ပြန်တွေးကြည့်လိုက်မိရင် ငယ်ငယ်ထဲကတော်တော် Edgyဖြစ်ခဲ့တာ။ Facebookကိုစသုံးဖူးတာ 2014လောက် ခုနှစ်တန်းတုန်းကလောက်ဖြစ်မယ်။ အဲ့တုန်းကထားခဲ့တဲ့ Pfpက ဆွဲကြိုးချနေတဲ့ပုံကြီးနဲ့။ တကယ့်ငစား။ Depressionကောင်လေး ဘာညာဖြစ်နေတာလဲ မဟုတ်၊ ဘာမှလည်း မဟုတ်ပဲ ထားစရာ Pfpတွေအများကြီးကမှ အဲ့တာကြီးရွေးခဲ့တာရယ်။
ငယ်ဘဝက အဖြစ်ပျက်တွေဆိုတာက ကိုယ်တွေခေါင်းထဲရဲ့ အတွင်းပိုင်းမသိစိတ်တစ်နေရာမှာ တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ ကျန်ရစ်နေမယ်လို့ထင်တာပဲ။ မေ့သွားပြီလို့ထင်ရပေမယ့် ကိုယ်တွေမသိတဲ့ ပုံစံကွဲတစ်မျိုးအနေနဲ့ပေါ့။ ဥပမာအနေနဲ့ဆို ၂တန်းလောက်က အမေကကိုယ့်ဘာသာသတ်သေဖူးတာ။ မအောင်မြင်ခဲ့တဲ့သတ်သေမှုတစ်ခုပဲပေါ့။ အိပ်ဆေးတွေသောက်ပြီးလစ်သွားတာ။ မသေပေမယ့် တစ်ပတ်နီးပါလောက် လစ်နေပြီး အသိစိတ်မရှိတဲ့လူလို စိတ်ထဲရှိရာတွေ လျှောက်ပြော၊ လုပ်ချင်တာတွေလုပ်နေရယ်။ နောက်တစ်ခုကတော့ ကိုယ်မမွေးသေးခင် နှစ်အပိုင်းခြားလောက်မှာ အမေ့အောက်က မောင်၊ ကိုယ်တွေနဲ့ဆို ဦးလေးတော်တဲ့လူက လူကြီးတွေရဲ့ ချုပ်ချယ်တာတွေ မခံနိုင်လို့သတ်သေသွားဖူးတယ်။ သူကတော့ အောင်မြင်သွားတဲ့ သတ်သေမှုလို့ပဲဆိုရမှာပေါ့။
အဲ့အဖြစ်ပျက်တွေကြုံခဲ့ဖူး၊ ကြားခဲ့ဖူးတာတွေက ကိုယ်တွေခေါင်းရဲ့မသိစိတ်တစ်နေရာမှာ ပုံစံကွဲတစ်မျိုးအနေနဲ့ ပုန်းအောင်းနေခဲ့ပြီး ဆွဲကြိုးချတဲ့Pfpထားဖို့၊ Edgyကောင်လေးအနေနဲ့ လောကကြီးကို စောက်ရွဲ့တိုက်ဖို့ တွန်းအားတွေပေးခဲ့တယ်လို့ထင်တာပဲရယ်။
YOU ARE READING
Me and My Suicidal Thoughts
RandomReader discretion is advised! 18+စာပေတွေ မဟုတ်တဲ့ 18+အကြောင်းအရာတွေပဲ ရေးဖြစ်ဖို့များပါတယ်။ 18+စာပေမဟုတ်ဘူးဆိုတဲ့အတိုင်း လိင်ပိုင်းဆိုင်ရာအပြာစာပေမဟုတ်ပဲ 18+အကြောင်းအရာတွေဖြစ်တဲ့ ခေါင်းစဥ်ကအတိုင်း ကျွန်တော်စိတ်တွင်းမှာဖြစ်နေတဲ့ Sucidal Thoughtsတွေ၊...