ကျိုးချန်တစ်ယောက် အမှု့သည်အပ်ထားတဲ့ ကိစ္စကိုစစ်ဆေးနေရင်း ဘေးမှလုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားသံတွေကိုကြားနေရသည်။
"ဝေး... ငါသတင်းတစ်ခုကြားလာတယ်"
"အမယ် ဘာသတင်းမို့လို့လဲ"
"ပြောမှာပေါ့ တရားသူကြီးဟိုက်ခွမ်းကို သိတယ်မလား"
"သိတယ်လေ နာမည်ကြီးပဲဟာ"
"အေး သူစေ့စပ်တော့မယ်တဲ့"
' ဘုတ် '
ကျိုးချန်ကိုင်ထားတဲ့ဖိုင်က ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားလေသည်။မဖြစ်နိုင်တာ။ဟိုက်ခွမ်းက သူ့ကိုဘာမှ,မှမပြောသေးတာ။ပြုတ်ကျသွားတဲ့ ဖိုင်ကိုလဲ မကောက်နိုင်တော့ဘဲ ကျိုးချန်က အပြင်ကိုပြေးထွက်လာခဲ့သည်။
ထိုအခါ ဘေးမှရှိနေသောသူများက
"ဟာ ကျိုးချန်ကဘယ်လိုဖြစ်တာလဲ"
"မသိဘူးလေ ကိစ္စရှိလို့နေမှာပေါ့"
"ေအးလေ ကဲ ကဲ အလုပ်,လုပ်ရအောင်"
"ခုနက သတင်းကိုဆက်ပြောဦးလေ၊"
"ငါလဲ ဒါပဲသိတာ"
"မင်းကလဲ တော်တော်သိတယ်နော်"
"ဒါက ငါအစောဆုံးသိလာတာနော် ကဲပါ အမှု့ချိန်ူထားတာရှိလို့ သွားဦးမယ်"
"အေး"
' ဝုန်း '
တံခါးကိုအကြမ်းပတမ်းဆွဲဖွင့်လာသူကို ပြောမလို့ကြည့်လိုက်တော့ ကျိုးချန်ဖြစ်နေတာမို့ ဟိုက်ခွမ်းစိတ်ကို လျှော့ချလိုက်သည်။
ကျိုးချန်မှာတော့ စားပွဲမှာထိုင်ပြီး သူ၀င်လာတာကို တစ်ချက်ပဲကြည့်ပြီး ပြန်အလုပ်လုပ်နေသည့် ဟိုက်ခွမ်းကို မြင်ကာ ပိုဒေါသထွက်လာရသည်။ထို့နောက် ဟိုက်ခွမ်းရှိရာ စားပွဲရှေ့ကို သွားပြီး
"မင်းဘာလုပ်တာလဲ ဟိုက်ခွမ်း"
"ဘာကိုလဲ"
"ဘာကိုလဲ ဟုတ်လား မင်းစေ့စပ်တော့မယ်ဆို"
"ဟုတ်တယ်"
အလုပ်လုပ်မပြတ်ဘဲပြောလာတဲ့ ဟိုက်ခွမ်းကို ကျိုးချန်စိတ်မရှည်ဖြစ်လာကာ ဟိုက်ခွမ်း၏ကော်လံစကို လှမ်းဆွဲလိုက်ပြီး