"ဒီလောက် ချစ်ပေးခဲ့တာတောင် ဘာလို့ငါ့ကို ထားရက်ခဲ့တာလဲ ကိုကိုရာ"
"ကိုယ်မှ မင်းကို မချစ်ချင်တော့တာ"
ဆွန်းယောင်းနားထဲ လေတွေဝင်လာသလို နားတစ်ခုလုံး အူသွားတော့သည်။
ဘာကိုမှ မကြားနိုင်တော့ပဲ ဆွန်းယောင်းမျက်ရည်တွေ ကျလာခဲ့ရသည်။မင်းမချစ်ချင်တော့ရင် မချစ်တော့ဘူးလားကိုကိုရာ။
ငါကမင်းကို ဘယ်လောက်တောင်ချစ်ခဲ့လည်း မင်းလည်း သိနေတာပဲကို။
မင်းမို့ကွာ ငါ့ပေါ်ကို..."ကိုယ်လိုက်ပို့ပေးမယ် ပြန်ရအောင် ဆွန်းယောင်း"
"ဟင့်အင်း ကိုကိုလိုက်မပို့လည်း ဖြစ်ပါတယ် ငါဘာသာ ပြန်လိုက်မယ်။"
"ကိုယ်စိတ်မချဘူး"
ဂျောင်းဝန်းဝူက အဲ့လိုပဲ ဆွဲတင်လိုက် ရိုက်ချလိုက်နဲ့ လူကို အမြဲတမ်း မရေမရာ ဖြစ်စေတယ်။
တကယ်မကောင်းတဲ့လူ။"မင်းပဲ မချစ်ချင်တော့ဘူးဆို"
သူပြောခဲ့တဲ့ စကားနဲ့ ပြန်ချေပေကြည့်တော့ မျက်နှာဟာကွက်ခနဲ။
ဒါပေမဲ့ နောက်ဆက်တွဲ စကားတစ်ခွန်းကတော့ ဆွန်းယောင်း ဆယ်ထပ်တိုက်ပေါ်က လွှတ်ချလိုက်သလိုပဲ။"အန်တီတို့ မျက်နှာတွေရှိသေးတယ် ဆွန်းယောင်း၊ ပြီးတော့ တစ်ခုခုလမ်းမှာ ဖြစ်သွားရင် နှစ်ဖက်မိသားစု အဆင်မပြေဖြစ်ရလိမ့်မယ်။"
ဟုတ်သားပဲ ကိုကိုက ငါ့ကို မိဘတွေကြောင့် မိသားစုကြောင့် မျက်နှာသာပေး အရေးပေးခဲ့တာကို။
ငါကပဲ မသိခဲ့တာ။............
အိပ်ရာထက်မှာ ခွေနေတဲ့ ဆွန်းယောင်းဆီကို latte က ပွတ်သတ်ပြီး ကိုယ်ပေါ်ကို တက်ဖို့ကြိုးစားနေတော့သည်။
"ကိုကို စိတ်တွေမကြည်ပါဘူး latte ရာ ငြိမ်ငြိမ်လေးနေ"
ဆွန်းယောင်း လေးတိလေးကန်ပြောရင်းနဲ့ပဲ မျက်ရည်တွေက ကျလာပြန်တော့သည်။
ဒီနေ့ရဲ့ ဘယ်နှစ်ကြိမ်မှန်း မသိတဲ့ မျက်ရည်တွေပင်။တကယ် မေ့ပါမယ်ဆိုမှ ကျကျလာတဲ့ မျက်ရည်တွေ
"ဆွန်းယောင်း အောက်မှာ ဝန်းဝူရောက်နေတယ်"