မနက်ခင်းထဲက အိပ်မပျော်တာနဲ့ ဆေးခန်းကိုစောသွားဖို့ပဲ ပြင်လိုက်တာ ၊ ရေမိုးချိုးဖီးလိမ်းပြီး ဆံပင်ကိုအလှဆုံးဖြစ်အောင် လှန်တင်ကာဖီးလိုက်သည် ၊ မှန်ထဲပြန်ကြည့်လိုက်တော့ ကိုယ့်ကိုကိုယ်တောင် မာန်တက်သွားသည် ။
မထူမပါး မျက်ခုံးတန်းတွေနဲ့ ညီညာတန်းနေတဲ့ ဆံမြိတ်ရွှေအိုရောင်တွေ ၊ ဝိုင်းစက်စက်မျက်ဝန်းညိုညိုလေးတွေ အနည်းငယ်ပြုံးလိုက်တာနဲ့ ကော့တက်လာတဲ့ နှုတ်ခမ်းပါးလေးတွေကြောင့် ဒေါက်တာလီဆာက ပါရီမြို့မှာ နာမည်ကြီးတာလဲ မထူးဆန်း ။
လာလီဆာလို့ပြောလိုက်တာနဲ့ ဒေါက်တာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ပြစ်မျိုးမှဲ့မထင်တဲ့ အလှနဲ့ တွဲမြင်တတ်ကြသည် ။
eiffel tower ကိုလှမ်းမြင်နေရတဲ့ အနေအထားကနေ ရှိတဲ့ မိမိ၏ ဆေးခန်းကို သော့ဖွင့်လိုက်ရင်း တံခါးဝက close ဆိုတဲ့ စာသားလေးကို ပြောင်းပြန်လှည့်လိုက်သည် ။
အခန်းထဲဝင်တာနဲ့ ခေါင်းပေါ်က ထိတိုက်သွားတဲ့ ဆွဲလည်းသံလေးတွေကို တပြိုင်နက်ထဲ လီဆာကြားလိုက်ရသည် ။
မိမိ၏ စားပွဲနေရာကိုရောက်တာနဲ့ ပန်းအိုးထဲက ဒေစီဝါတွေကို နှုတ်ယူကာ လမ်းကဝယ်လာတဲ့ ဒေစီအဝါတွေကို ထပ်ထိုးလိုက်သည် ။
ဆေးစာအုပ်တွေစီစရာရှိတာကိုစီနေတုန်း ဆည်းလည်းသံလေးကြားလိုက်တာမို့
" Bonjour En quoi puis-je aider "
ပြင်သစ်ဘာသာစကားနဲ့ပဲ ဘာများကူညီပေးရမလဲလို့ မေးလိုက်သည် ၊ ဒါပေမဲ့ ဆေးခန်းဖွင့်ဖွင့်ချင်း လူတန်းလာတာရှားပေမဲ့ ညကအိမ်မက်တွေပျောက်အောင် လူမပျက်တာပဲ ကောင်းပါတယ်လေလို့ တွေးလိုက်သည် ။
" êtes-vous docteur "
ဒီမှာ သူမတစ်ယောက်ထဲရှိနေတာကို မင်းက ဒေါက်တာလားလို့ မေးလာတဲ့ သူကို လီဆာတကယ်လည်းအံ့ဩမိသည် ၊ လှည့်ကာကြည့်လိုက်တော့ ခပ်ဝိုင်းဝိုင်း ဥ◌ီးထုပ်ကြီးကိုဆောင်းထားပြီး မျက်နှာကိုလည်း ဇာပဝါနုနုလေးဖြင့်ဖုံးထားသေးသည် ၊ လက်တို့ကိုကြည့်လိုက်တော့လည်း ဖဲသားလက်အိတ်တွေကိုစွပ်ထားသေးသည် ။
YOU ARE READING
Tattoo ( jenlisa )
Fanfictionမပျော်ရွှင်ရတဲ့ ပဲရစ်ညချမ်းတွေဟာ လက်ဖျံထက်က tattoo တစ်စုံလောက်တောင် စိတ်ကျေနပ်မှု မပေးနိုင်ဘူး ။