Seungkwan တစ်ယောက် ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး ဖုန်းကို အပေါ်အောက်ပွတ်
ရင်း အလုပ်များနေသည်။
ဒီနေ့ Chan တစ်ယောက် အကလေ့ကျင့်တဲ့နေရာကနေပြန်မလာသေးဘူးလေ။ သူဟိုနေ့ကတော့ပြောပါတယ် ဘာပွဲဆိုလားမသိဘူး။ မမှတ်မိတော့ဘူး။ အဲပွဲကြောင့်အချိန်ပိုလေ့ကျင့်နေရတော့
တော်တော်နဲ့ပြန်မလာသေးဘူးလေ။Seungkwan နေ့လည်တုန်းကတော့ Chanကိုမေးလိုက်ပါသေးတယ်။ငါ့ကိုစောင့်ပြီးတော့
ငါနဲ့အတူပြန်မလားလို့။ဒါပေမယ့်အငြင်းခံလိုက်ရတယ်လေ။choreography တစ်ခုလုံး
ပြီးအောင်လုပ်ရမှာမို့နောက်ကျမယ်တဲ့။အဲဒီ
performance က surprise event တစ်ခုတဲ့လေ။ သူတို့သောက်ကြရင်းနဲ့ သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ Vernon ပြောတာကြားတာပဲ။ပြီးတော့Chan က သူ့ရဲ့အကလေ့ကျင့်တာနဲ့ပတ်သက်ပြီးတကယ်ကို
လျှို့ဝှက်သည်။Seungkwan တစ်ယောက် သူစိတ်ရှုပ်နေတာတွေကိုရပ်သင့်ပြီလို့တွေးမိသည်။ ဘာလို့လဲ
ဆိုတော့ ဒီလျှို့ဝှက်လုပ်နေတဲ့ရက်တွေအပြီးမှာ Chan ဆီကနေ သူကိုယ်တိုင်ပဲဝန်ခံတာကို
ကြားရတော့မှာမို့လေ။ဒီsurprise event က
Seungkwan အတွက်ဆိုတာကိုပေါ့။ သူ့မွေးနေ့နီးပြီဆိုတာကိုမေ့နေမိသည်။ပြီးတော့သူအရမ်းပဲစိတ်လှုပ်ရှားပြီးမွေးနေ့ရောက်ဖို့ရောsurprise eventအတွက်ရော မစောင့်နိုင်တော့ဘူး။အမှန်အတိုင်းပြောရမယ်ဆိုရင် Seungkwan
က သူ့ရဲ့ကောင်လေး အကနဲ့ပတ်သက်ပြီး ရူးသွပ်တာကိုမြင်ရတာ အရမ်းပျော်တယ်လို့ခံစားရတယ်။
ပြီးတော့ လူတွေအကုန်လုံးကို
မြင်စေချင်တယ်။ သူ့ရဲ့ Lee Chan က ဘယ်လောက်တောင် ကောင်းကောင်းကတတ်သလဲဆိုတာကိုပေါ့။
အားစိုက်ထုတ်စရာမလိုတဲ့ ပြေပြစ်တဲ့ခြေလှမ်းတွေ အသက်ရှူမှားလောက်စရာကောင်းတဲ့ dance move တွေနဲ့ လူတိုင်းကို အံ့အားသင့်စေတယ်လေ။
တစ်ချို့ဆိုပြောကြတယ် sexy ကျတဲ့
လူသား နောက်တစ်မျိုးဆို ချောမောလှပတဲ့ နတ်သားလေးတဲ့။
အဲလိုပြောသံတွေကိုကြားရတိုင်း Seungkwan အရမ်းပဲပျော်တယ်။ အဲတာ ငါ့လူလို့ ဝင့်ကြွားနေခဲ့တာပေါ့။ သူ့ရဲ့ကောင်လေးက သူ့ထက်ငယ်ပေမယ့်လည်း Seungkwan ကတော့ ဂရုမစိုက်ပေါင်။
ဘယ်လောက်ငယ်ငယ် Chan ကအမြဲရင့်ကျက်ပြီး သိတတ်သည်။
သူ့ကိုလည်းအရမ်းချစ်သည်။
Seungkwan ကတော့ ဆိုးပေနေတာပေါ့။
ချစ်မှန်းသိလို့လည်းဆိုးပြသည်။
Chan ကလည်းဘယ်တော့မှ အပြစ်မမြင်ပေ။
YOU ARE READING
"Lee Chan: A baby or not?" (one shot)
Fanfiction"Channie မင်း ကလေးမဟုတ်တော့ဘူးပဲ" "အခုမှသိတာလား"