ဝါညှို့ညှို့မီးရောင်ဖြာကျတဲ့လှေကားခွင်မှာ မှိန်ပျပျ။အနည်းငယ်အိုဟောင်းတဲ့တိုက်ခန်းမြင့်ရဲ့ ဆေးနံရံတွေဟာအရောင်မွဲကာညစ်နွမ်းချင်သည်။ကြေးညစ်ထေးတဲ့လှေကားထစ် တစ်ထစ်ချင်းကိုနေ့စဉ်ဖိနင်းရခြင်းပီပီမဆုတ်မနစ်တက်မိသည်။ခြေအစုံရပ်မိတဲ့အရောင်လွင့်လွင့်တံခါးရဲ့ လျှို့ဝှက်နံပါတ်ကိုကျင့်သားရစွာတွေးတောခြင်းမရှိပဲနှိပ်နိုင်သည်။အသည်းထဲကအမှတ်တရရှိတဲ့သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့ပေါ့...။
တတီတီသံအဆုံး ဖွင့်လိုက်တဲ့တံခါးနောက်မှာတော့မညီမညာချွတ်ထားတဲ့'ဟယ်ရီ့'ဖိနပ်ထက် တောက်ပြောင်ပြောင်ယောင်္ကျားစီးရှူးတစ်စုံကိုအရင်သတိထားမိသည်။ဇဝေဇဝါဖြစ်ချိန်ရှိရအောင် သူအဲ့လိုဖိနပ်မျိုးမဝတ်တာဘယ်လောက်ကြာခဲ့ပြီမို့လို့လဲ...။မဟုတ်လည်း သူ့မှာအဲ့လိုဈေးကြီးပေးရပုံရတဲ့ရှူးအသစ်တစ်ရံဆိုတာမရှိဘူးလေ။
တိုက်ခန်းကျဉ်းရဲ့လေထုဟာ ချက်ချင်းမွန်းသိပ်စရာပဲ။နောက် ကိုယ့်အိမ်ရဲ့ဧည့်ခန်းကိုဘာလို့ကြောက်ရွံ့စွာဖွဖွပဲလျှောက်ရဲရသလဲ။စေ့စေ့ပိတ်ထားတဲ့ အိပ်ခန်းကိုရောသူဘာလို့ဒီအတိုင်းရပ်ကြည့်နေမိလဲ။
ဟယ်ရီတစ်ယောက်တည်းရှိနေတာမဟုတ်ဘူး
မကြားအပ်ဖွယ်ညည်းသံသဲ့သဲ့ရယ်...။တံခါးအပြင်ကခံစားရတဲ့ ရမ္မက်မွတ်သိပ်သိပ်လေလှိုင်းရောပဲ။တံခါးလက်ကိုင်ဖုကိုဖိလှည့်မိခြင်းမရှိပါပဲ ဘာလို့မြင်ရသလဲ။သူမျက်နှာအပ်ခဲ့ဖူးကျလည်တိုင်ကိုကိုက်ခဲဟန်၊နုထွေးထွေးနှုတ်ခမ်းပါးတွေကို တရှိုက်မက်မက်နမ်းရှုံ့ဟန်၊သွယ်ဥဖွေးဖြူတဲ့ကျော့ရှင်းရှင်းကိုယ်ကို ထိကိုင်ထွေးဖက်ဟန်။ဟယ်ရီ...။မွေ့ရာပေါ်ကဟယ်ရီနဲ့လုံးထွေးနေတဲ့အမျိုးသားရဲ့ကျစ်လစ်လစ်နောက်ကျော။သူမဟုတ်ဘူး...။သူ့ဇနီးချောရဲ့ဘေးမှာမှေးစက်တဲ့လူဟာ သူမဟုတ်။
ထာဝစဉ်မဖွင့်ဖူးတဲ့ပန်းပွင့်တွေ...
ညှိုးနွမ်းသွားပြီးရင်
ဘယ်တော့မှအရင်လိုပြန်မလှပနိုင်ဘူးတဲ့
ဆိုရရင်ဘယ်အရာမှ နောက်လှည့်လို့မရခြင်းပဲ
YOU ARE READING
𝘙𝘌𝘋,𝘙𝘖𝘚𝘌𝘚 & 𝘏𝘌𝘈𝘙𝘛//𝘏𝘦𝘦𝘫𝘢𝘬𝘦
Fanfiction𝘳𝘰𝘴𝘦𝘴 𝘢𝘳𝘦 𝘳𝘦𝘥 𝘴𝘰 𝘥𝘰𝘦𝘴 𝘵𝘩𝘦 𝘩𝘦𝘢𝘳𝘵, 𝘭𝘰𝘷𝘪𝘯𝘨 𝘩𝘪𝘮 𝘪𝘴 𝘩𝘶𝘳𝘵.