1

21 3 0
                                    

( Unicode )

အခန်းတစ်ခု၏ အပြင်ဘက်တွင်တော့
မီးအိမ်တစ်ယောက် ခုံတန်းမှာ ထိုင်ရမလို၊
ထရမလိုနှင့်ဗျာများနေခဲ့သည်။
ရင်တထိတ်ထိတ်နှင့် ဘေးနားတွင်ထိုင်နေသူကြောင့်
ထွက်ပြေးချင်နေသည့် ခြေထောက်တို့အား
အတင်းထိန်းချုပ်ထားရသည်။

ဘေးနားတွင်ထိုင်နေသူက မီးအိမ်ကို သတိထားမိ
သွားသည်ထင်သည်။

" အာ ... sorry ပါ ကောင်မလေး ...
ကိုယ်က သေနတ်လှည့်တာ အကျင့်ပါနေလို့ "

" ဟုတ် ... ဟုတ်ကဲ့ ရပါတယ်ဗျာ့ "

' ဗျာ့ ' ဟုသုံးနှုန်းလိုက်သောကြောင့် စိတ်ထဲတမျိုးဖြစ်
သွားသော်လည်း အခုခေတ်မိန်းကလေးအများစုကတော့
ယောကျ်ားဆန်ဆန် သုံးနှုန်းတတ်သည့်အချက်ကို
သတိရသွားတာမို့ ထိုအရာကိုတော့ မမေးဖြစ်ခဲ့ပေ။

" သက်သက်သာသာနေပါ ကြောက်စရာမလိုပါဘူး "

မီးအိမ်လည်း ခေါင်းအသာငြိမ့်ပြကာ
စောစောလေးကထက် စိတ်အနည်းငယ်သက်သာ
သွားခဲ့သည်။

ဇင်ယော်တောင်ပံလိုတွန့်ချိုးနေသည့် အနက်ရောင်
ထူထပ်သည့်မျက်ခုံး၊ စူးရှသည့် အညိုဖျော့ဖျော့ မျက်ဝန်းအကြည့်များနှင့်အတူ လေးကိုင်းသဏ္ဍာန်
ကော့ညွတ်နေသည့်နှုတ်ခမ်းအစုံက လေးထောင့်ကျကျ
မျက်နှာပေါ်တွင် အချိုးကျကျ တည်ရှိလို့နေသည်။

ငေးလို့ကောင်းတုန်းမှာပင် ထိုသူက ရုတ်တရက်ထရပ်ကာ ဝတ်ဆင်ထားသည့် ကုတ်ရှည်ကို
ခါးကနေ နောက်သို့ တစ်ချက်ပုတ်ထုတ်လိုက်သည်မို့
မီးအိမ်ရုတ်တရက်တော့ လန့်သွားမိသည်။

ရှည်လွန်းသည့်အရပ်ကြီးကိုတဆုံးမော့ကြည့်ရသည့်
မီးအိမ်အဖို့တော့ အဆင်မပြေလှ။

လှည့်နေသည့်ပစ္စတိုသေနတ်ကို ဘောင်းဘီအိတ်ကပ်ထဲ
သို့ထိုးထည့်လိုက်ကာ တစ်နေရာသို့ ခြေလှမ်းကြဲတို့ဖြင့်
စတင်ထွက်ခွာသွားသည်။

ထိုသူထွက်သွားရာကိုလိုက်ကြည့်လေတော့မှပင်
အရေးပေါ်ခန်းက ထွက်လာသည့် ဆရာဝန်ကို
တွေ့လိုက်ရသည်။

မီးအိမ်လည်း ထိုင်နေရာက အမြန်ထကာ
ထိုအနားသို့လျှောက်သွားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jul 09 ⏰

Add this story to your Library to get notified about new parts!

My Mafia Men Where stories live. Discover now