8

3.6K 69 3
                                    

Like a Flower – 8

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 

Omega_HEAT: Wattpad 

Omega_heat: Telegram

စေတမာန် ထွက်သွားသည်။လက်ပံ ကိုနည်းနည်ူမှလှည့်မကြည့်ဘဲပေါ့ လက်ပံ လည်ချောင်းတွေ ကွဲမတတ်အော်ဟစ်ပြီးခေါ်နေခဲ့ပေမဲ့ စေတမာန် ကလုံးဝ ပြန်လှည့်မလာခဲ့ပါဘူး

အရူးလိုအော်ငိုပြီး ထိုနေရာမှာပဲကျန်ခဲ့ရသည်။

“ခွေးမသား မင်းအခု တင်ထားတာတွေဖျက်ချပေးစမ်း”

“ကျုပ်ကဘာအတွက်ဖျက်ချပေးရမလဲ”

“မင်းလိုချင်တာဘာလဲ ဟေ့ကောင် ခွေးသူတောင်းစား ငါ့ညီဘဝကို ဘာကိစ္စ ဖျက်ဆီပစ်နေတာလဲ”

“ကျုပ်လိုချင်တာ ခင်ဗျားကျုပ်ရှေ့ ဒူးထောက်ပြီး ခြေသလုံးကိုဖက်ပြီးတောင်းပန်မယ်ဆိုရင် ဖျက်ချပေးမယ်”

“ဘာ…..မင်းလိုကောင်ကများ”

လက်ယာ ဖုန်ကိုချပစ်လိုက်သည်။ နောက် ဒီကောင်က ရက်နဲ့ နေရာကို မက်ဆေ့ချ်လှမ်းပို့ပြီး မလေးမစားပြုမူလိုက်သေးသည်။ ဒီကောင့်ကို ထောင်ထဲထည့်ဖို့အတွက် တရားစွဲခဲ့ပေမဲ့ ချက်ချင်း Vd ကပျံ့နှံ့ကုန်ပြီး လက်ပံ ကအလိုတူအလိုပါဖြစ်နေတာကပေါ်လွင်နေတော့ဘာမှမတတ်နိုင်ဘဲ အမှုပိတ်လိုက်ရသည်။ ဒီကောင့်ဘက်မှာလည်း အကောင်ကြီးတစ်ချို့ရှိနေတာလည်းပါသည်။

လက်ယာ လက်ပံ ရှိရာအခနသို့လျှောက်လာပြီတံခါးကိုဆွဲဖွင့်လိုက်သည်။ အဲ့ကောင်ဆီကပြန်ရောက်လာတဲ့ နေ့ကတည်းက ငိုပြီး အခန်းထဲမှာပဲနေနေခဲ့သည်။ထမင်းကိုအတင်းကျွေးရသလို ဆေးအမြဲတိုက်ပေးနေရသည်အထိ ဒီလိုသာဆက်သွားနေရင် လက်ပံ သေသွားလိမ့်မယ် ။ အဲ့ထက် လက်ပံ ရဲ့သိက္ခာအတွက် သူ့မာနကို နင်းချေပြီး အဲ့ကောင်ကို ဒူးထောက်တောင်းပန်ရအုံးမည် ။

“လက်ပံ…..မင်းအဲ့ကောင်ကို မင်းအသက်ထက်ချစ်တာလား ဟမ်”

“ဟင့် ကိုကို “

“ပြောစမ်းပါ “

“အင်း ချစ်တယ် စေတမာန် က အဲ့လိုလူမျိုးမဟုတ်ပါဘူး စေတမာန် ကကျွန်တော့်ကိုသိပ်ချစ်တာကိုကိုရဲ့ “

Like A Flower (Complete )Where stories live. Discover now