လူစည်ကားပြီးဆူညံနေတဲ့စျေးအတွင်းမှာ အညိုရောင်စက်ဘီးလေးတစ်စီးက ရွေ့လျားနေသည်။ မနက်ခင်းလေပြေအေးလေးက စက်ဘီးပေါ်က မိန်းကလေးရဲ့မျက်နှာပေါ်ကိုဝေ့တိုက်သွားသောအခါ လူတိုင်းသဘောကျချင်စရာ အပြုံးလှလှလေးကထွက်ပေါ်လာတော့သည်။
ကျွီ...
" ရောက်လာပြီလား ဆာရန်း "
" ဟုတ်ကဲ့ အဘွား "
တံခါးကိုဖွင့်ပြီး အထဲကိုဝင်လိုက်သောအခါ သူမကိုနှုတ်ဆက်တဲ့လာအဘွားကို ပြုံးပြကာပြန်ပြီးဖြေလိုက်သည်။
ခေါင်းပေါ်က ဦးထုတ်အဝါရောင်လေးကိုချွတ်၍ ကောင်တာပေါ်တွင်တင်လိုက်ကာ တိုင်ကပ်နာရီကိုလှမ်းကြည့်မိလိုက်သည်။
သူလာတော့မယ့်အချိန်ပဲ။
" မမလေးရောက်လာပြီထင်ပါရဲ့ "
ဆာရန်းတွေးနေသည့်အခိုက်တွင် အနောက်ကအဘွားရဲ့စကားသံကြောင့် တံခါးပေါက်ဆီကိုကြည့်လိုက်မိတော့ မြင်ဖူးနေကြ ကားတစ်စီးကနေရာယူထားသည်။
ဆာရန်း ကောင်တာမှအမြန်ထကာ ဒီနေ့အတွက်စာအုပ်လေးတစ်အုပ်ကို စာအုပ်စင်ကနေရွေးယူလိုက်သည်။
" ဟော ရူအိမ်တော်က သမီးလေးပါလား "
ကောင်တာသို့ပြန်လာစဥ်အခိုက် ကြားလိုက်ရတယ့်စကားသံကြောင့် ဆာရန်းမော့ကြည့်လိုက်တော့ အရင်ကမြင်နေကြသူအပြင် နောက်ထပ် တစ်ယောက်။
မြို့အုပ်မင်းရဲ့သား။
" ပြန်တွေ့ရတာဝမ်းသာပါတယ် ပညာတော်သင်ကနေပြန်လာတာ့မယ်ကြားပေမယ့် မြန်သားပဲနော် "
" ဟုတ်ပါရဲ့ အိမ်နဲ့ မြို့ကိုလွမ်းနေတာနဲ့ အမြန်ပဲပြန်လာခဲ့ဖြစ်လိုက်တယ် "
ဆာရန်းထိုလူရဲ့စကားကိုနားလည်သဖွယ် အနည်းငယ်ပြုံးပြလိုက်ပြီး အနောက်ကတိတ်ဆိတ်နေတဲ့သူကိုကြည့်လိုက်မိသည်။
" မမလေး မာအီ "
" ဆာရန်း "
အတွေးများနေတယ်ထင်ရတဲ့ မမလေးဟာ သူမအသံကြားတဲ့အခါ သူမနာမည်ကိုပြန်ခေါ်ကာ လှည့်ကြည့်လာပြီး ပြုံပြလေတယ်။
YOU ARE READING
Red Blooms In Brown Pages | MyLovez
FanfictionRyu Sarang X Tomioka Mai • Written in burmese