မုန်းမာန် 16

50 1 0
                                    

#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၁၆)
*************************************
"ကျောင်းတက်ဖို့ကိစ္စလေ ..နင်အဝေးသင်ပဲတက်မှာလား "

" ဟုတ်တယ် အဝေးသင်ပဲတက်မှာ ..သူရရောပဲလေ ..နင်ကတော့ ဒေးတက်မှာမဟုတ်လား "

          လမင်း၏အမေးကို နှင်းအိမ်ကခေါင်းခါပြလိုက်ပြီး

"ဟင့်အင်း ... ငါလဲ နင်တို့နဲ့ အတူတူလိုက်တက်မလို့လေ ... အဝေးသင်တက်တော့ အလုပ်လုပ်လို့လဲရတယ် "

" ငါတို့နဲ့ ဘာလို့လိုက်တက်မှာလဲ ....မေနွယ်က ကျောင်းထားနိုင်တာပဲဟာ ....ငါတို့နဲ့ နင်က အခြေအနေမှမတူတာ  "

       လမင်း၏စကားကြောင့် နှင်းအိမ်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်မိပြီး

"ဘာအခြေအနေမတူတာလဲ ....ငါ့အမေလဲ မီးဖိုနားတစ်နေကုန်တစ်နေခန်းချက်ပြုတ်ပြီးမှ... ငါ့ကို ကျောင်းထားပေးရမှာလေ .. အဲ့ဒါကို ငါကလှလှပပလေးဝတ်စားပြီး ကျောင်းသွားတက်နေရမှာလား...နင့်စကားပြောတာက တစ်မျိုးကြီးပဲလမင်း ... ဘာကိုမကျေမနပ် ဖြစ်နေတာလဲ ...ဘကျော်တို့ ဆိုင်မှာ ငါဈေးလာဝယ်ရင်လဲ ...နင်ရှောင်ထွက်သွားပြီး ..အခြားသူနဲ့ရောင်းခိုင်းတယ်...နင်က ဘာဖြစ်နေတာလဲ ...နင့်ကိုငါက ဘာလုပ်နေလို့လဲ "

         နှင်းအိမ်ပြောရင်းမှ ဒေါသ ထွက်လာမိပြီး အသံမာမာနှင့် ပြောလိုက်သည်။

" နင်ကလဲ ဘာတွေပြောနေတာလဲ ..နင့်ကိုငါကဘာလို့ ရှောင်ရမှာလဲ ... ငါ့မှာလုပ်စရာတွေ အများကြီးရှိတယ် ... ဒါကြောင့်သူငယ်ချင်းတွေကို ဦးစားမပေးနိုင်ဘူး ..."

            လမင်း၏စကားကြောင့်  နှင်းအိမ်ရင်ထဲတင်းခနဲဖြစ်သွားမိပြီး ဘာမျှပြောမနေတော့ဘဲချာခနဲလှည့်ပြန်ခဲ့သည်။

         နှင်းအိမ်ပြန်သွားသည်ကို လမင်း တိတ်ဆိတ်စွာရပ်ကြည့်နေမိသည်။

~~~~~~~~~~~~~~~~~~~
"ခေတ်တွေက ပြောင်းလာပြီလေ... ကျွန်တော်တို့ ဆိုင်ကိုဒီတိုင်းရောင်းနေလို့တော့ မဖြစ်ဘူး ဘဘနဲ့ကြီးကြီး ... လက်လီရော လက်ကားပါရအောင်  ဆိုင်ကိုတိုးချဲ့သင့်တယ်ထင်တယ် ..ခုဆို ဆိုင်ပြိုင်တွေကလဲ ... တစ်ဆိုင်ပြီးတစ်ဆိုင်ပေါ်လာကြပြီးလေ "

မုန်းမာန်Where stories live. Discover now