part 4

339 27 4
                                    

ညနေဘက်...။

တီ~တီ~

ခြံရှေ့မှ‌ကားသံကြောင့် ဧည့်ခန်းတွင်စာဖတ်နေရာမှ အိမ်ဝသို့ထွက်ကာ‌ မောင့်အားကြိုရန်ရပ်နေလိုက်သည်။

ကားပေါ်မှဆင်းလာသည့်မောင်က သျှင်သွေးကိုမြင်တော့ မျက်မှောင်ကြုတ်ကာကြည့်လာ၏။ သျှင်သွေးခေါင်းငုံ့လျှက် မောင့်လက်ထဲမှ အိတ်ကိုယူရန်လှမ်းကိုင်တော့ မောင်ကမပေးပဲ တောက်ခေါက်လျှက် အိမ်ပေါ်သို့တက်သွားလေသည်။ မောင့်အပြုအမူတွေကိုနားမလည်သည့် သျှင်သွေး‌ကြောင်အလျက် ကြီးခင်ကိုကြည့်လိုက်မိတော့ ကြီးခင်က မသိဘူးလားဟူသည့်ပုံစံမျိုးဖြင့် ပြန်ကြည့်လာလေသည်။

မောင်ကဘယ်အရာကိုဒေါသထွက်သွားသနည်း။ ဘယ်အရာကများမောင့်ကိုစိတ်အလိုမကျဖြစ်အောင်လုပ်လိုက်သလဲဆိုတာ သျှင်သွေးနားမလည်တော့ပါ။

ဒေါသထွက်ဟန်ဖြစ်နေသည့်မောင့်ပုံစံကြောင့် သျှင်သွေးအပေါ်သို့မတက်ရဲပဲ လှေကားနားမှာသာ ရပ်နေမိသည်။

ကြီးခင်ကလည်း မီးဖိုချောင်ထဲမှာလုပ်စရာရှိတာလုပ်ပြီး အခန်းထဲဝင်သွားပြီဖြစ်သည်။ အိမ်ကအလုပ်သမားတွေကလည်း အလုပ်ပြီးပြီမို့ ‌တန်းလျားသို့ပြန်သွားပြီပင်။ အိမ်အောက်မှာ  သျှင်သွေးတစ်ယောက်တည်းသာ။

ထိုစဉ်

"သျှင်သွေးမဟာ!!  ခင်ဗျားမလာသေးဘူးလား"

"လာပြီ! မောင်ရဲ့"

လှေကားထိပ်မှမောင့်ခေါ်သံကြောင့် သျှင်သွေးအမြန်တက်သွားရသည်။ စိုးရိမ်စိတ်တို့ကအပြည့်ဖြင့် မောင့်ကိုကြောက်နေမိပါသည်။

"မောင်ရေချိုးတော့မလားဟင် ငါပြင်ပေးမယ်လေ ရေချိုးပြီးထမင်းတန်းစားလို့ရပြီ ကြီးခင်အကုန်ပြင်ပေးပြီးပြီ မောင့်အကြိုက်.."

"ခင်ဗျားဘာအပြစ်လုပ်ထားလဲ"

"ဟမ်...ငါ..ငါဘာလုပ်မိလို့လဲမောင်"

"ခင်ဗျားဘာလုပ်ထားလဲမသိ‌ဘူးပေါ့"

မောင့်အမေးကြောင့် သျှင်သွေးဦးနှောက်ကိုအလုပ်ပေးကာ စဉ်းစားသော်လည်း ဘာမှထွက်မလာပေ။ သျှင်သွေးဘာလုပ်ခဲ့မိလို့လဲလေ။

အတိတ်တစ်ခုအားပြင်ဆင်ခြင်းWhere stories live. Discover now