ဖြောင့်တန်းနေသည့် ကားလမ်းကြီးပေါ်၌ အရှိန်နှုန်းထား မြင့်မားစွာ မောင်းနှင်လာသူတစ်ဦး....။
စီယာရိုင်ကိုင်ထားသည့် ညာဘက်လက်ဖမိုးတွင် အကြောစိမ်းများ ထင်းနေကာ ထိုလူသည် ဖြတ်ကနဲဆိုသလို ကားဘက်မှန်မှ တစ်ဆင့် ဘေးတစ်စောင်းငဲ့ကြည့် ရံု ကြည့်လျက် ခပ်အေးအေး ပြုံးလိုက်ပုံမှာ ယုံကြည်မှု ရှိရှိပင် ဖြစ်ကာ ချောမောမှုများမှာလည်း အခန့်သား....
ဂုတ်၌ ဆံပင် အနည်းငယ်အား စုရုံး ချည်နှောင်ထား၍ အမြီးလေး သဖွယ်ဖြစ်နေသည်ကား သူ၏ သူမတူသော ဆွဲဆောင်မှု တစ်ရပ်ပင်။
"သဲ...ဘာလုပ်နေလဲ။"
"အင်း အခုလား ကား လမ်းကူးနေတယ်။"
"ဟာ ဂရုစိုက်ဦး..။"
"ရပါတယ်။ကူးနေကြပဲဟာ။"
ဖုန်းနှင့် စာရိုက်ရင်း ကားလမ်းကူးေနသည့်မိန်းကလေးမှာ အပြုံးများ ရေစီးကမ်းပြို..။သူ့စိတ်ထဲ မီးနီနေ၍ ဘယ်ယဥ်မှမလာဟု ထင်နေပုံရသည်။
သို့သော် သူမ မသိသည်မှာကား.....
တီ..တီ..
အဝေးကတည်းကပင် ဟွန်းတီးလာသည်ကို မဖယ်ဘဲ လမ်းကို ဖြန့်သွားနေကာ သူ အနားရောက်လာတော့ သူ့အား မျက်စောင်းထိုးနေသည့်သူများကြောင့် အရှင် နဂို စိတ်တိုနေသည်များ ပေါင်းလာရသည်ဖြစ်၍ ပါးစောင်ထဲ လျှာထိုးလိုက်ကာ...
တီ..တီ..တီ...
ကားဟွန်းအဆမတန်တီး၍ လီဗာအား အသားကုန် ဖိနင်းကာ အရှေ့ရှိ ေကာင်မကို ဝင်ကျုံးလိုက်သည်က ခပ်အေးအေး...
"မအေဘေး နင်ပိုင်တဲ့လမ်းထင်နေတာလား...။"
"ဟုတ်ပါ့...ကားကို လူလို မမောင်းဘူး။ လူစိတ်မရှိတဲ့ဟာ တွေ။"
"အေးကွာ..ကောင်မလေး သနားပါတယ်။"
မတိုက်မိသည့် သူများထံမှ ထွက်လာသည့် အသံဖြစ်သလု ထိုအသံများကြောင့်ပင် "အရှင်" လီဗာအား တစ်ဖန် ဖိနင်းလိုက် ပြန်ကာ ကားကိုပင် တစ်ပတ်ပြန်လှည့်၍ အ စော က လွတ်သွားသည့်လူများအား အမြန်ဆုံး အနေအထားနှင့် ဝင်တိုက်လိုက်သည်မှ သာ လူက နေသာထိုင်သာရှိ၏။
YOU ARE READING
My Psycho Stepsister Is My Husband 🔞GL
Romance"အဟင့် မလုပ်..အာ့ မလုပ်ပါနဲ့..မမ..မမက ရွယ့်အစ်မလေ...." "အင်း ဟုတ်တယ် နင့်ကိုတက် ိုးတဲ့ အစ်မ လေ"