Part (6)

4.9K 257 2
                                    


Kris > ပြော Min Young!
Borr ! Mr.Kim ကလား ???
ရတယ် ....ငါဘဲ တိုက်ရိုက်ပြောမယ်
အဲ့စာချုပ် လက်မခံ လိုက်နဲ့နော်
အေးး တနာရီ အတွင်းငါလာခဲ့မယ်
Kris ဖုန်းချလိုက်တော့ Tao လဲ ထွက်လာပြီ ဖြစ်သည်
ဒီ နေ့ မနက် သူမကို Arrjima ဆီ လာပို့ပေးထား တာကို အပြန်ဝင် ခေါ် နေရင်း အလုပ်ကိစ္စ ဖုန်းလာတာဖြစ်သည် ။

Kris > သွားတော့မယ် Arrjima ကျနော် အရေးကြီးကိစ္စ ရှိ လို့
Arrjima > အအေးသောက်သွားဦးလေ
Kris > အချိန် မရ တော့လို့ သွားရအောင်
တောင်းပန် သလို ဂရုမစိုက်သလိုနှင့် Kris က Tao လက်ကို ဆွဲ ကာ ရှေ့ မှ ထွက်သည်
Tao Arrjima ကိုအားနာမိသွားသည် Tao > Arrjima Tao နောက်တခါ လာမှ ဘဲ ....

Kris > မြန်မြန် တက် ကွာ ဒီ မှာ အရေးကြီးလို့ ပါဆိုမှ
ကားတံခါးဖွင့်ပေး ကာ Tao ကိုအရင် တက်စေသည်
Tao > ကိုကိုကလဲ အမြဲ အရေးကြီးနေတာဘဲ
နှုတ်ခမ်းလေးဆူကာ Tao ပြောလိုက်တော့
Kris > မင်းမသိဘူးလား မိန်းမယူထားလို့မိန်းမအတွက် အချိန် တွေ ဖဲ့ပေးနေရ တာ တယောက်ထဲ ဆို အသက်တောင် မရှုချင်ဘူးး
Tao သူ့ကိုလှည့်ကြည့်မိသည်
မျက်မှောင်ကုတ်ထားကာ ဘယ်အချိန် ကြည့်ကြည့် နှုတ်ခမ်းနှစ်စုံ ကတင်းတင်းစေ့နေသည်
Tao သူ့ကိုပထမဆုံး မြင်လိုက်ကတညက စွဲ ထင်သွားသည့် နှစ်သက်ခြင်းသည် သူချောလို့မဟုတ်ပေ ။
သု့မျက်နှာမှ တည်ကြည်ပြတ်သားခြင်းတွေ ရှိနေသည်
လျော့ရဲ ပြီ တီ သော အကြည့်မျိုး လဲ မျက်ဝန်းထဲ မှာ မရှိပေ။
ဒီ လူ့ဘေးမှာ ရှိ ခွင့် ရလျှင် အရာ ရာ ပြည့်စုံ နိုင်သည် ဟု ယုံကြည်စိတ် တို့အလိုအလျောက် ဖြစ်ရ အောင် သူရဲ့ သဏ္ဌာန် ကထူးခြားနေသည်
Tao သူ့ကိုငေးနေဆဲမှာ ပင် ဖုန်းဝင်လာပြန်၏

Kris > Yahhh ! Lee Min Young မင်းအဲ့လောက်တောင် အသုံမကျဘူးလား အေး ဆက်စောင့်နေ ငါအခုဘဲ လာနေပြီ
ဖုန်းကို ချပစ်လိုက်ကာ ကားကို ဝိုက်၍ပြန်ကွေ့သည်
အရှိန်နှုန်းဆ ခုနကထက်ပိုမြန်သည်
Tao ကျောလေး ကူရှင်မှာ ကပ်လျက် စကားလဲ မပြောရဲပေ ဒေါသအရှိန် ကခြေထောက်မှ တဆင့် လီဗာဆီ အတိုင်းသားရောက်နေသည်

မကြာလိုက် ။ ကားလေးက ကမ်းနားတခုနား ရောက်သွားသည် အပျော်စီး Speed boat တွေ တန်းစီ ရပ် ထားသည့် နေရာ မှာ အနောက်တိုင်းဝတ်စုံ နှင့် သူတယောက် အခြားယောက်ျားနှယောက်နှင့် စကားများနေပုံရသည်
Kris ဆင်းသွားကာ
Mr.Kimဟုခေါ် သော လူနှင့် စကားပြောသည်
Tao ကားပေါ် မှ နေ၍ထိုင်စောင့်နေလေသည်

(Taoris)Hiding Love Over Hate < Completed>Where stories live. Discover now