"ဒီလောက်ဆို ငါ့သားက ဒါဘီနိုအတွက် မြို့စားနေရာလွှဲပြောင်းလက်ခံရဖို့ အဆင်သင့်ဖြစ်လွန်းနေပြီပဲ"
ကြေးမုံပြင်တွင် တစ်ကိုယ်တည်းငုတ်တုတ်ထိုင်လျက်နှင့်ပင် နားစည်ဖျား၌ ထင်ကျန်နေသေးတဲ့ ဖခင်ဖြစ်သူဆီက သြဝါဒခြွေသံတွေ။
နာကြားရသည်မှာ လွန်ခဲ့တဲ့၂နာရီတည်းကတိုင် ဟီဆွန်းရဲ့ စိတ်ဥာဥ်တစ်ခုလုံးကို ယခုထိပင်လျှင် ခြောက်ခြားမတတ် နှုံးချိစေတုန်းပင်ဖြစ်၏။
ဧည့်ခန်းနံဘေးက နံရံမျက်နှာကြက်၌ ပနံသင့်စွာ ချိတ်ဆွဲထားသည်က 'ဘိလပ်ပြန်ဝတ်လုံတော်ဘွဲ့ရ Evan Lee' ဟူ၍ ထွင်းထုထားတဲ့ သစ်သားပြားလေးရဲ့ ဂုဏ်ရောင်ဂုဏ်ဝါ။
မြို့စားကြီး၏ တစ်ဦးတည်းသောသားဆိုတဲ့ မျက်နှာဖုံးနောက်ကွယ်မှာတော့ အရာရာဟာ အသက်မဲ့လို့ မှိုင်ကာမှေးမတတ်။
လွန်ဆန်ချင်ပေမယ့်လည်း ဒါဟာ သူ့ရဲ့ ဘဝပေးကံကြမ္မာတဖြစ် လက်ခံနားလည်လိုက်ရချိန်မှာ ဒီလမ်းအတိုင်းမသွေမတိမ်းလှမ်းရုံကလွဲ သူလိုလူက ဘာများတတ်နိုင်မှာတဲ့လဲ။
"အစ်ကိုလေးအဝတ်အစားလဲချိန်ရောက်ပါပြီ"
"ကျုပ်အဲ့ဒီကပွဲကိုမသွားချင်ဘူး"
"အစ်ကိုလေးသွားမှဖြစ်မှာပါ။
သခင်ကြီးက အစ်ကိုလေး ဘိလပ်ကပြန်ရောက်နေတဲ့အကြောင်း သတင်းတဆင့်ကမ်းခဲ့တာမို့ လာရောက်အကဲခတ်ကြမယ့် အရေးကြီးဧည့်သည်တော်တွေရဲ့အမြင်ကိုမမေ့လျော့သင့်မှန်း မရဲတဝင့်လျှောက်တင်ပါရစေ"
"ဒါပေမယ့်လည်း သူတို့တွေက ဖေဖေနဲ့တိုင်ပင်ဖို့ရည်ရွယ်ရောက်လာနေကြတဲ့ဧည့်သည့်တော်တွေပဲလေ။ကျနော်က အမည်ခံမို့ သိပ်တော့လည်း မလိုလှပါဘူး"
"အားလုံးထက်အရေးကြီးတာက ဒီညပွဲမှာ တယောပညာရှင်Jake Simလည်း လာရောက်ဖျော်ဖြေဖို့ သခင်ကြီးက စီစဥ်ထားပါတယ်အစ်ကိုလေး"
"Jake...Sim..."
"ကျနော်တို့ဘိုးဘေးဘီဘင်ကတည်းက ခိုက်ရန်ဖြစ်နေကြ ရှင်းမ်ကုန်သည်ကြီးရဲ့ မျိုးဆက်မဟုတ်လား။ဖေဖေဟာ ဘာရည်ရွယ်ချက်နဲ့ ရန်သူတော်ကို ဖိတ်ခေါ်လှမ်းခဲ့ရလေသလဲ"
"မျိုးရိုးဆက်တိုက် ယှဥ်ပြိုင်ခြင်းပဲလေ အစ်ကိုလေးရဲ့။သွေးထွက်သံယိုမရှိတဲ့ အဲ့ဒီအဆုံးသတ်မှာ စစ်မှန်တဲ့အနိုင်ရသူဟာ ကိုယ့်မျိုးရိုးကသာ ဖြစ်လိုတာက သခင်ကြီးရဲ့စိတ်ဆန္ဒဖြစ်မယ်ထင်ပါရဲ့လေ"
"မထားသင့်တဲ့ အာဃာတတွေပါလား"
"လူကြီးတွေ ဘာလို့အဲ့လောက်ကလေးဆန်လွန်းနေကြရတာပါလိမ့်"
အိမ်အထိန်းတော်ကိုယ်တိုင် သပ်သပ်ရပ်ရပ်ခေါက်ကာ တင်ထားခဲ့တဲ့ ဆင်စွယ်ရောင်သက္ကလပ်ကုတ်ထည်တစ်စထံ ငြိထွေးလွှတ်တင်လိုက်သော သက်ပြင်းစလေလှိုင်းအထွေထွေ။
ရန်ညှိုးတွေအကြောင်း တွေးဆမိတော့ ခေါင်းတစ်ခုလုံးဟာ အုံခဲလို့၊မောဟိုက်နွမ်းလျလာတဲ့ နှလုံးခုန်သံတို့ကို ဘယ်လိုနည်းနဲ့မွမ်းမံမှ အဆင်ချောမွေ့နိုင်မယ်များလဲ။
နေရီတရောစ ကောင်းကင်ယံတွင် ရစ်သိုင်းနေတဲ့ မြူခိုးလွှာတွေထဲ နှုတ်ခမ်းဖျားက စွန့်လွှတ်ခဲ့ဖြစ်သော ဆေးပေါ့လိပ်တစ်စရဲ့ ရှိုက်သံသဲ့သဲ့ဟာ ဝေဝါးစွာပင် လေလွင့်လို့။
ရာသီစက်ဝန်းထဲ ဆောင်းဦးလေဆွတ်ဖြန်းထားတဲ့ လေသာဆောင်မှာထွက်ရပ်တော့၊ မှိန်ဖျော့ဖျော့ အလင်းတန်းတို့အားကိုးနှင့် နှလုံးအိမ်ထံမှ အယိုအယွင်းတွေကို မြို့စားသားတော်ဟာ တိတ်ဆိတ်စွာပင် ဖာထေးမိလိုက်လေခြင်း။
= = = = = = = = = = = = = = = = = = =
prologue is done.
🍁-[ side couple -- SunKi]
A.N
ရှေ့လျှောက်ထည့်သွင်းဖော်ပြသွားမည့်
မြို့ဒေသများနှင့် ပတ်ဝန်းကျင်ကာလီအကြောင်းအရာအများစုသည် စာရေးသူ၏စိတ်ကူးယဥ်ဖွဲ့စည်းမှုသာလျှင်ဖြစ်သည်။
YOU ARE READING
If I were a Girl
Fanfictionအကယ်၍ ကျနော်သာ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့မည်ဆိုပါလျှင်...။