🪐⋆。°✩

1K 143 18
                                    

🪐⋆。°✩

"အာ့"

"ဆောရီး...ဆောရီး...ရရဲ့လား"

ဆောလ်နူးလမ်းသွားနေရင်းနှင့်ပင်လက်ထဲမှဖတ်လက်စဆောင်းပါးအပေါ်သာအာရုံရောက်မိနေခြင်း၏အကျိုးဆက်ပင်။

တစ်ခုခုနှင့်ပြင်းပြင်းထန်ထန်ဝင်တိုက်လိုက်မိသည်နှင့်အတူ မြေကြီးပေါ်သို့ထိုင်လျက်ပြုတ်ကျသွားပြီး မျက်မှန်မှာလည်းကျွတ်ထွက်သွားသောကြောင့် သူ့ရှေ့တွင်ခပ်ဝါးဝါးအရိပ်တစ်ခုကိုသာတွေ့ရသည်။

"အဆင်ပြေရဲ့လား..ဆောရီးပါ..ကိုယ်သတိမထားမိလိုက်ဘူး"

ဆောလ်နူးမြေကြီးပေါ်သို့ မျက်မှန်လိုက်စမ်းနေရင်းနှင့်ပင် သူနှင့်ဝင်တိုက်မိသူဖြစ်ပုံရသောသူက တောင်းပန်စကားဆိုလာသည့်အခါ "ရပါတယ်" ဟုသာတုံ့ပြန်မိသည်။သူ့အမှားလည်း ပါသည်မဟုတ်လား။

"ဂျူနီယာတန်းကထင်တယ် ဖလက်ရှာလေးများလား ဘယ်သွားမလို့လဲ"

လက်ထဲသို့အလိုအလျောက်ရောက်လာသည့်မျက်မှန်ကိုအမြန်တပ်လိုက်ပြီး ရှေ့ကလူကိုကျေးဇူးတင်ရင်ပြန်လိုက်စဉ်မှာပင် ကြားလိုက်ရသောအရာကြောင့် ဆောလ်နူးနှာခေါင်းရှုံ့မိသွားသည်။

ဆောလ်နူးက Journalism major ကနောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်မို့ ဒီတက္ကသိုလ်မှာ စီနီယာအကျဆုံးကျောင်းသားထဲမှာပါသည်ဖြစ်သောကြောင့် သူစီနီယာလို့ခေါ်ရမည့်သူဒီကျောင်းတွင်မရှိနိုင်ပါတော့ချေ။

စိတ်ထဲတွင်သာရန်တွေ့နေမိသောကြောင့် အကျင့်အတိုင်းသူစိမ်းတွေနဲ့ စကားပြောရာတွင်အနည်းငယ်အခက်အခဲရှိတာကြောင့် ထေ့ငေါ့နေသည့်စကားသံများကသာထွက်လာသည်။

"စာ..စာကြည့်တိုက်ကိုပါ"

ဆောလ်နူးမှာ သူ့မေဂျာနှင့်တောင်နှင့်မြောက်လိုဖြစ်နေသည့် ဒီလမ်းကနေတစ်ခါမှဖြတ်မသွားဖူးပါ။ဒါပေမယ့်သူသွားနေကြလမ်းတွင် ဖလက်ရှာဝဲလ်ကမ်းအတွင်ပြင်ဆင်နေပုံရပြီး လူအများအပြားရှိနေတာကြောင့် ဖြတ်လျှောက်ရမှာရှိုးတို့ရှန့်ဖြစ်သည့်ဆောလ်နူးက ပို၍ဝေးသည့်လမ်းကိုရွေးချယ်ခဲ့ကတာဖြစ်သည်။

Chemically Yours /Yangsun/Where stories live. Discover now