Part - 5 🫀

541 20 12
                                    

(Unicode)

"ဒီမှာ ကိုမျိုးမင်း...ရှင်အခုလိုလုပ်လို့မရဘူး ဒီ Company ကလဲ ကျွန်မ မိဘတွေပိုင်တာ"

"မင်းမှားနေပြီနွယ်..."

"ရှင် ကျွန်မကိုနွယ်လို့ခေါ်စရာမလိုဘူး"

"ကောင်းပါပြီ ဒေါ်မိုးမဒီနွယ်...အခုမင်းက ဘာလိုချင်တာလဲ"

"ကျွန်မမိဘတွေလက်ထက်ထဲကပိုင်ဆိုင်ခဲ့တာတွေအကုန်ပြန်လိုချင်တယ်.."

"ဘယ်လို...မဖြစ်နိုင်တော့ဘူးနော် မိုးမဒီနွယ်"

"ဘာကိစ္စမဖြစ်နိုင်ရမှာလဲ..."

"ဘာလို့ဆို မင်းမိဘတွေက ငါ့နာမည်နဲ့ပဲအကုန်လွှဲပြောင်းခဲ့တာလေ။အဲ့တော့ မင်းနဲ့ဘာမှမဆိုင်ဘူး။မင်းလုပ်ရမှာက ဟောဒီကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးဖို့ပဲ"

"ကျွန်မမိဘတွေက ရှင့်နာမည်နဲ့ လွှဲပေးတယ်...မဖြစ်နိုင်လိုက်တာ..."

"မိုးမဒီနွယ် မင်းမယုံရင်ဒီမှာကြည့်"

ဦးမျိုးမင်း ပြစ်ပေးလိုက်တဲ့ဖိုင်ကိုကြည့်ရင်း ဒေါ်မိုးမဒီနွယ်၏မျက်ရည်တွေဝေ့တက်လာ‌သည်။

"ဒါပေမယ့် မင်းမစိုးရိမ်ပါနဲ့...သမီးရဲ့မျက်နှာလဲရှိသေးတာ‌ကြောင့် ရန်ကုန်က Company ကိုမင်းကိုလွှဲပေးဖို့ပြင်ပြီးသားပါ"

"ကျေးဇူးအထူးတင်ရှိပါတယ် ကိုမျိုးမင်း...ကျွန်မတို့နှစ်ယောက်က မိဘတွေသဘောတူလို့ လက်ထပ်ခဲ့ကြတာပဲ ကွာရှင်းတာက ရိုးရှင်းပါတယ်"

"အဲ့တာဆို အခုပဲကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြတာပေါ့"

. . . . . . . . . . . . . . . . . . .

မောင်တစ်ယောက် သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ ရတီ့ကိုကြည့်ရင်း ပြုံးမိသွားတယ်။ရတီ့ကိုမြင်ရတာ အန်တီပေါက်‌စလေးကိုမြင်နေရသလိုပဲ။ငေးနေရင်း သတိပြန်ကပ်ပြီး ကျောင်းသွားဖို့အတွက် ပြင်ဆင်ရန်စတင်လှုပ်ရှားတော့သည်။ရတီကတော့ ဒီနေ့တစ်ရက်ကျောင်းမတက်ချင်ဘူးဆိုတာကြောင့် သူမကိုတော့ မနှိုးပဲထားလိုက်တော့သည်။

ပြင်ဆင်ပြီးတော့ မနက်စာစားရန် အိမ်အောက်ထပ်ကိုဆင်းလာတော့ သူမအမေမျက်နှာ မကောင်းတာတွေ့လိုက်ရတော့ စိတ်ပူပန်သွားတော့သည်။

"မချစ်ရဘူးတဲ့လား အန်တီ" / "မခ်စ္ရဘူးတဲ့လား အန္တီ"Where stories live. Discover now