ရင်တွင်းဖြစ်

1 1 0
                                    

"အလျော့ပေးမှန်းသိရင် အနိုင်ပိုင်းချင်ကြတယ် နားလည်ပေးမှန်းသိရင် ရောင့်တတ်ချင်ကြတယ် ခွင့်လွှတ်ပေးတတ်မှန်းသိရင် အမှားတွေ ထပ်တလဲလဲ ကျူးလွန်ဖို့ ဝန်မလေးကြတော့ဘူး မပြတ်သားနိုင်မှန်းသိတဲ့အခါ တန်ဖိုးမထားတော့ဘူး
ကိုယ့်အပေါ် လုပ်ရက်လိုက်လေးခြင်းလို့လည်းမတွေးတော့ဘူး
တကယ်တမ်းအစထဲကမှားနေခဲ့တာက ကိုယ်မဟုတ်လား"

"လူတိုင်းနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့မလိုပါဘူး
ကိုယ့်ပုံစံအတိုင်းပဲကိုယ်နေပါ မင်းမဟုတ်တဲ့တစ်ခြားပုံစံပြောင်းစရာမလိုပါဘူး အချစ်ခံရဖို့လည်း လိုက်ကြိုးစားနေဖို့မလိုဘူး ကိုယ့်ပုံစံအတိုင်းပဲကိုယ်နေပါ အဖြူစင်ဆုံးစိတ်ထားထားပါ မင်းရဲ့ဖြစ်တည်မှုကို အမှန်တကယ်လက်ခံတဲ့သူတွေ
မင်းအနားရောက်လာလိမ့်မယ်"

"လူတိုင်းမှာ မမှားသင့်ပဲ မှားခဲ့ကြတဲ့ အမှားကိုယ်စီရှိကြတယ်
အဲ့ဒီအမှားတွေကိုပြန်ပြင်လို့မ‌ရတော့ပေမဲ့ အဲ့ဒီ့အမှားတွေကနေ သင်ခန်းစာယူလို့ရပါတယ်"

"ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ
ဘယ်သူ့အပေါ်ကိုမှလိုတာထက်ပိုမမှီခိုပဲ ငါ့အတွက်ငါရှိတယ်ဆိုတဲ့ စိတ်မျိုးထားပါ"

#Ingyin#

ရင်တွင်းဖြစ်(စာတို)Where stories live. Discover now