Part_2

60 9 13
                                    

" Steve "
အိမ်အောက်ထပ်ကကြားရသည့်အမျိုးသမီးငယ်တစ်ဦး၏အသံလေးပင်။Steve ထိုအသံကိုကြားကြားချင်း အောက်ထပ်ကိုဆင်းသွားပြီး ထိုမိန်းကလေးနှင့်တွေ့လိုက်သည်။Steveကိုနှလုံးသားမရှိဘဲ ရက်စက်တဲ့လူတစ်ဦးထင်မိနေရင် မှားသွားလိမ့်မည်ပင်။ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ မိန်းကလေးတစ်ဦး Mina။တစ်ဖက်သက်ချစ်နေရတဲ့သူဆိုလဲ မှန်သည်။အချစ်နဲ့တွေ့ရင် လူတွေက နူးညံ့တတ်သတဲ့ ထိုစကားက Steve အတွက်အမှန်ကန်ဆုံးပင်။

" Mina ဘယ်တုန်းက ရောက်တာလဲ "

" အခုဘဲရောက်တာ မြို့စားမင်းကြီးရဲ့ "

" ဟာ ကိုယ့်ကို အဲ့လိုမခေါ်လဲရပါတယ် ဒီတိုင်းနာမည်ဘဲခေါ် "

နိုင်ငံခြားက ပြန်လာကတည်းက ထိုမိန်းကလေးနှင့်မတွေ့ရသေးပေ။အလုပ်များနေတာကတစ်ကြောင်း မြို့စားမင်းရာထူးကြောင့် ဖြေရှင်းနေရတဲ့ ပြဿနာတွေကြောင့်ပါ ထိုမိန်းကလေးနှင့်မတွေ့ရသေးသည်ပင်။
" ရော့ Mina  Steve အတွက် လက်ဆောင်ယူလာတယ် ရာထူးလွှဲတဲ့နေ့ကမလာမိလိုက်တော့ ဒါလေးမပေးလိုက်ရဘူး "
ကောင်မလေးက သူ့လက်ထဲကဘူးလေးတစ်ဘူးကိုပေးလိုက်သည်။
"Steve ဆောင်းတွင်းပိုင်းကိုဝတ်ဖို့ ဆွယ်တာလေးထိုးပေးထားတာ "
Steve ထိုမိန်းကလေးပေးသည့် လက်ဆောင်လေးကို အမြတ်တနိုးထုတ်ကြည့်ပြီး ပြုံးလိုက်မိသည်။
ပြုံးတာရှားတဲ့ လူတစ်ယောက်ရဲ့ အပြုံး‌ကတော်တော်လှသည်ပင်။
ကြမ်းတမ်းတယ်ထင်ရပင်မဲ့ ပါးချိုင့်လေးခွက်ဝင်သွားအောင်ပြုံးလိုက်သည်က လှပနေသည်။

ထိုအပြုံးလေးကိုအဝေးကကြည့်နေတဲ့ ကောင်လေး
" Daniel မင်းဘာလုပ်နေတာလဲ "

" ဟင် ဟိုမှာ အကို့ကိုကြည့်နေတာ မိန်းကလေးMina နဲ့ "

" ဪ သူတို့ကလိုက်တယ်နော် " Daniel နှင့်သက်တူရွယ်တူသူငယ်ချင်းတစ်ဦးဖြစ်တဲ့ Jackကပြောလိုက်သည်။
" ဟမ် လိုက်လို့လား "

" လိုက်တာပေါ့ကွ မိန်းကလေး Mina ကအဲ့လောက်လှတာ ပြီးတော့ မျိုးရိုးကလဲမြင့်တယ် အဆင့်အတန်းလဲရှိတယ် ပြီးတော့ ဒီတစ်မြို့လုံးမှာအလှဆုံးလေကွာ "

Jackက မိန်းကလေးMina ကို ချီးမွှန်းနေသည်တို့ကို Daniel နားမလည်နိုင်
အဆင်းလှပင်မဲ့ အချင်းမလှတဲ့လူတစ်ဦးမှန်း Daniel ရိပ်မိသည်။ Steve နိုင်ငံခြားသွားကတည်းက အိမ်တော်ဆီလာလာပြီး အစေခံတွေကို အနိုင်ကျင့်လေ့ရှိသည်။အဆိုးဆုံးက Daniel ကိုပါအနိုင်ကျင့်တတ်သည်။ အစေခံတွေအားလုံးထဲတွင် တခြားသူတွေထက် Daniel ကအခွင့်ရေးပိုရတတ်သည်။အကြောင်းက မွေးကတည်းက ထိုအိမ်တော်မှာနေခဲ့ရတဲ့သူမို့ အိမ်တော်က လူအများစုရဲ့ချစ်ခြင်းကိုခံရသည်။တခြားအစေခံတွေလိုဘဲ အိမ်ရဲ့အလုပ်တွေကို လုပ်ပေးရတဲ့သူဆိုပင်မဲ့ Steve ရဲ့ အမေရဲ့ဂရုစိုက်ပေးချင်ကိုတော့ခံရတဲ့ ကလေးတစ်ဦးပင်
ထို့ကြောင့် မိန်းကလေး Mina က Daniel ကိုပိုအနိုင်ကျင့်တတ်သည်။

Endless LoveWhere stories live. Discover now