1- 恋の予感

490 80 19
                                    

ဒဏ္ဍာရီလာနဂါးမြို့တော်အဖြစ် သိစမှတ်တွင်သော မြို့တော်ဒါဘီနိုသည် ​မြွေလိမ်မြွေကောက် တောင်ခြေတောင်ရင်းများစွာဖြင့် ရံဝန်းခံထားရတဲ့ မြို့တော်ဖြစ်သည့်အလျောက် စင့်ဇ်သီဂိုနိုင်ငံတော်အဖို့ စစ်မက်ရေးရာအချက်အချာအကျဆုံး မြို့တော်ကြီးလည်းဖြစ်၏။



ဒါဘီနိုသည် မဟာမိတ်အင်အားကြီးနိုင်ငံတို့နှင့် စီးပွားဖလှယ်ကူးသန်းရောင်းဝယ်ရေးအတွက် နယ်မြေစည်းခြားဒေသဖြစ်သည်မို့ လူဝင်လူထွက်လည်း စည်ကားလှချေသည်။





လူသူထူထပ်သည့်အလျောက် ဒါဘီနိုမြို့တော်တွင် ပညာရေးပိုင်းဆိုင်ရာလိုက်စားမှုတို့ အတော်လေးအားနည်းဆဲဖြစ်ရာ ဟီဆွန်းတို့လို မျိုးရိုးအလိုက် ပညာဂုဏ်မြင့်သူတို့မှလွဲ၍ ကျောင်းပညာလိုက်စားကြသည်က ရှားပါ၏။





လူနေမှုမြင့်မားသည်နှင့်အညီ ဒုစရိုက်လောကသားတို့ကလည်း ဒုနှင့်ဒေး ဒွန်တွဲနေတတ်သည်ဖြစ်လေရာ၊မြို့စားရာထူးဆက်ခံဖြစ်ဖို့မခုံမင်လှသော်လည်း အခွင့်အရေးရလျှင်တော့ ထိုအချက်နှစ်ခုကို ပြင်ဆင်နိုင်ဖို့က Evan Leeတဖြစ် ဟီဆွန်းအတွေးထဲအမြဲတစေပြည့်နှက်နေပါသည်ရဲ့။






ဥတုရာသီအနေဖြင့် ဒါဘီနိုတွင် နွေမလည်ပါ။

အမြဲလိုနီးပါး မြူခိုးတဝေဝေသန်းနေတတ်ပြီး၊ယခုလို မိုးစတို့ရောနှောဆွတ်ဖြန်းသော ကာလဇူလိုင်ရောက်လျှင်မူ ရိုးရာနဂါးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။






ဒီအချိန်ဆို ပုံမှန်လို ဒါဘီနိုမြို့တော်တွင် လမ်းသွယ်တိုင်းနီးပါး၌ ဆီစိမ်စက္ကူသားဖြင့် ခေါက်ချိုးအရောင်ခြယ်ထားသော အနီရောင်နဂါးရုပ်ကလေးများစွာ စတင်ချိတ်ဆွဲထားပေပြီ။





ယခုလည်း ဧည့်ခံပွဲရှိရာခန်းမသို့ လာရာလမ်းတစ်လျှောက် မြို့သူမြို့သားတွေရဲ့ ပွဲတော်အတွက်စိတ်အားပြင်းပြမှုကို ဟီဆွန်းတွေ့မြင်လိုက်ရလေခြင်း။





"ရောက်လာပါပြီလား အယ်ဗန်လီ"

"မြို့တော်ရဲ့ဝိညာဥ်လွှတ်ပွဲပြီးတည်းက ကျနော်တို့မတွေ့ဖြစ်တာ လေးနှစ်ရှိလောက်ရော့ပေါ့။ မှတ်မိပါရဲ့စ"





If I were a GirlWhere stories live. Discover now