုံကအမှန်တကယ်ဖြစ်နိုင်ကြောင်း သူ့အဝတ်အစားအပြင်အဆင်များအားကြည့်ယုံဖြင့်ခန့်မှန်းနိုင်သည်။

"ဟို တို့ခလေးမကိုဖတ်လို့ရမလားဟင်"

ခေတ္တမျှငြိမ်သွားပေမဲ့ စမ်းရည်ခပ်ပြုံးပြုံးဖြင့်သာခေါင်းငြိမ့်ပြလိုက်လေသည်။ ထိုအခါမှာတော့ သူ့ရင်ခွင်ထဲပြိုလဲကျလာတဲ့ထိုအမျိုးသမီး။

"ဒယ်ဒီနေမကောင်းဖြစ်နေတယ်ဆိုတာသိလိုက်ရတော့တို့လေအရမ်းငိုချင်တာပဲ ဒါပေမဲ့တို့ပြိုလဲပြရင်ဝမ်းသာမဲ့သူတွေနဲ့ဝိုင်းလက်ခုပ်တီးမဲ့သူတွေကြောင့်တို့ဘာမှမတက်နိုင်ဘူး တို့လေဖြစ်နိုင်ရင်ဖြစ်နိုင်ခဲ့ရင် သာမာန်ဘဝမှာပဲနေချင်မိတယ်"

စမ်းရည်ထင်နေတာမမှားနိုင်ဘူးမဟုတ်လား။ ဒီအမျိုးသမီးသူ့ပုခုံးထက်မှာငိုနေပြီဆိုတာကိုသူ၏ပုခုံးနားလေးစိုစွတ်လာတာကိုခံစားလိုက်မိရသည်လေ။ စမ်းရည်ဟာချက်ချင်းဆိုသလိုပင် ထိုအမျိုးသမီးရဲ့ညာဘက်လက်ဖဝါးလေးတစ်ဖတ်ကိုဆုတ်ကိုင်ရင်း ငြိမ်နေမိသည်။ စမ်းရည်ထိုအမျိုးသမီးအဆင်ပြေသွားစေရန်အလို့ငှာဘာလုပ်ပေးရမည်ဆိုတာမသိပေမဲ့ သူဘာမှစကားမဆိုလာပါ။

မူပိုင်ခွင့်ပုဒ်မWhere stories live. Discover now