1

10 0 0
                                    

တကယ်တော့ ကံကြမ္မာဆိုတာကြီးက ဆန်းကျယ်လှပါတယ်။ ထင်မှတ်ထားတာတွေက ဖြစ်မလာတတ်သလို မထင်မှတ်ထားတာတွေက တစ်ခါတ‌စ်ရံဖြစ်နေတတ်တာမျိုးပေါ့။ ဥပမာ သူနဲ့ Lisa ရဲ့တွေ့ဆုံခြင်းလိုပေါ့။ ဘယ်လိုမှမတွေးထင်ထားတဲ့အဖြစ်အပျက်မျိုးနဲ့ သူနဲ့တွေ့ဆုံခဲ့ရတယ်။ ဘယ်သူထင်မလဲ ဒီလိုမျိုး Lisa တို့ဆုံရမယ်လို့။ Lisa ကိုယ်တိုင်တောင် မထင်ခဲ့ပါဘူးလေ။

🥀

" ကိုယ်တို့ လမ်းခွဲကြရအောင် "

" ရှင် "

" မင်းသိပါတယ် ကိုယ်ဘာကြောင့် ဒီစကားကိုပြောရတယ်ဆိုတာ။ မင်းကိုယ်မင်း ပြန်သုံးသပ်ဖို့အချိန်လိုတယ်လို့ ကိုယ်ထင်တယ် "

Lisa ဘာမှပြန်မပြောနိုင်ဘဲ ရှေ့က Jinyoung ပြောသမျှကို ငြိမ်ပြီး နားထောင်နေမိတယ်။ ရုပ်ရှင်တွေထဲကလို လမ်းခွဲခြင်းမျိုး။ စားသောက်ဆိုင်တစ်ခုမှာပေါ့။ ခံစားနေရသလား‌မေးလာရင် အဖြေက No ပါ။ မှန်ပါတယ်။ Jinyoung ပြောသလို ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့အချိန် Lisa လိုနေတယ်။ တွဲခဲ့တဲ့နှစ်လအတောအတွင်း သူ့ကို Lisa ဝတ်ကျေတန်းကျေသဘောမျိုးနဲ့သာ ပြုမူဆက်ဆံခဲ့တာကိုး။ သူသည် စက်ရုပ်လို ဒါပြောဒါလုပ် အမျိုးသမီးနှင့်ဆက်မတွဲနိုင်တော့သည်မှာ သူ့အမှားတော့မဟုတ်။ ဒါဖြင့် Lisa အမှားလား။ ဟင့်အင်း ... ကိုယ့်ကိုယ်ကိုယ်တော့ မှားတယ်လို့ Lisa မတွေးနိုင်။ အဓိကတရားခံကား အဖေ။ သမီးဖြစ်သူကို အတင်းကို အိမ်ထောင်ပြုစေချင်နေသော Lisa ၏အဖေသာ သူနှင့်တွဲဖို့မတိုက်တွန်းခဲ့လျှင် ဒီလိုအဖြစ်အပျက်ကားဖြစ်မည်မထင်။

" ကျွန်မတောင်းပန်ပါတယ် Jinyoung shi ဟိုလေ ... "

" ရပါတယ် ကိုယ့်ကို တောင်းပန်မနေပါနဲ့။ အဓိကက မင်းရဲ့စိတ်ကိုသာ သိအောင်လုပ်ဦး။ မင်းအဖေကိုတော့ အားနာပါရဲ့ကွာ။ မင်းဟာက ... အာ့ "

Lisa ရဲ့စကားကို ဖြတ်လိုက်တာက Jinyoung ။ ထိုနည်းတူစွာ Jinyoung ရဲ့စကားကို ဖြတ်လိုက်တာက ဘယ်ကမှန်းမသိတဲ့အရက်တွေ။ Jinyoung ၏ချောမောသောမျက်နှာကား အရက်တွေနှင့်ပက်ခံလိုက်ရသည်။ ပက်လိုက်သူကား သေချာပေါက် Lisa တော့မဟုတ်။

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

All About HerWhere stories live. Discover now