[Unicode]
"ကိုယ် မင်းကို ...ချစ်တယ်..."
မျက်လုံးအိမ်ဝိုင်းဝိုင်းထဲ မျက်ရည်ဥလေးများ ဝဲဝဲဖြင့် တစ်ဖက်လူ၏ မျက်လုံးကို တယုတယ စိုက်ကြည့်ရင်း ဆိုလာသူ....
တစ်ဖက်က ဆံပင် ဂုတ်ဝဲဆံမိတ် မျက်နှာဝိုင်းဝိုင်း နှင့် ဂါဝန်တိုလေးနဲ့ကောင်မလေးမှာ...
"အင်း..ငါလည်း မင်းကို ချစ်ပါတယ် ဒုံဂျွန်း...
ထိုသို့ ဆိုလိုက်ပြီး နှစ်ဦးသား အနှုမ်းချင်းဖလှယ် နေကြရာ...
"ဒုန်း... ခွမ်း ...
အနှုမ်း ဖလှယ်နေသူ နှစ်ဦးမှာ လွန်စွာလန့် ဖြန့်ကာအနှုမ်းများရပ်တန့် လိုက်ပြီး ဘေးနားက ဖန်ပြားကို စင်မှန်၍ ကွဲကြေသွားသောဖန်ပြင်နှင့်အတူ iphone တစ်လုံးလည်း ထို့မှန်ပြင်နှင့်ထပ်တူစွာ ကွဲကြေ လျက်... iphone လာရာ လမ်းကြောင်းကို ကြည့်မိ သည်နှင့်...
"ကဒ်..!!!
"Jeon Jungkook....
အသံများတိုးဝင်စွာ ဒေါသမျက်လုံးနှင့် ကြည့်နေသူ၏ နာမည်အား နူတ်မှ လွတ်ထွက်သွားမိ၏...
အခုဟာဆိုရင်ဖြင့် "အရောင်မရှိတဲ့အချစ်" ဆိုသည့် series ကို ရိုက်ကူးနေကြရာ နှောက်ဆုံး ဇတ်ဝင်ခန်း ဖြင့်ရာ နာမည်ကြီးမင်းသမီး ဟီးနာယွန်း နှင့် မင်းသား ကမ်ထယ်ယောင်း တို့ရဲ့ Project နှောက်ဆုံးခန်းလေးပါ...ဒါရိုက်တာ ဖြစ်သူမှာ အခြေနေအားနားလည်စွာ..ဘာမှဝင်မပြောမိ..!
"Kim Tae Hyung ခဗျား တော်တော် အတင့်ရဲနေပါ့လား...? လာ အိမ်ပြန်မယ်...!!
ကြောင်ကြည့်နေသူ ကမ်ထယ်ယောင်း ရဲ့လက်တို့ကို လာဆွဲကာ အတင်းဆွဲခေါ်နေသူကြောင့်...
"ဘယ်လို ဖြစ်နေတာလဲ Jeon Jungkook.!!လွှတ်ငါကို....အခုလွှတ်စမ်း
လက်ကို မလွှတ်တန်း ဆွဲထားသည်မှာ Tae Hyung လက်တွေပင် နာကျင်လို့နေပြီ ဖြစ်ရာ ဘေးတွင်လည်း မင်းသမီး ကို ပြန်ကြည့်၍ အားနာနေရသေး၏ မင်းသမီးဖြစ်သူမှာ ဘာမှမပြောနိုင် ကြောင်ကြောင်လေးသာ ရပ်ကြည့်နေ၏
ဘေးတွင်လည်း ရှုတင်ကို လာကြသည့်လူများ ဖုန်းကိုယ်စီနှင့် မှတ်တန်းယူနေလေ၏ Live လွင့်သူများလည်းရှိနေလေ၏...,
YOU ARE READING
"Although he got possession"
Fanfiction"ငါ့အမရဲ့ ရည်းစားကို ခိုးကြိုက်လာခဲ့ရာကအစ , ထိုလူနှင့် ပတ်သက်လာလျှင် အမှားအမှန်ဟူ၍မရှိ ထိုလူငါ့ဘေးနားရှိနေမှာသာအမှန်....ထိုလူကို သိပ်မြတ်နိုးခဲ့သည်။