intro

570 70 8
                                    

" မပျော်ရွှင်ရတဲ့ ပဲရစ်ညချမ်းတွေဟာ လက်ဖျံထက်က tattoo တစ်စုံလောက်တောင် စိတ်ကျေနပ်မှု မပေးနိုင်ဘူး "

" မိအောင်လိုက်ဖမ်းလေ ဒီဘက်မှာ ဒီဘက်မှာ "

" မနောက်နဲ့တော့ မောင့်အသည်းလေးရယ် ၊ မောင့်ကိုတိတိကျကျလေးပြောစမ်း မင်းကိုမမြင်နေရတော့ စိတ်မချဖြစ်ပြီးမောင့်ရင်တွေပူလွန်းလို့ "

မျက်လုံးကိုပဝါတို့ဖြင့်စည်းနှောင်ထားသော ခန့်ခန့်ညားညား အမျိုးသမီးတစ်ယောက် ၊ သို့ပေမဲ့မိန်းမတော့ဆန်မနေခဲ့ ။

" မောင်ဒီဘက် "

မမြင်ရသော အညိုရောင်အနွေးဓာတ်လေး၏အော်သံလေးကြောင့် လက်ထဲက ပဝါလေးကိုလည်း လေထဲဝှေ့ယမ်းလိုက်သည် ။

" မိလည်းမမိဘူးကွာ မောင်ငနုံကြီး "

သူမလေး ခြေဆောင့်နေပြီဆိုတာ အသံလေးကြားရုံနဲ့သိလိုက်ပါလေပြီ ။

" ကဲ ငနုံကြီးက မိပါပြီတဲ့ "

မျက်ဝန်းတွေပေါ်က ပဝါကိုမဖယ်ဘဲ ခန္ဓာကိုယ်သေးသေးကွေးကွေးလေးကို သိမ်းကျုံးပွေ့ဖက်လိုက်တော့

" သွားပါ ရူဘီအရှုံးပေးလို့ ဖမ်းနိုင်ပြီးတော့များ ၊ ရူဘီသာ အငြိမ်မနေရင် မောင် ထိအောင်တောင် မဖမ်းနိုင်ဘဲနဲ့ "

" ရွှေစိတ်တော်မဆိုးပါနဲ့ မောင့်မင်းသမီးလေးရယ် ၊ ရွှေစိတ်တော်ညှိုးနေတော့ ဒီမောင်တော် ဘယ်လိုဖြေသာပါ့မလဲ "

မျက်လုံး၌စည်းနှောင်ထားသော အဝတ်တို့ကိုဖြေလျော့ကာပြောလာတာ့ သူမလေးစိတ်တို့အလိုလိုပျော့ကျသွားရသည် ။

" မောင့်မျက်ဝန်းတွေက ကျွန်မကိုသိပ်ညှို့တာပဲမောင် "

သူတို့ကစားနေတာ ပန်းခြံအကျယ်ကြီးထဲမှာဖြစ်တာမို့ ရူဘီတို့ ထိုနေရာမှာပဲထိုင်ချလိုက်မိသည် ။

" မောင့်ကလေးက မောင့်အပေါ်ကြွေပြီးရင်းကြွေနေတယ်ဆိုပါတော့ "

အနေအထားကိုပြောရမယ်ဆို မြေကြီးပေါ်ထိုင်ချကာ ပန်းရုံကြီးကိုကျောမှီထားသော သူ့ရင်ခွင်ထဲ ထိုကောင်မလေးက ပျင်းတွဲစွဦမှီလျက် သူ့လက်တစ်ဖက်ကိုလည်း သူမလေးခါးကနေတစ်ဆင့်ဖက်တွယ်ကာ သူမလေးဆီသို့ယူဆောင်ထားသည် ။

Tattoo ( jenlisa )Where stories live. Discover now