P-1

186 16 1
                                    

''အန်တီရေ သမီးကို ကြာဇံချက်တစ်ပွဲပေးပါဗျ''

''ကျွန်တော်လဲ ကြာဇံချက်ပဲအန်တီရေ ချဥ်ချဥ်စပ်စပ်လေးနော်''

''ဟဲ့ ငရှိုင်း နင်ဗိုက်မကောင်းတာကိုဘာကိုချဥ်ချဥ်စပ်စပ်လဲ''

''သဲလေးကလည်း ငါနည်းနည်းပဲစားမယ်လေ ကျန်တာနင်စားလိုက်ပေါ့''

''အေအေ တော်တော်ချစ်ဖို့ကောင်းတဲ့ငါ့သူငယ်ချင်း''

''ဟီး..''

ခနအကြာလာချပေးတဲ့ ကြာဇံချက်နှစ်ပွဲက အငွေ့တထောင်းထောင်းနှင့်စားချင်စရာပင်..မြို့နှင့်မတူပဲ တိတ်ဆိတ်သည့်ရပ်ကွက်တစ်ခုတွင်ဖွင့်ထားသည့် ဒီဆိုင်က အချိန်တိုင်းလူအပြည့်နဲ့ဖြစ်ပေမဲ့ အေးချမ်းသည့်အငွေ့အသက်တို့ ပြည့်နှက်နေသည်​့ ဆိုင်အပြင်အဆင်ကြောင့်လူကြိုက်တော်တော်များ၏

''အားးးနှာကိုပွင့်သွားတာပဲ''

နည်းနည်းပဲစားမယ်ပြောပြီး တစ်ပွဲလုံးစားလိုက်ပြီးမှ နှာပွင့်သွားတဲ့ရှိုင်းကိုသဲပိုင်ရိုက်ပစ်ချင်၏. မနက်အတန်းစကတည်းက ဗိုက်ခနခနနာသည်ကြောင့် toiletဝင်ရသည်မှာလည်းအခေါက်ပေါင်းမရည်တွင်နိုင်.ဒါကို အချဥ်အစပ်ထက်စားသည်ကြောင့် ရှိုင်းအလူးအလဲခံရမှာအသေအချာပင်..

''သဲပိုင်. ဆေးလေးပေးပါအုံး ကောင်းကောင်းနဲ့စားလိုက်တာ ကုန်သွားပြီ''

''အေး ဆေးသောက်ဖို့သတိရလို့ပဲတော်သေးတယ်''

''နင်ကလည်း ဘယ်မှာလဲဆေးက ပေးစမ်း''

စိတ်မရှည်စွာ သဲပိုင်လွယ်အိပ်ကို တဖက်ခုံစီကူးပြီးဆွဲယူလိုက်၏ ခေါင်းငုတ်ကာ ပြန်ထသည့်အ​ခြေအနေနှင့်နောက်မှ တခုခုနှင့်တိုက်မိသည်ကြောင့်ရှိုင်းခေါင်းနှင့်ခုံဆောင့်မိသွား၏

''အ့ နာလိုက်တာ ဟိတ်လူ ခင်ဗျားကဘာလဲ''

''စောက်ကလေး မင်းကလူသွားလမ်းမှာဘာလုပ်တာလဲ''

''ဟ သူခိုးကပဲလူပြန်ဟစ်ရသေးတယ် ခင်ဗျားကဝင်တိုက်တာလေ''
လက်တရွယ်ရွယ်နဲ့ပြောနေသည့်ရှိုင်းကို သဲပိုင်အမြန်တားရတော့သည်။

''ဟို..တော်ကြပါတော့ မတော်တဆဖြစ်သွားတာပဲဆိုတော့လေ နှစ်ဦးနှစ်ဖတ်ကျေအေးလိုက်ရင်မကောင်းဘူးလားလို့လေ''

You've reached the end of published parts.

⏰ Last updated: Jul 18 ⏰

Add this story to your Library to get notified about new parts!

နူးညံ့သော အချစ်ရင်ခွင်Where stories live. Discover now