ဆော့ဝူဟျွန်းမှာ သေချာပေါက် အမွှာမရှိခဲ့။
ဟန်ဘင်း ငယ်ငယ်လေးကတည်းက ဆော့အိမ်တော်နဲ့ အဆက်ဆံရှိခဲ့တာလေ။ ဆော့ဝူဟျွန်းတောင် ဟန်ဘင်း လက်ပေါ်မှာ ကြီးခဲ့တာ။ ဆော့အမားကလည်း အမွှာမမွေးခဲ့။ ဟန်ဘင်းထင်တာ မမှားရင် ဝူဟျွန်းက ခွဲစိတ်တာရဲ့ နောက်ဆက်တွဲကြောင့် ခဏ အတိတ်မေ့သွားချိန်မှာ ကနေဒါရောက်ခိုက် ဆော့မက်သရူးဆိုတဲ့ အမည်ခံလိုက်ပုံပင်။
ဒါပေမယ့် သေချာပေါက် ဆော့မက်သရူးက ဆော့ဝူဟျွန်းအကြောင်း ပြောသွားခဲ့တယ်။
ဟန်ဘင်း ခေါင်းကို ခါထုတ်လိုက်ပေမယ့် နောက်ကျိနေတာတွေကတော့ လျော့မသွား။ ဟန်ဘင်း လက်လှမ်းမီရာ စုံစမ်းလိုက်တော့ ဆော့အမားဆော့အပါးပါ ကိုရီးယားကို ပြန်ရောက်လာပုံပင်။ ဟန်ဘင်းအတွက် တုန်လှုပ်စေတဲ့ သတင်းက သုံးနှစ်အရွယ်ကလေးတစ်ယောက်ပါလာတဲ့ သတင်းပင်။ ဆော့အမားနဲ့ ဆော့အပါးက အသက်ကြီးမှ.... မဖြစ်နိုင်။
သံသယတစ်ချို့ကို ဆုပ်ကိုင်ပြီး ဟန်ဘင်း မျိုးရိုးဗီဇစစ်ဆေးဖို့ ကြိုးပမ်းမယ့်အချိန်မှာပဲ ကလေးက တိုက်ဆိုင်စွာ ဂင်ဂျီဝန်းသား ဂယူလေးတက်နေတဲ့ စီအီးအိုပတ်ပိုင်တဲ့ မူကြိုမှာတဲ့။ စီအီးအိုတဖြစ်လဲ ညီတော်မောင် ပတ်ဂွန်ဝုကို အကျိုးအကြောင်းပြောကာ နားပူမတတ် အကူအညီတောင်းပြီးတဲ့နောက်မှာတော့ ဆော့အမားလာအပ်သွားတဲ့ ကလေးရဲ့ အချက်အလက်တစ်ချို့နဲ့အတူ DNA အတွက် လိုအပ်တဲ့ ဆံပင် သွားတိုက်တံ အကုန်ရခဲ့တယ်။ ဒါပေမယ့် စစ်ဆေးဖို့ မလိုအောင် ရခဲ့တဲ့ သက်သေက
"ဟိုင်း"
ဒုတ်ခနဲ ရင်ခုန်သံအချက်ပြမှု့နဲ့အတူ
"ဆော့မက်သရူး"
သေချာပေါက် ဆော့မက်သရူးပေါ့။ အပြုံးက လင်းထိန်နေပြီး နဖူးပေါ် ဝဲကျနေတဲ့ အနက်ရောင် ဆံပင်လုံးလုံးလေးနဲ့ တက်ကြွတဲ့ ဟန်အပြည့်။
"အစ်ကိုရော ကလေးကို လာကြိုတာလား"
"ဟင် မဟုတ် ဟိုဟာ.....မက်သရူးကရော"
"သားကို လာြကိုတာလေ.............သား ဒယ်ဒီ ဒီမှာ"
မက်သရူးဆီကို ပြေးလာခဲ့တဲ့ ယုန်ပေါက်လေးနဲ့အတူ