သူငယ်ချင်းမရဲ့ ဆွဲစားခံရခြင်း

24.9K 89 0
                                    

သူငယ်ချင်းမရဲ့ မထင်မှတ်ပဲ ဆွဲစားခံလိုက်ရတဲ့အကြောင်း ရေးပြချင်ပါတယ်။
အားတဲ့အချိန်ရေးတင်ပေးပါမယ်။

***     ****
သူလည်းရည်းစားရှိ၊ ကိုယ်လည်းရည်းစားရှိနဲ့ဖြစ်မိသွားကြတာပါ။ တနေ့ညနေမှာ ဘီယာဆိုင်ထိုင်ခါစရှိသေး အဲဒီသူငယ်ချင်းမ ဖုန်းဆက်လာတယ်။ သူ့ကိုလေဆိပ် Arrival မှာလာခေါ်ပေးပါတဲ့။

"ဟဲ့ နင်ဘယ်ကပြန်လာလို့လဲ
အဖော်တွေမပါဘူးလား" လို့မေးလိုက်တော့။
"နင်အဲဒါတွေမေးမနေနဲ့ တွေ့မှပြောပြမယ်
ငါအခု Arrival ဂိတ်အဝမှာ အမြန်လာခေါ်" အသံက အလိုမကျသံနဲ့ဆိုတော့
"အေး အေး
ငါအခုလာပြီ"
လို့ပြောပြီး လေဆိပ်ကိုကားအမြန်မောင်းရတာပေါ့။ စိတ်ထဲမှာလည်း သူဘာများဖြစ်နေလဲတွေးရင်းအဖြေကရှာမရ။
မိန်းခလေးသူငယ်ချင်းတော်တော်များများ သူတို့အကူအညီလိုရင် ကိုယ့်ကိုသတိရကြတာများတယ်။ ကိုယ်ကလည်း မငြင်းဘဲ လုပ်ပေးလေ့ရှိတာကိုး။ ဖွန်ကြောင်ပြီးလုပ်ပေးတာမဟုတ်ဘူးနော်။ ဘာဖြစ်လို့မှန်းမသိ မိန်းကလေးတွေဆိုရင် အလိုလိုကူညီချင်နေတာ။ 😆 (မယုံရင် အကူအညီတောင်းကြည့်ပါလား။ 😁)
Arrival ရောက်တော့ သူငယ်ချင်းမကို ကျောပိုးအိတ်လေးလွယ်ရင်းတွေ့တယ်။ ကိုယ့်ကားရပ်တာနဲ့ သူကိုယ့်ဘေးမှာ ဝင်ထိုင်ပြီး
"ရပြီ
မောင်းတော့"
"ဟင် နင်ခရီးကပြန်လာတာ မဟုတ်လား
ဘာမှမပါဘူးလား"
"စိတ်ညစ်ရတဲ့ကြားထဲနင်ကလဲ
ငါပြန်လာတာမဟုတ်ဘူး ငါ့ဘဲပြန်လာတာ လာကြိုတာ"
သူ့ရည်းစားက သင်းဘောသားဆိုတာသိထားပေမယ့် လူချင်းမရင်းနှီး။
"အော်
ဘယ်မှာလဲ နင့်လူ
ရန်ဖြစ်ကြပြန်ပြီလား" ပြုံးစေ့စေ့နဲ့ စလိုက်တော့
"Flight cancle ဖြစ်လို့ဟေ့
လေယာဥ်ဆင်းလို့မရဘူး"
(အဲဒီနေ့က ကွင်းထဲမှာ လေယာဥ်နှစ်စင်းတိုက်မိတာလား၊ ပျက်တာလားမသိ။ လေယာဥ်အဆင်းအတက်တွေလုပ်လို့မရတော့တာပဲမှတ်မိတယ်။)

"ဒါဆိုလည်း အိမ်ပြန်ပို့ပေးမယ်
နောက်နေ့ရောက်လာမှာပေါ့
နင်ကလည်း ဖြစ်နေလိုက်တာ"

"ဟဲ့
ငါအိမ်ပြန်လို့မဖြစ်ဘူး
သူငယ်ချင်းတစ်ယောက်အလှူရှိလို့ သူ့အိမ်မှာ ညအိပ်သွားကူမယ်ပြောထားတာ"

"အော်
နင်တို့ကဒီလိုကိုး" သူ့ကိုအဓိပ္ပါယ်ပါတဲ့အကြည့်နဲ့ကြည့်ရင်းပြောလိုက်မိတယ်။

"ငါတို့မတွေ့တာ ကြာလှပြီဟ"
ကြည့်ရတာ သူ့ဘဲနဲ့ ဒီညအတူနေဖို့စီစဥ်ထားပုံရတယ်။

"အေးပါ
အေးပါ
အခုဘယ်လိုက်ပို့ရမလဲ"

"မသိတော့ဘူးဟာ
အိမ်ပြန်လို့မဖြစ်တာတော့သေချာတယ်"

"အဲဒါဆိုလည်း နင့်သူငယ်ချင်းတစ်ယောက်ယောက်အိမ် သွားအိပ်လိုက်ပေါ့"

"ဟာ
ငါအခုအချိန်ဘယ်သူငယ်ချင်းဆီမှ မသွားချင်ဘူး
မတွေ့ချင်ဘူး"

"ဒါဆို
ငါ့ကျတော့ရော"

"နင်ကတော့ မတူဘူးလေ"

ကိုယ်လည်းသူ့ကိုဘာပြန်ပြောရ၊ အကြံပေးရမှန်းမသိဖြစ်နေမိတယ်။

"ငါ့ကို တည်းခိုခန်းတခုခုဖြစ်ဖြစ်
ဟိုတယ်ဖြစ်ဖြစ်လိုက်ပို့ဟာ"

"နင်တယောက်ထဲ ဖြစ်ပါ့မလား"
"စိတ်မချရင် နင်ပါအဖော်လုပ်လိုက်ပေါ့"
ကိုယ်ကတကယ်စိတ်ပူလို့မေးတာကို သူပြန်ပြောတဲ့စကားကြောင့် ပုခုံးတွန့်မိတယ်။ သူကစိတ်တိုင်းမကျရင်ရစ်တတ်မှန်းသိလို့ ဘာမှဆက်ပြောမနေတော့ပဲ အနီးဆုံး ဟိုတယ်တစ်ခုထဲဝင်သွားလိုက်တယ်။

Myanmar 18+ အပြာစာပေများWhere stories live. Discover now