[ ၁ ] uni+zaw

729 16 2
                                    

[Unicode]

မနက်ခင်း အာရုံလင်းသည်နှင့် လင်းကြက်တွန်သံကြားရပြီး  ရွာဦးက ‌ဘုန်းကြီးကျောင်းမှ အုံးမောင်းခေါက်သံက ပေါ်ထွက်လာတယ်။ဒီအချိန်က အလွန်ဆုံးရှိမှ လေးနာရီလောက်ပင်။မကြာခင်ပဲ အိမ်ငယ်လေးတွေစီမှ မီးများလင်းလာပြီး အမျိုးသမီးများမှာ ချက်ကြပြုတ်ကြပြီး အမျိုးသားများမှာတော့ လယ်ယာကိုင်းကျွန်းများအား ထွန်ယက်ခြင်းပြုလုပ်ရန် စီစဉ်နေကြတာပေါ့။

တောသူတောင်သားများဖြစ်သည့်အတွက် ရွာသူရွာသားများအားထားတဲ့အလုပ်က လယ်ယာစိုက်ပျိုးခြင်းနှင့်မွေးမြူရေးလုပ်ငန်းများသာ။ဒီကြားထဲ သီးနှံလေးတွေစုထားပြီး အရောင်းအ၀ယ်ပြုလုပ်ကြရ‌တယ်။

ဒီရွာလေးသည် မကွေးမြို့ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာလေးတခုသာဖြစ်ပြီး " အင်းငယ် " ရွာလေးဟုအမည်တွင်တယ်။ရွာတရွာလုံးမှာ အိမ်ခြေ  ၂၀၀ လောက်ရှိသည်မို့ အတော်အသင့်တော့ ကျယ်တာပေါ့။

မြို့နဲ့အလှမ်းဝေးတဲ့ကျေးလက်ဒေသတခုဖြစ်သည်မို့  "အင်းငယ် "ရွာလေး၌  မီးမရပါ။ဆိုလာပြားနှင့်ဘက်ထရီအိုးများကိုသာအသုံးပြုရပေါ့။မြို့မှာနေသည့်သူများကတော့ ဒီနှစ်ခုအား သိချင်မှ သိမှာပေါ့။ရွာငယ်လေးများမှာတော့ အမြဲတမ်း ထိုအရာတွေကိုသာအသုံးပြုပြီး နေ့စဉ်ဘ၀ကို ကျော်ဖြတ်ရတယ်။

‌ရွာအမည်က အရမ်းခေါ်ရခက်နေပေမဲ့ ထိုသို့ဖြစ်ရခြင်းမှာလဲ
ရွာသူရွာသားများကြောင့်သာ။စိတ်၀မ်းကွဲနေသည့် လူနှစ်ယောက်မှအစပြု၍  ရွာတရွာထဲ၌  သူကြီးနှစ်ယောက်ဖြစ်ကာ
ရွာပင် နှစ်ခြမ်းကွဲသွားတဲ့အထိ။ နဂိုက အင်းငယ် ဟုအမည်တွင်သည့် ရွာလေးမှာ  သူကြီးနှစ်ယောက်ကြောင့်ပင်
တောင်အင်းငယ် နဲ့ မြောက်အင်းငယ်ဆိုပြီး ကွဲပြားနေကာ
တောင်အင်းငယ်ဘက်အခြမ်း၌ အိမ်ခြေ ၁၀၀‌ ရှိသလို
မြောက်အင်းငယ်ဘက်အခြမ်းမှာလဲ အိမ်ခြေက ၁၀၀ပင်။

တောင်အင်းငယ်အခြမ်း၌ အုပ်ချုပ်သူ သူကြီးမှာ ဦးမဲလုံးဟုအမည်တွင်ပြီး ဒေါ်နွဲ့ခင်ဆိုတဲ့ဇနီးနဲ့အတူ  ထင်ရှားမင်းလူ ဆိုတဲ့ သားတယောက်ရှိတယ်။တဦးတည်းသောသားမို့ ငယ်စဉ်ထဲက အလိုလိုက်ထားပြီး မိဘနှစ်ပါးလုံးက မြှောက်စားထားတာပေါ့။

ရတုအဆက်ဆက်၌ ထင်ရှားစေ  [ Ongoing ]Where stories live. Discover now