Part - 1 ( 𝘌𝘴𝘱𝘳𝘦𝘴𝘴𝘰 ) ☕

139 18 2
                                    

Luv J Café ရဲ့ ထောင့်စွန်းကျတဲ့စားပွဲတစ်ခုမှာ ငြိမ်သက်စွာထိုင်နေပြီး အတွေးထဲနစ်မြောနေမိတဲ့ Sarang ကော်ဖီဆိုင်လေးကဒီနေ့မှ ခါတိုင်းနေ့လည်ခင်းတွေထက်ပိုပြီးလူစုလူဝေးဖြင့် ဆူညံနေသော်လည်း Sarangကတော့ အသံတွေကို သတိမမူမိပါ ။ Mai unnie နဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကိုပဲ သူမရဲ့ စိတ်ထဲ တွေးနေမိတယ်။

သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြပေမယ့် Mai unnie က နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တာကြောင့် နှစ်ဦးသဘောတူ နာကျင်စွာနဲ့ လမ်းခွဲခဲ့ကြတယ်။

Sarang က သူမဘဝကိုဆက်လျှောက်ဖို့ ကြိုးစားခဲ့ပေမယ့် အစ်မMaiနဲ့ပတ်သက်တဲ့အတိတ်တွေကတော့ နှစ်လုံးသားတစ်နေရာကတစ်ဆစ်"နာကျင်နေဆဲပဲ ။

သူမရဲ့အချိန်တွေကိုကျောင်းတက်ရင်း ကော်ဖီဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ပြီးကုန်ဆုံးနေခဲ့တယ်။ အလုပ်တွေဆက်တိုက်လုပ်ပြီး မေ့ပစ်နိုင်ဖို့ကြိုးစားနေမိခဲ့တယ်လို့ပြောလည်းမမှားဘူးပေါ့ ..

အဲ့ဒီအချိန်တွေအတွင်းမှာ Sarangအလုပ်လုပ်တဲ့ကော်ဖီဆိုင်ပိုင်ရှင် Jeemin unnie က Sarangရဲ့ဘဝမှာ အရေးပါအရာရောက်သူတစ်ဦးဖြစ်လာခဲ့တယ်။ Jeemin unnie ရဲ့ ကြင်နာမှု၊ နားလည်မှုတွေက သူမအတွက် အမြဲရှိနေခဲ့တယ်။

အချိန်တွေကြာလာတာနဲ့အမျှ Sarang သူ့ကိုယ်သူနားလည်လာခဲ့တယ် Mai unnie ပြီးတဲ့နောက် တခြားဘယ်သူ့အပေါ်ကိုမှ ခံစားချက်မရှိနိုင် တော့ဘူးလို့ထင်ခဲ့တာတွေက Jeemin unnie အတွက်တဖန် ခံစားချက်တွေ ပေါက်ဖွားလာခဲ့တယ်ဆိုတာပဲ။

Jeemin ဆိုင်ပိတ်ဖို့ပြင်ဆင်နေရင်း ထောင့်စားပွဲမှာထိုင်နေတဲ့ တစ်နေကုန်လုံး စိတ်နဲ့ကိုယ်နဲ့ကပ်ပုံမရတဲ့ သူမရဲ့တိတ်တခိုးသဘောကျရတဲ့ကောင်မလေး ခုလဲကြည့် ဘာတွေတွေးနေပြန်ပြီလဲမသိဘူး Jeemin စိတ်ထဲတွေးရင်း သူမလေးကိုကြည့်ကာ ခေါင်းခါမိသည်

Mai unnie အကြောင်းတွေးနေတုန်းမှာပဲ သူမအရှေ့ရောက်လာတဲ့ Espresso တစ်ခွက် 

"မင်း ဒီနေ့ နည်းနည်း စိတ်ရှုပ်နေပုံပဲ အဆင်ပြေရဲ့လား"

စိုးရိမ်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ မေးလာတဲ့ Jeemin unnie 

Sarang မသိမသာ ပြုံးမိလိုက်တယ် ဒီလိုစိတ်ရှုပ်နေတဲ့အချိန်တွေမှာ စိတ်သက်သာမှုပေးနိုင်တာ Jeemin unnie ပဲလေ ဒီလိုအချိန်တွေဆိုကွက်တိရောက်လာတတ်တာလည်း Jeemin unnie တစ်ယောက်ထဲပဲ

သူမရှေ့မှာချထားတဲ့စားပွဲပေါ်က Espresso ခွက်ကိုယူသောက်လိုက်ရင်း Jeeminကိုကြည့်ပြီး

“အတိတ်ကို တွေးမိနေရုံပါပဲ"

အဲ့နောက်ဖွဖွလေးပြုံးပြလိုက်ပြီး

" တစ်ခါတစ်လေမှာအဲ့ဒီအရာတွေကနေလက်လွှတ်ဖို့ခက်တယ်လေ "

Jeemin က ခေါင်းညိတ်ပြရင်း သူမ ပြောတာကို နားလည်တဲ့သဘောပြလိုက်တယ်

"မင်းရင်ဖွင့်စရာရှိရင် unnie နားထောင်ပေးဖို့အဆင်သင့်ပါပဲ "

Sarangရဲ့ နှလုံးသားထဲ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရတယ် Jeemin unnie နဲ့အတူရှိနေရင် သူမအတွက် နွေးထွေးလုံခြုံမှုကိုရတယ်လို့ထင်တယ် Jeemin unnie လိုလူမျိုးနဲ့ဆုံတွေ့ခွင့်ပေးတဲ့ကံကြမ္မာကိုတကယ်ကျေးဇူးတင်မိပါတယ်

အချိန်တွေကတဖြည်းဖြည်းချင်းကုန်ဆုံးလာပြီးနေ့ရက်တွေကနေ လတွေ နှစ်တွေအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်မှာ Jeemin unnie အပေါ်ထားတဲ့ Sarangရဲ့ခံစားချက်တွေဟာလဲ နက်ရှိုင်းလာခဲ့ပြီး အေးချမ်းတည်ငြိမ်စပြုလာတဲ့ သူမရဲ့ဘဝထဲကို မထင်မှတ်ပဲ ပြန်ရောက်လာခဲ့တဲ့ မုန်တိုင်းမဟုတ်တဲ့မုန်တိုင်းတစ်ခု

အဲ့နေ့ မှာSarangသိလိုက်ရတာက

" Mai unnie ပြန်ရောက်လာပြီ " တဲ့ ။

𝘽𝙡𝙚𝙣𝙙𝙚𝙙 𝙃𝙚𝙖𝙧𝙩𝙨 Where stories live. Discover now