အပိုင်း8 Zaw

148 4 0
                                    

  "အ!!...ငါဘယ်ရောက်နေတာလဲ"

"နိုးပြီလား.."

"ပိုင်...ပိုင်မိန်ကလေး"

"မှန်တယ်....ရှောင်ဆိုတာ မင်းလား.."

"ဟမ်.."

"မနေ့က ရှောင်လို့ ၀မ်သခင်လေးက ခေါ်လိုက်တာ မင်းလား"

"အော်....ကျုပ်အမည် ရှောင်ကျန့်...ရှောင်တော့ မဟုတ်ဘူး"

"လူမမှားနိုင်ပါဘူး.."

"ဘာပြောတာလဲ"

   ရှောင်ကျန့် နိုးနိုးခြင်း ခေါင်းထဲ ရိပ်ကနဲ့ မူးဝေလာတယ်။အမြန် ခေါင်းကို ဘယ်ညာ ရမ်းပြီး ထထိုင်တော့ စာပွဲခုံပေါ်တွင် ရေနွေးကြမ်းသောက်ပြီး ထိုင်နေတဲ့ ပိုင်ရှင်းဆွေ့ကို တွေ့လိုက်ရတယ်။လှလိုက်ပုံများ ရေနွေးခွက်လေးကိုင်ထားတာကို ကျောက်စိမ်းရုပ်ထုလေးလို့လေး။အဟိ~^_^~

     "ရိပေါ်ရော...ဘယ်သွားနေတာလဲ"

"စိတ်မပူပါနဲ့...ရှောင်သခင်လေးရဲ့ တည်နေရာကို သူမကြာခင်ရောက်အောင်လာတော့မှာပါ"

  "ခဏ ခဏ နေပါအုံး..ဒါဆို ကျုပ်က"

"ပြန်ပေးဆွဲလာတာ"

   ဟ အဲ့တာ ‌ဗီလိန်လုပ်ရပ်မို့လား ဘယ်နှယ့် ငါ့လို ယောက်ျား ရင့်မာကြီးက ပြန်ပေးဆွဲခံရတယ်လို့။

  "ဘာလို့လဲ"

"ရှင့်ကို အရမ်းတွေဂရုစိုက်နေတယ် လို့ ထင်မနေနဲ့........၀မ်သခင်လေးကို အိမ်အလည်ခေါ်တာ မလိုက်လို့ ဒီနည်းလမ်းသုံးလိုက်ရတာ...မဆိုးဘူး သူမကြာခင်ရောက်လာတော့မှာ"

   "ဟမ် အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ ..ရှင့် တစ်ယောက်ထဲကို ဘဲ ၀မ်ရိပေါ်ရဲ့ မျက်လုံးထဲရှိနေတာလေ..."

"မိန်ကလေး...မင်းမှားမယ်.."

"မမှားနိုင်ဘူး..."

    ဒုန်း!! ဒုန်း!! ကျွီး!!

  ရှောင်‌ကျန့် ရှေ့က တံခါးပေါက်ဟာ ချက်ချင်းလက်ငင်း ကျိုးကြေ သွားသည်။ဖုန်းမှုန့်များကြားမှ အဖြူရောင်အရိပ်လေးတစ်ခု ဝေဝေဝါးဝါး မြင်နေရသည်။ရှောင်ကျန့် ချောင်းတစ်ချက်ဆိုးကာ

ဇာတ်လိုက်ကို ကွာရှင်းမယ် {Complete ✓ }Where stories live. Discover now