ဦးနဲ့ကျွန်တော်လမ်းခွဲခဲ့တာ ၄နှစ်တိတိရှိပြီ။ဘယ်အရာတွေကကျွန်တော်တို့ကိုဝေးသွားစေလဲကျွန်တော်မခန့်မှန်းတတ်တော့ပါဘူး။
ဂရုစိုက်၊အရေးပေးခံချင်တဲ့ကျွန်တော့်လား၊ကျွန်တော့်ကိုရင်ခွင်ထဲထည့်ပြီးခပ်ဝေးဝေးကအမျိုးသမီးလေးကိုပဲမျှော်ကြည့်နေခဲ့တဲ့ ဦးလား။
အခုချိန်မှာတော့ကျွန်တော်တို့ဟာဘယ်လိုမှကိုဖြတ်လမ်းမရှိ၊အဆုံးမရှိ၊မဆုံနိုင်တော့တဲ့လမ်းမပေါ်မှာဘဝကိုယ်ဆီနဲ့လျှောက်လှမ်းနေကြပြီ။
ဦးကသူမရဲ့လက်ကို တဘဝလုံးစာမြဲနေအောင်ကိုင်သွားတော့မှာဖြစ်သလို၊ ကျွန်တော်ကလဲ လေလွှင့်ချင်ရာလွှင့်တော့မဲ့ ဒုတ္တလီပန်းပွင့်အမှုန်လေးပမာဖြစ်တည်မှု့မျိုးနဲ့ရှိနေခဲ့ပြီ။
ဦး... ကျွန်တော့်ရဲ့ဦး ...သန့်ဇင်ဦး
ကျွန်တော်နဲ့ ဦးရဲ့တွေ့ဆုံမှု့ဟာ သမရိုးကျ တွေ့ဆုံမှု့လေးပါပဲ။ လူတိုင်းတွေ့ကြုံဖူးတဲ့ သာမာန်ရေစက်လေးတခုကပဲ အစပြုခဲ့တာပါ။
အတိတ်...
Facebook Friend...
PF မှာ လမ်းမတစ်ခုပေါ်က all blackနဲ့ခပ်ဆွေးဆွေးလူတစ်ယောက်ပုံတင်ထားတာဖြစ်တယ်။ acc name ကလဲ — ၂ လုံးထဲသာဖြစ်တယ်။ကျွန်တော်ဘာလို့မှန်းမသိ ဒီ acc ပိုင်ရှင်ကို စိတ်ဝင်စားမိနေတယ်။အင်း... တမျိုးပဲ သူများနဲ့မတူတဲ့ ဆွဲဆောင်မှု့တခုရှိနေပါတယ်လို့အာရုံကသိနေတယ်။
တပတ်လောက်သူ့ကို ကျွန်တော် attention ပေးဖြစ်တယ်၊ သူ့ post တွေမှာ မှတ်မိအောင်နေရာဝင်ယူ၊ သူစိတ်ဝင်စားလောက်မဲ့အကြောင်းရာတွေကိုရွေးပြီး post တွေတင်တယ်။
ကျွန်တော်ဒီနေ့တော့ သူနဲ့စကားပြောချင်နေမိတယ်။ ဒါကြောင့်ပဲ messager ကvc ဆိုတဲ့နေရာကို နှိပ်လိုက်တယ်။ Pf ကိုဝင်ကြည့်ရင်းမှားနှိပ်မိနိုင်တာဆိုပေမဲ့ ကျွန်တော်ကတော့ဒီလူနဲ့ စကားစပြောနိုင်ဖို့ရာ ရည်ရွယ်ချက် ရှိရှိနှိပ်ပစ်လိုက်တာဖြစ်တယ်။
- sorry -
- PF ဝင်ကြည့်ရင်း မှားနှိပ်မိတာလား -
- ဟုတ် -သူကရယ်နေခဲ့တယ်။ ကြည့်ရတာ ဒီပုံစံမျိုးနဲ့ပဲ သူ့ဆီချဉ်းကပ်တဲ့သူတွေများခဲ့တယ်နဲ့တူတယ်။ သူကလဲ ပုံမှန်တွေ့နေကြအရာတခုလိုပဲ ဒီအခြေနဲ့နေသာကျနေတယ်။
YOU ARE READING
အသွင်ပြောင်းငှက်ငယ်
Non-Fictionဆုံးသက်ကို အပြင်လောက၏ နိယာမ ကံတရားက အတည်ပြုသက်မှတ်ထားသော နာကျင်ဖွယ်ရာဇာတ်လမ်းလေးပုဒ်။ ! ခံစားချက်ခြင်း တိုက်ဆိုင်မှသာ ဖတ်ဖို့ အကြံပြုလိုသည် !