Part-2

328 6 1
                                    

တီ..တီ..တီ

"အယ် မောင်လေးပြန်လာပြီထင်တယ်"

ခွန်းသစ်ချိုတစ်ယောက်ကားဟွန်း‌သံကြားရသည်နှင့်သူ့မောင်ဆိုတာသိနေတယ်

ခြံစောင့်ဉီကြီးက တံခါးဖွင့်ပေးလိုက်သည်။အနက်ရောင်ကားတစ်ဆီးခြံထဲသို့ဝင်လာသည်။

ပါကင်မှာထိုးပြီးသည်နှင့် အိမ်ထဲသို့ဝင်လာသည်

အလွန်ချောမောသည့်မျက်နှာ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ အရပ်က၆ပေနဲနဲကျော်တယ် ဆံပင်ကိုသပ်ရက်စွာ ခွဲကြောင်းအတိုင်း လှန်တင်ထားသည် မျက်ခုံး မထူတထူနဲ့  အလွန်လေးပင် ကြည့်ကောင်း

"မောင်လေး!"

"မမ"

"မောင်လေးရယ် ချောလာလိုက်တာ မမကမျှော်နေတာ "

"အွန်း"

"အယ် စကားကလည်းနဲလိုက်တာ ဟိုမှာကောက်မလေးတွေဘာတွေရနေပြီလား"

"ဘယ်ကသာ"

"ကဲကဲအနားယူလိုက်ဉီး မမမောင်လေးပင်ပန်းရောပေါ့"

"အင်း"

ကဲ အဲ့မှာသာကြည့် ချေတာလည်းလွန်ရော အမ‌ကိုတောင်စကားပြောရင် အင်း အွန်းနဲ့ တခြားသူဆိုရင်တော့ မပြောချင်တော့ပါ သူကအနေအေးတယ်လေ

"ကြီးတင် စိုင်းလေးကိုမတွေ့မိပါလား"

ခွန်းသစ်ချို စိုင်းလေးကိုမတွေ့တော့မေးကြည့်လိုက်သည်

"ဟုတ်တယ်သမီးရေ ဒီနေ့ သူ့ဉီးလေး မြို့တက်လာတယ်ဆိုလို့လေ၊အဲ့ဒါသူ့ဉီးလေးက်ုလွမ်းလို့ သူ့ဉီးလေးစီသွားလေတယ်"

"ဟယ် ဟုတ်လား မတွေ့ရတော့တစ်မျိုးပဲပျင်းတယ်"

"ဟုတ်ပ့ သူရှိရင်မပျင်းရဘူး"

အွန်းလေ"

.............
ည7နာရီခွဲ

ကျွီ...ခြံတခါးဖွင့်သံ

စိုင်းတစ်ယောက် တစ်နေ့လုံးလျောက်လာရသည်မို့ ပင်ပန်းနေတယ်

အိမ်တံခါးဖွင့်ကြည့်လိုက်တော့ တစ်ယောက်မှလည်းမရှိဘူး

"အယ် ဘယ်တွေရောက်နေတာလည်းမသိဘူး"

အဲ့ဒါနဲ့ အိမ်ပေါ်တက်မှာများရှိမလားမသိဘူးဆိုပြီးအိမ်ပေါ်တက်သွားလိုက်သည်။

*အယ် အကိုလေး နေမဲ့အခန်းတံခါးကပွင့်နေပါလား သူခိုးလားမသိဘူး*

ဘေးနားကတံမြတ်စီးကိုလက်ကကိုင်ထားသည်

အခန်းထဲဝင်ကြည့်လိုက်တော့

"ဟေ့!"

"ဗုဒ္ဓါ ဘုရားကြီးရဲ့!"

"ဒီမှာမင်းဘယ်သူလဲ?"

"ဒီမှာ ခင်ဗျားကလည်းဘယ်သူလဲ သူခိုးလား"

"မင်းကဘာလို့ဒီအိမ်ထဲဝင်လာတာလဲ"

"ဒါ မမလေးအိမ်လေ ခင်ဗျကသာဝင်လာတာ"

"ဟက် ဒါငါ့အမအိမ်"

အဲ့လိုပြောလိုက်တော့စိုင်းတစ်ယောက် တစ်ခုခုက်ုသတိရသွားတယ်

*ဒီနေ့ မမလေးမောင်ပြန်လာမှာတဲ့ ဒီလူတော့မဟုတ်လောက်ပါဘူးနော်*

"ခင်ဗျားကမမလေးမောင်လား!."

"ဟုတ်တယ် ငါကခွန်းသစ်ချိုရဲ့မောင်"

"အာ...ကိုလေးရယ် ကျနော်တောင်းပန်ပါတယ်၊ကျနော်မသိလို့ပါ၊ကျနော်တကယ်ပြောတာပါ၊"

ထိုင်ကာလက်အုပ်ချီတော့မယ် စိုင်းကို ခွန်းသစ်ရှိန်က "ဟေးဟေး ထထ မင်းကဒီကအလုပ်သမားလား"

"ဟုတ်ပါတယ်

"မင်းကယောင်္ကျားလေးလား"

"ဟုတ်ပါတယ်"

"မင်းSurgery လုပ်ထားတာလား"

"ဟမ် ဘာကြီး"

"ခွဲစိတ်ထားတာလားမေးတာ'

"အာ အကိုလေးရယ် ကျနော် ပိုက်ဆံမရှိလို့အလုပ်လုပ်နေပါတယ်ဆိုဘယ်လိုလိုလုပ် ခွဲစိတ်နိုင်မှာလဲ"

"အဟမ်း ထားတော့ အခုငါ့အခန်းထဲကထွက်သွားတော့"

"ဟုတ်"

______

You've reached the end of published parts.

⏰ Last updated: Jul 19 ⏰

Add this story to your Library to get notified about new parts!

Colorful flower Where stories live. Discover now