လွန်ခဲ့သော လေးနှစ်ဝန်းကျင်ခန့်-ပတ်ဝန်းကျင်က အသံတွေကို ဖုံးလွှမ်းသွားအောင်ထိ ပျော်ရွှင်ရယ်မောနေကြတဲ့ ရူ နဲ့ တစ်ခါမှ မမြင်ဖူးသေးတဲ့ ကောင်မလေးတစ်ယောက်ကို မာအီ ခပ်လှမ်းလှမ်းမှကြည့်နေမိသည်။
ဘွဲ့ရပြီးနောက်ပိုင်း ရူ နဲ့ မာအီ တဖြည်းဖြည်းဝေးကွာလာလိုက်တာ ...။
အခုလက်ရှိ ရူ့ဘေးမှာရှိနေတဲ့ မိန်းကလေးဟာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရလောက်အောင်အထိ။"ရူ..."
မာအီ အသံကြားတော့ ရူ တစ်ယောက် ခေါင်းကိုချာခနဲလှည့်ကြည့်လာသည်။
ရူ့ရဲ့ နှစ်လိုဖွယ်အပြုံးတွေနဲ့ အတူပေါ့။"မမ! ! "
မာအီ ရူ့ဘေးနားက ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီး-
"သူငယ်ချင်းအသစ်လား "
"ဟုတ်တယ် မမ
Group Project လုပ်ရင်း ရင်းနှီးသွားကြတာ။ ဂျောင်အွန်းတဲ့ ...။ ဂျောင်အွန်း ဒါ ငါ့- ""ရူ့ ကောင်မလေးပါ "
ရူ့ထက်အရင် မာအီ ကိုယ့်ကိုယ်ကို ရူဆာရန်းရဲ့ ကောင်မလေးဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။
မိတ်ဆက်တာ...
အင်း မိတ်ဆက်လိုက်တယ် ဆိုတာထက် ရူဆာရန်း ကောင်မလေးဖြစ်ကြောင်း မာန်တိုင်တက်လိုက်တာ။ထိုကောင်မလေးက ရူနဲ့ မာအီကို အံသြစွာနှင့် တစ်လှည့်စီကြည့်နေတော့သည်။
"မမ ရူ့ကို လာကြိုတာ
အတန်းပြီးပြီမလား "အလုပ်များနေတတ်တဲ့ မာအီက လာကြိုတယ်လည်းပြောရော ရူ တစ်ယောက် ခေါင်းလေး တဆတ်ဆတ်ညိတ်ကာ မတ်တပ်ရပ်နေသည့် မာအီလက်ကို တွဲပြီး ခွေးပေါက်လေးလိုမျိုး တိုးဝှေ့ကာ ကပ်ချွဲနေတော့သည်။
"မနက်ဖြန်မှ တွေ့မယ်နော် ဂျောင်အွန်း "
"ဟုတ်ပြီ ဆာရန်း "
ဂျောင်အွန်းဆိုသည့် ရူ့ သူငယ်ချင်းမလေးကို မာအီ တစ်ချက်မျှပြုံးကာ နှုတ်ဆက်လိုက်သည်။
"မမ ရူ့ကို ဂျောင်အွန်းနဲ့ သဝန်တိုနေတာမလား "
"..... "