16

24.6K 235 29
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 16

နှင်းအိပ်ပျော်နေတုန်း မီးဖိုချောင်ခန်းကို ရှင်းပြီး အဝတ်စားတွေလည်း ရေချိုးခန်းကို ထည့်ကာ သူလည်းရေချိုးလိုက်၏။

ပြီးမှ အဝတ်စားလဲကာ အပြင်ကို ထွက်ခဲ့သည်။ မနက်စောစော အားအင်ကုန်ခမ်းအောင် သုံးထား၍ ပြည့်ကျော်တို့နဲ့တွေမှ မနက်စာစားလိုက်၏။

ဒီကောင်တွေက သူ့ကို ကြည့်ပြီး ရိသဲ့သဲ့စနောက်သည်။ သူကလည်း ခပ်တည်တည်ပင်။

"မင်းက မနက်စောစော ဘာတွေ ပြုံးနေတာလဲ။ အိမ်ကို သုံးရက်လောက်မပြန်ဘဲနေပြီး ပြန်တော့လည်း ပြုံးနေလို့ပါလား။"

"ဒီကောင့်မိန်းမ ဘာတွေပြုစားလိုက်လို့လဲ"

ပြည့်ကျော်နဲ့ ကျော်စွာက စကားနှိုက်ပြီးမေးပေမဲ့ သူ မဖြေပေ။ လင်မယားကိစ္စကို ဒီကောင်တွေကလည်း နှိုက်နှိုက်ချွတ်ချွတ်မေးချင်နေကြသည်။

သူဘာမှမပြောတော့ နောက်ဆုံးလက်လျော့ပြီး ငြိမ်သွားကြ၏။

"ဆိုင်ဖွင့်ဖို့က အဆင်သင့်ဖြစ်နေပြီ။ ဖွင့်ပွဲလုပ်ဖို့ကို အစီစဉ်တိုင်းပဲ လုပ်ကြမလား"

"ဒီအတိုင်းမလုပ်ချင်ဘူး။ မီနီဖက်ရှင်ရှိုးတစ်ခုပါ ထည့်မယ်"

"ငဝါ...မင်းအဲ့ဒါထည့်ဖို့ တွေတာ အဆင်မပြေလောက်ဘူးနော်"

"ဘာလို့လဲ"

"မော်ဒယ်တွေ ငှားနေရမှာ အာရုံစားတယ်"

"ဘာမှ မဖြစ်ဘူး။ လုပ်မယ့်လုပ် သေချာလုပ်မယ်"

မင်းအဏ္ဍဝါက ဖက်ရှင်ရှိုးပါထည့်မည်ဆို၍ ပြည့်ကျော်နဲ့ ကျော်စွာလည်း သဘောတူလိုက်၏။

အမြဲတမ်း အလုပ်ကို သုံးယောက်စပ်တူ လုပ်ကြသည်မို့ တစ်ယောက်သဘောထား တစ်ယောက်နားလည်ကြသည်။

ဒါကြောင့်လည်း သုံးယောက်လုံး သဘောတူလိုက်၏။

ပွဲအတွက် အစီစဉ်တွေကို မင်းအဏ္ဍဝါကဆွဲပြီး ဝန်ထမ်းပိုင်းကို ပြည့်ကျော်က တာဝန်ယူသည်။

ကျော်စွာက မော်ဒယ်ပိုင်းနှင့် ဖိတ်မည့်ဧည့်သည်ကို သေချာစီစဉ်သည်။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now