BWL part 9

6 1 0
                                    

စောဉာဏ်ဝင်လာတော့ အခန်းထဲတွင် ဘယ်သူမှမရှိပါ။ဘာလည်း သူတို့က နေမကောင်းတဲ့သူကိုတောင် ဒီတိုင်းပြစ်ထားကြတာလား။ပိုက်ဆံမျက်နှာတစ်ကမ္ဘာလူတွေ ရွံစရာ။ကုတင်ပေါ်မှာ လဲနေသူကတော့ အိပ်ပျော်နေသည်။စောဉာဏ်ဘေးနားက ခုံမှာဝင်ထိုင်ပြီး ဟိုဟိုဒီဒီအခန်းထဲဝေ့ပတ်ကြည့်မိသည်။

"အမ်း တီလေး"

ညည်းသံလိုလိုကြားလိုက်ရသောအသံ။

"တီလေး သားကို ရေတိုက်ဦး"

ပါးစပ်ကပြောနေသော်လည်း မျက်လုံးကမဖွင့်။ကုတင်ဘေးကစားပွဲပေါ်တင်ထားသော ရေဘူးကိုယူကာ ရေခွက်ထဲရေထည့်ပြီး လက်ကမ်းပေးလိုက်သည်။
မယူ။

"မင်းရေသောက်မလို့ဆို ယူလေရေခွက်ကို"

ချက်ခြင်း ဆတ်ကနဲပွင့်လာသောမျက်လုံး။
စောဉာဏ် ရေခွက်ကို မေးဆတ်ပြကာ မသောက်ဘူးလားဆိုသည်ပုံစံဖမ်းလိုက်တော့။ရေခွက်ကိုယူသည်။
သို့သော် မသောက်သေး။သူ့ကို ကြောင်ကြည့်နေသည်။

"ဘာလည်း"

သူမေးလိုက်ကာမှ အသိစိတ်ဝင်လာသလိုမျိုး ခေါင်းကို ခါပြသည်။

"မင်း မင်း ဘယ်လိုရောက်လာတာလည်း ငါ့အခန်းထဲကို"

"ဘာလို့လာတယ်ထင်လည်း"

"ငါ့ကို ထပ်ပြီးထိုးမလို့လား"

တုံးလိုက်လေခြင်း ထင်သစ်ရယ်။တော်တော်တုံးတုံးပါ့လား။

"ဟူး"

စောဉာဏ်သက်ပျင်းချပြီး ထွက်သွားမည်အလုပ်။နောက်မှကိုင်ဆွဲလာသောလက်တစ်စုံ။

"မသွားပါနဲ့ဦး ငါ့နားမှာနေပေးပါလား။ခုကငါ့အန်တီအိမ်ပြန်သွားလို့ပါ"

"မင်းနားမှာနေပေးရင် ငါကဘာရမှာလည်း"

စောဉာဏ်နောက်ကိုလှည့်ကာ ထင်သစ်နားနားကိုကပ်ပြီးမေးလိုက်သည်။အောက်ကလူကတော့ ဘာသံမှမထွက်၍မျက်နှာကို နားမှ ထင်သစ်မျက်နှာဆီသို့ပြောင်းပြီးကြည့်လိုက်သည်။အနီးကပ်ကြည့်ခွင့်ရကာမှ ဒီကောင်ရဲ့မျက်ခွံပေါ်မှာမှဲ့ပါသည်ကို သူသတိထားမိတော့သည်။

"ကျွီ"

"ဟာ"

"ဟင်"

တံခါးဖွင့်လိုက်သောအသံနှင့် အာမေဒြိတ်အသံတစ်စုံမှာ ပြိုင်တူထွက်လာခဲ့သည်။စောဉာဏ်ချက်ချင်းပင် ထင်သစ်နားမှခွာလိုက်ပြီးခြေလှမ်းများကိုတံခါးဆီသို့ဦးတည်ခဲ့သည်။

Building with love (ချစ်ခြင်းဖြင့်ဖွဲ့စည်းသော်) Uni+Zawgyi Where stories live. Discover now