ရင်တွင်းဖြစ်

1 1 0
                                    

"အချိန်တွေ ကြာလာတာနဲ့အမျှ
ဖြစ်ပြီးရင် ပြတ်မှာပဲဆိုတဲ့ စကားကို လက်ခံတတ်လာတယ်
တစ်နေ့နေ့ကျရင် ယခုဖြစ်ပျက်နေတဲ့အခြေအနေတွေဟာ ပြောင်းလဲနိုင်တယ်ဆိုတာသိလာတယ်"

"ဒီနေ့နဲ့မနက်ဖြန် မသေချာတဲ့လောကကြီးမှာရှင်သန်နေရပြီး
တစ်နပ်စာစားရဖို့အတွက် ဘဝမုန်တိုင်းတွေအခက်အခဲတွေကြားကနေ ရုန်းကန်ကြိုးစားပြီး ရပ်တည်နေရတဲ့ဘဝတွေဟာ
အမှန်တကယ်ရှိတယ်"

"ဒီလူတော့ ငါ့အပေါ် မလုပ်ရက်လောက်ပါဘူးဆိုပြီး
အကြွင်းမဲ့ယုံကြည်မိလိုက်ကာမှ နောက်ကျောကို ဓားနဲ့ထိုးခံခဲ့ရတဲ့ နာကျင်စရာအဖြစ်အပျက်တွေ"

"မွေးရာပါ လူတကာပေါ်အားနာတတ်လွန်းတဲ့စိတ်
တစ်ဖက်သားအပေါ် တွေးပေးတတ်လွန်းတဲ့စိတ်ကြောင့်
ချောက်ထဲကျခဲ့ရတာ ခနခနပေါ့"

#‌Ingyin#

ရင်တွင်းဖြစ်(စာတို)Where stories live. Discover now