[ ၂ ] uni+zaw

280 16 0
                                    

[Unicode]

" ကြားလို့မှကောင်းကြ‌သေးရဲ့လားကွ "

" အဘတော့မသိဘူး ကျုပ်တော့အဘအသံကြောင့်
အတော်နားညီးနေပြီ "

" ဟေ့ကောင် ထင်ရှားမင်းလူ "

" ဗျာ "

တောင်အင်းငယ်ဘက်အခြမ်းမှ သူကြီး ဦးမဲလုံးတယောက် ဒေါသထွက်ကာ ပြောနေသည်များကို အနားမှ ဇနီးသည်က
ညိမ်ကာနားထောင်နေပြီး သားဖြစ်တဲ့ ထင်ရှားမင်းလူကတော့
တခွန်းမကျန်ပြန်ပြောနေတယ်။

" အဘရာ ဒီထိပ်တုံးကြီးကို မီးထည့်ပြစ်ပါဆိုတာ အခုထိမထည့်သေးဘူး "

" ဘာကွ ငါထိပ်တုံးကိုများ မီးထဲထည့်ရမယ်တဲ့ ထိပ်တုံးတော့မထည့်ဘူးကွ မင်းကိုပဲ ထည့်လိုက်မယ် "

ထင်ရှားမင်းလူ သူ့ခြေထောက်အား ခတ်ထားသည့် ထိပ်တုံးအား ကြည့်ကာညည်းညူပြီးပြောလိုက်တော့  အစက ဆူတာရပ်နေသည့် အဘထ ထပြောလာတယ်။ဘေးနားက အမကတော့ ဘာမှ၀င်မပြောပဲ သူ့ကိုသာကြည့်နေတာပေါ့။

" အဘရာ အခုကအဘသားခံလာရတာလေ အဲ့တာကို အဘက ထိပ်တုံးခတ်ထားရလား တကယ်ဆို ဒီမျက်နှာက ဒဏ်ရာကို ဆေးထည့်ပေးရမှာကို "

ရှုံ့မဲ့လျက်ပြောနေသည့်ကောင်အား ဦးမဲလုံး ဘုကြည့်ကြည့်ပြီး ဘာမှပြန်မပြော။ဘယ့်နှယ်  ဟိုဘက်အခြမ်းအားသွားပြီး
ဟိုဘက်က သူကြီးသားအား ရန်စပါသည်တဲ့။အဲ့တော့ဟိုက
အသားနာရင်မခံတဲ့သူဆိုတော့ ပြန်ထိုးတာပေါ့။

နည်းသေးသည်လို့ပြောရင်လဲ အဘကရက်စက်တယ်ဖြစ်ဦးမယ်။ကျန်တဲ့သူဆို မပြောလဲရပေမဲ့ ရတုမိုးနေဆိုတဲ့ကောင်လေးဖြစ်နေသည့်အတွက် ပြောရသည်။သူ့အဖေနဲ့မတူစွာယဉ်ကျေးသည်မို့ အဖေအားစကားမပြောသော်လည်း ရတုမိုးနေနှင့်တော့ ပုံမှန်ဆက်ဆံတယ် ။

ယောက်ျားချင်းတူပေမဲ့ အိမ်ကအကောင်ထပ်တော့ အများရီးသာတယ်။တနေ့တနေ့ မရိုးအောင် ရှာလာတဲ့ ပြဿနာအား
အဖေနဲ့အမေကလိုက်ရှင်းပေးရပြီး နောက်တခါမရှာဘူးဆိုတာမရှိ။

ရှေ့ကရှင်းပေး နောက်ထပ်ရှာတာပင်။အခုလဲ  ရန်သွားစပြီး ခံလာရတော့ ဆေးပင်လူးပေးရဦးမည်တဲ့။ဒီလိုသားမျိုးတယောက်ပဲ မွေးပေးသည့် ဇနီးအား ထိုင်၍ကန်တော့ချင်သွားတယ်။တယောက်ဆိုမှ တကယ့်တယောက်။

ရတုအဆက်ဆက်၌ ထင်ရှားစေ  [ Ongoing ]Where stories live. Discover now