မနက်မျက်လုံးဖွင့်ဖွင့်ချင်းအရင်တွေးမိတာကသူ့မွေးရပ်ရွာအိမ်ပြန်ရောက်နေပြီဆိုတာပဲ
နှစ်တွေအကြာကြီးရွာကိုပြန်မရောက်ဖြစ်တော့
သူတကယ်လွမ်းနေတာ...တခြားနယ်မှာကျောင်းအုပ်တာ၀န်ကြတာနှစ်တွေမနည်း ရွေ့ပြောင်းစာတင်တာလဲကိုယ့်ရွာကိုပြန်တင်ဖြစ်တာ 1နှစ်လောက်စောင့်လိုက်ရသည်။
ခုတော့ကိုယ့်ရွာကိုတာ၀န်ပြန်ကြတာ
သူတကယ်ပျော်ပါတယ်...မိသားစုနဲ့ခွဲနေရတာတကယ်အဆင်မပြေဘူးကျန်တာမဟုတ်
နှစ်တွေအကြာကြီးခွဲနေရတော့မိသားစုနဲ့ပြန်နေချင်ယုံပါပဲပြီးတော့ကိုယ့်ရွာပြန်ပြန်အကျိုးပြုရတာ
ဂုဏ်ယူစရာပဲလေ။သူလဲအတွေးနယ်ချဲ့
နေတာကိုခနရပ်ခါအိပ်ရာသိမ်းပြီးသူ့အခန်းပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေလိုက်သည်။သူတို့အိမ်ကချမ်းသာတဲ့ထဲမှာပါတော့
အိမ်ဝိုင်းအတော်ကျယ်သည်။အိမ်ခေါင်းရင်းမှာ
မမကပန်းစိုက်ရတာဝါသနာပါတော့ဇွန်ရုံစံပယ်ရုံနဲ့ရွှေပန်းငွေပန်း ခုနှစ်ထွေပင်တွေ နှင်းဆီပန်းပင်သစ်ခွတို့ရှိသည်။အိမ်အရှေ့မြောက်ထောင့်မှာလဲ
ဆိတ်ဖလူးပင်တစ်ပင်ရှိသည်။
နေကြာပန်းနဲ့ဆန့်ကျင်ဘက်ဆိုသလို နေမထွက်ခင်ကြွေကျပေးရတော့သနားစရာဆိတ်ဖလူးပန်းလေးတွေလဲအောက်မှာဖွေးနေအောင်ပြန့်ကျဲနေသည်။
မမကပန်းကုံးလေးတွေလုပ်ပြီးတော့လဲကြုံရင်ကြုံသလိုတွေ့တဲ့ကောင်မလေးတွေကိုပေးတက်သည်။မမပြောတာကြားဖူးတယ် နေမထွက်ခင်ကြွေကျရတယ်ဆိုပေမဲ့သူ့မှာလဲတန်းဖိုးရှိတာပဲလေ
ပန်းကုံးလုပ်ပြီးဘုရားလှူလဲရသလို ပန်ဆင်လိုက်ရင်သူကလဲပန်ဆင်သူကိုအလှတမျိုးပေးစေတယ်တဲ့
ပန်းတွေမှာလဲသူ့တန်ဖိုးနဲ့သူရှိတာပဲလေ
အော်စောနစကားဆက်ရအုံးမယ်အိမ်နောက်မှာက
နွားတင်းကုပ်နဲ့ဂိုဒေါင်ရှိသေးတယ်
အိမ်နောက်ကျောဘက်မှာတော့ရေတွင်းနဲ့
ဘေးမှာဘူးဆင်ဖရုံဆင်ပြီးတော့ချဥ်ပေါင်ပင်
ငရုတ် အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသလိုပေါ့ဟင်းစားပင်အနည်းငယ်လဲရှိသေးသည်။
အိမ်ကတော့အပေါ်ကပျဉ်ထောင်အောက်ထပ်က
အုတ်တပ်ထားခါအထဲမှာလဲအခန်းဖွဲ့ထားတာ
တွေရှိသေးသည်။မြတ်သောတမောင်အိမ်မရောက်
ဖြစ်တာကြာပြီဆိုပေမဲ့ဘာမှသိပ့်ပြောင်းလဲမသွားတာကိုကြည့်ခါပြုံးနေမိသည်။
YOU ARE READING
{𝑵𝒊𝒈𝒉𝒕 𝑭𝒍𝒐𝒘𝒆𝒓𝒊𝒏𝒈 𝑱𝒂𝒔𝒎𝒊𝒏𝒆} ချစ်လွန်းးးလို့ရူးတော့မယ်
Romanceကျောင်းအုပ်ဆရာလူပျိုကြီးနဲ့ကြုံရာကျပန်းအလုပ်လုပ်တဲ့ကောင်လေးတို့ရဲ့ အကြောင်းပါ တောရွာပုံစံလေးနဲ့ အေးအေးငြိမ်ငြိမ်လေး ဖတ်ရမှာဖြစ်ပါတယ် မအေးတာကလူပျိုကြီးပါ သူ့ထက်၁၂နှစ်ငယ်တဲ့ကောင်လေးကိုကြုံရင်ကြုံသလိုဖလစ်မှာဖြစ်ပါတယ် ဖတ်ပေးကြပါအုံး