Part - 2 ( Flower Bouquet ) 💐

111 16 3
                                    

" Mai unnie " Mai unnieကချမ်းသာပြီးမျိုးရိုးမြင့်တဲ့မိသားစုကနေမွေးဖွားလာခဲ့တဲ့သူတစ်ယောက် ဘဝမှာလိုချင်တာမှန်သမျှအကုန်ပြည့်ဝနေတဲ့ဘဝမျိုး

ဒါဆို Sarang ကရော ??

Sarang ကတော့ သာမန်ဝန်ထမ်းမိသားစုကနေမွေးဖွားလာတာကြောင့် ငယ်ငယ်လေးတည်းကသူများတွေထက်ပိုပြီးကြိုးစားရတယ်

အခုလဲကျောင်းစရိတ်အတွက် မိဘတွေဆီကတောင်းမနေချင်တာကြောင့် တစ်ဖက်တစ်လှမ်းကနေအပိုဝင်ငွေလေးရအောင် ကော်ဖီဆိုင်လေးမှာဝင်လုပ်နေခြင်းပင်။

Ryu Sarang တစ်ယောက်တွေးလက်စအတွေးကိုရပ်ကာ လက်ထဲက Chocolate Milk တစ်ခွက်ကို တံခါးရဲ့ညာဘက်မြောက်ကခုံမှာထိုင်နေတဲ့ customer ဆီသွားချပေးဖို့ပြင်လိုက်တယ် ။

သူဆိုင်ကိုလာတာတစ်ပတ်ပင်ရှိလေပြီ အခေါက်တိုင်းမှာလဲ Chocolate Milk ကိုသာမှာသည် ၊ ထိုသူကတခြားသူတော့မဟုတ် ကော်ဖီမကြိုက်တဲ့ သူမတစ်ချိန်ကသိပ်ချစ်ခဲ့ရသည့် " Mai unnie "

ပြန်ရောက်လာပြီဆိုတဲ့သတင်းကိုကြားကြားချင်းထိတ်လန့်သွားခဲ့ရပေမဲ့ အတတ်နိုင်ဆုံးကိုယ့်စိတ်ကိုယ်ကိုထိန်းရင်း မတွေ့ဖြစ်အောင်ရှောင်ဖို့သာစိတ်အားထက်သန်နေတော့သည်

သို့သော်လဲသူမရှိရာဆီ ဆိုက်ဆိုက်မြှိုက်မြှိုက်ရောက်ချလာတဲ့သူကိုဘယ်လိုနည်းလမ်းနဲ့ရှောင်ရပါ့မလဲ

လက်ထဲက chocolate milk ခွက်ကိုစားပွဲခုံပေါ်သို့ချကာအမြန်ပြန်ထွက်သွားမည်အလုပ်

" Sarang yaa unnie တို့စကားအေးဆေးပြောကြရအောင် "

" ကျွန်မမှာဘာမှပြောစရာမရှိဘူး "

ထွက်သွားမယ်အလုပ်လှမ်းဆွဲခံလိုက်ရသည့်လက်တစ်ဖက်

" နေပါအုံး Sarang မှာဘာမှပြောစရာမရှိပေမဲ့ unnie မှာတော့ပြောစရာတွေအများကြီးရှိတယ် "

" ကျွန်မနားမထောင်ချင်ဘူး သိလဲမသိချင်ဘူး ကျေးဇူးပြုပြီးကျွန်မလက်ကိုလွှတ်ပါတော့ ဒါကျွန်မအလုပ်ချိန်ကြီးပါ "

" အာ.."

ဆွဲကိုင်ထားတဲ့လက်တစ်ဖက်ကိုလွှတ်လိုက်ပြီး

You've reached the end of published parts.

⏰ Last updated: Jul 11 ⏰

Add this story to your Library to get notified about new parts!

𝘽𝙡𝙚𝙣𝙙𝙚𝙙 𝙃𝙚𝙖𝙧𝙩𝙨 Where stories live. Discover now